စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2) – Chapter (23)
ကုလန်သည် ချိုနန်၏အဆောင်ထဲဝင်လာပြီး ကုတင်ကိုမှီကာထိုင်နေသည့် ချိုနန့်ကို အေးစက်စက်ကြည့်လိုက်သည်။ ချိုနန်က သူ့ကိုတွေ့သည်နှင့် နှုတ်ခမ်းဖျားလေး ကော့ညွတ်ကာပြုံးလိုက်ပြီး နှုတ်ဆက်စကားဆိုခဲ့သည်။
"နောင်တော်ကုလန်.. မီရာက ကျွန်တော့်ကြောင့် ဒီနန်းတော်ထဲက ထွက်သွားတာပါ.. သူက နောင်တော့်စကားကို တမင်မလိုက်နာတာ မဟုတ်ပါဘူး.."
ကုလန်သည် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။
"မင်း ဘာကြောင့် မီရာ့ကို ယွမ်ချူးခန်လက်ထဲ ထည့်ပေးလိုက်တာလဲ.. ပြီးတော့ မင်း ဘာကြောင့် တမင်ချန်နေရစ်ခဲ့တာလဲ.. တိုလုအီကြောင့်လို့တော့ လာမပြောနဲ့.."
ချိုနန်က သဘောကျစွာရယ်မောလိုက်ပြီး ကုလန်ကို အထင်ကြီးစွာကြည့်လိုက်သည်။
"နောင်တော်က စစ်ဘုရင် ပီသပါပေတယ်.. ကျွန်တော်လုပ်ထားတဲ့ အရာအားလုံးကို ချက်ချင်းသိနိုင်တယ်.. ဒါပေမယ့် ကျွန်တော်က နောင်တော်တိုလုအီကြောင့် ဒီမှာကျန်နေရစ်ခဲ့တာပါ.."
ချိုနန်က ကုတင်မှထပြီး အောက်ကိုဆင်းမည်အပြု ယိုင်လဲကျသွားသည်။ ကုလန်က ချိုနန့်ကို ထူမပေးဘဲ အေးစက်စက် စိုက်ကြည့်ရုံသာကြည့်ပြီး မေးလိုက်သည်။
"ဒီအကြောပျော့အဆပ်ကို မင်းမဖြေနိုင်ဘူးလို့ မပြောနဲ့.. မင်း အဆိပ်ကို သုံးနိုင်တယ်ဆိုတာ ကျုပ်သိတယ်.."
ချိုနန်က ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး မိမိလျှို့ဝှက်ချက်ကိုသိနေသည့် နောင်တော်ကုလန်ကို သဘောကျစွာပြုံးရယ်ကာ ပြောလိုက်သည်။
"ကျွန်တော် ဘာကြောင့် မီရာ့ကို ထည့်လိုက်ရသလဲဆိုတော့... သူက မီရာရဲ့ ခင်မင်ရာမိတ်ဆွေအားလုံးကို အဆိပ်ခတ်လုပ်ကြံနိုင်လို့ပဲ.. ချူမိဖုရားကြီးနဲ့ ဝူမိဖုရားကြီးက သူ့ရဲ့သတိပေးချက်တွေပဲ.. သူခတ်ထားတဲ့အဆိပ်ကို မီရာတောင် မဖြေနိုင်ဘူး နောင်တော်ကုလန်.."
ကုလန်သည် ထိုစကားကိုကြားလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ESTÁS LEYENDO
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)
Ficción históricaစစ်နတ်ဘုရားရဲ့ အချစ်ဥယျာဉ် Season 1+2 တစ်မအေထဲက မွေးဖွားလာပေမယ့် ကြီးပြင်းရသည့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့စိတ်ဓါတ်၊ အတွေးခေါ်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားမယ်လို့ သင်တို့ထင်ပါသလဲ။ လူတစ်ချို့က ကိုယ့်လက်ထဲက အရာထက် အခြားလူလက်ထဲက အရာ...