Season (2) - Chapter (9) (z+U)

2.8K 301 54
                                    

ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ။


စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်- Season (2) – Chapter (9)


ဟီဒယ်သည် အစ်ကိုတော်ထန်လိုခိနှင့် 'တထန်'တိုင်းပြည်ကို  တိတ်တိတ်ဆိတ်ဆိတ် ပြန်လိုက်လာခဲ့သည်။ 'တထန်'ပြည်နယ်စပ်က ငွေလရောင်တောအုပ်ကိုရောက်တော့ ဟီဒယ်၏မျက်နှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ မိမိငယ်စဉ်က အစ်ကိုတော်နှင့်အတူ မြင်းစီးကာ အမဲလိုက်ခဲ့ကြသည့် နေရာဟောင်းက ရင်ထဲမှခံစားချက်ဟောင်းများကို နှိုးဆွပေးနေသလိုပင်။

ထန်လိုခိသည် ထိုကွင်းပြင်ကို စူးစူးစိုက်စိုက်ကြည့်ကာ နှုတ်ခမ်းမှ နူးညံ့စွာပြုံးပြီး ပြောခဲ့သည်။

"ကိုယ့်ဘဝတလျှောက်လုံး ညီမနဲ့အတူရှိခဲ့တယ် ဆိုပေမယ့်... ဒီငွေရောင်သစ်တောနဲ့ ကွင်းပြင်က ကိုယ့်အတွက် အမှတ်တရအဖြစ်ဆုံးနေရာပဲ.. ညီမကို ပထမဆုံး မြင်းစီးသင်ပေးခဲ့တဲ့နေရာ.. ပထမဆုံး အမဲလိုက်တတ်အောင် သင်ပေးခဲ့တဲ့နေရာ.."

ထိုစကားကိုကြားသော် ငွေလရောင်သစ်တောထဲ မြင်းနှစ်ကောင်နှင့် ဒုန်းစိုင်းစီးနေသည့် မိန်းကလေးနှင့် လုလင်ပျိုတစ်ဦးကို မြင်ယောင်ကာ ဟီဒယ်၏နှလုံးသားတို့ ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။

"ကျွန်မ.. ဒါတွေ မသင်ခဲ့ရင် ကောင်းမှာပဲ.."

"ဘာကြောင့်လဲ.. ညီမက ဒီလို မြင်းစီး မြားပစ်မှာ ပါရမီရှိတဲ့သူပါ.."

ထန်လိုခိက တုန်လှုပ်စွာပြောကာ ဟီဒယ်၏မျက်နှာကို အလန့်တကြား ကြည့်လိုက်သည်။ ဟီဒယ်က အဝေးကိုငေးပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"သင်တော့ကော.. ဘာများဖြစ်လာလို့လဲ.. ယောက်ျားတစ်ယောက်ရဲ့ ဇနီးသည်ဘဝနဲ့ ကလေးမွေးပြီး အိမ်ထဲမှာနေရမှာပဲ မဟုတ်လား.. ဘာများထူးသွားလို့လဲ.."

ဟီဒယ်၏စကားထဲမှ မွန်းကြပ်မှုကိုသိသော် ထန်လိုခိ စိတ်မကောင်းဖြစ်သွားသည်။ ထန်လိုခိက တည်ငြိမ်စွာစိုက်ကြည့်ကာ ရင်ထဲရှိသမျှ ဖွင့်ပြောလိုက်သည်။

"ညီမကို မွေးကင်းစကတည်းကနေ အစ်ကိုတော် သိခဲ့တယ်၊ ထိန်းခဲ့တယ်၊ ချီခဲ့တယ်.. အစ်ကိုသွားလေရာကို ညီမကို ခေါ်သွားခဲ့တယ်.. စစ်ရေးလေ့ကျင့်တဲ့နေရာ၊ မြင်းစီးလေ့ကျင့်တဲ့နေရာ.. ဒါကြောင့် ညီမက အစ်ကိုလုပ်သမျှကို စိတ်ဝင်စားပြီး ဒါတွေကို သင်ယူတတ်မြောက်လာခဲ့တယ်.. အစ်ကို့ဘဝမှာ စိတ်အကျေနပ်ရဆုံးအဖြစ်က အစ်ကို့ကိုယ်ပွားလို့ ပြောရလောက်တဲ့ ညီမကို ပျိုးထောင်ပေးနိုင်ခဲ့တာကိုပဲ.."

ဟီဒယ် ဘာမှမပြောသော်လည်း စိတ်အစဉ်က ငယ်ငယ်ကဘဝကို ပြန်ရောက်သွားလေပြီ။ ဟုတ်တာပေါ့..။ အစ်ကို့ကိုကြည့်ပြီး မြင်းစီး၊ ဓားခုတ်၊ မြားပစ်ကို ရူးသွပ်ခဲ့တာပေါ့..။ အခြားမိန်းကလေးတွေ သိမ်မွေ့နိုင်သမျှ သိမ်မွေ့စွာ ပြုမူနေထိုင်ခြင်းကို သင်ယူနေစဉ်မှာ မိမိက အစ်ကို့ကိုကြည့်ကာ လေးစားအားကျရင်း ထပ်တူဖြစ်အောင် ကြိုးစားခဲ့သည်။ ချွေးများ၊ သွေးများ၊ ပင်ပန်းဆင်းရဲမှုများဖြင့် ယောက်ျားလေးတို့ တတ်အပ်သည့် ပညာကို ထူးချွန်စွာ သင်ယူခဲ့သည်။

"ဦးရီးတော်က တားပေမယ့် မယ်မယ့်ရဲ့ဖျောင်းဖျမှုကြောင့် ကိုယ်တို့ ဆက်ပြီး လေ့ကျင့်ခွင့်ရခဲ့တယ်.. ဒီနေရာမဟုတ်လား.. ညီမ ပထမဆုံး အမဲကိုမိခဲ့တာ.. ညီမအတွက် အစ်ကို ဘယ်လောက်တောင် ဂုဏ်ယူခဲ့ရလဲသိလား.. ကျွန်တော့်ညီမက တစ်လောကလုံးကို ခါးစောင်းတင်ပစ်မယ့် ကောင်မလေးဗျလို့ အော်ဟစ်ပြီး ကြေငြာချင်လောက်အောင်ထိ ပျော်ခဲ့တယ်.."

ထန်လိုခိက ထိုစဉ်ကအခြေအနေကို ပြန်သတိရကာ တက်ကြွစွာပြောလိုက်သည်။ ဟီဒယ်သည် ထိုနေ့က မိမိကိုဖက်ကာ မွှေ့ရမ်းခဲ့သည့်အစ်ကို့ကို ပြန်သတိရလာပြီး ရင်ထဲ အေးစက်သည့်အရာတချို့ ပြိုကျသွားသလို ခံစားလိုက်ရသည်။

အစ်ကိုတော်ပြောသလို.. ဟီဒယ်၏ဘဝတွင် အစ်ကိုတော်က အထူးချွန်ဆုံး မင်းသားတစ်ပါးဖြစ်ခဲ့သည်။ ပတ်ဝန်းကျင်နိုင်ငံတဝန်း အစ်ကို၏ဂုဏ်သတင်းက မွှေးပျံ့ကာ သမီးရှင်များ မျက်စိကျစရာ လူတစ်ယောက်ဖြစ်ခဲ့သည်။

မိမိ ကလေးမလေးဘဝမှာပင် အစ်ကိုတော်က သမီးရှင်တို့မျက်စိကျသည့်၊ မိန်းမပျိုလေးတို့ စိတ်ကူးယဉ်ရသည့် ကိုလူပျိုမင်းသားတစ်ပါး ဖြစ်လို့လာလေပြီ။ ဟီဒယ့်အတွက် အစ်ကိုတော်က ဆရာလည်းဖြစ်သည်၊ သူငယ်ချင်းလည်းဖြစ်သည်၊ အစ်ကိုလည်းဖြစ်သည်၊ ပြီးတော့... လေးစားအားကျရသည့် တစ်ဦးတည်းသော......။

ဟီဒယ် ထိုသို့တွေးမိလိုက်သည်နှင့် ရင်ထဲ သိမ့်ခနဲဖြစ်သွားပြီး မေ့လျော့ထားခဲ့သော၊ တမင်ပိတ်ထားခဲ့သော အတိတ်တံခါးတို့ တစ်ချပ်ပြီးတစ်ချပ် ပွင့်ခဲ့လေတော့သည်။

အစ်ကိုတော်၏လက်ကို ဆုပ်ကိုင်ထားရစဉ်၊ အစ်ကို၏ ပွေ့ချီဝှေ့ယမ်းခံရလျှင် လေတိုးခံရသည့်ပန်းကလေးလို လှုပ်ခါသွားတတ်သည့် မိမိ၏စိတ်ဝိညာဉ်...၊ အစ်ကိုတော်၏အပြုံးကို ရလိုက်သည်နှင့် ပျော်ရွှင်မှုတို့ လွှမ်းခြုံသွားသလို လုံခြုံအေးချမ်းသွားရသည့် ခံစားချက်ဖြင့် ကြီးပြင်းလာသည့် ဟီဒယ်...။

တစ်နေ့သောအခါ ထန်နှင့် နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်မှ နယ်စားကြီးက သူ၏သမီးတော်ကို အစ်ကိုတော်နှင့်လက်ဆက်ကာ ထန်နိုင်ငံကို ပို့ဆောင်လာပြီဆိုသည့် သတင်းကြားသည်နှင့် ဟီဒယ် မိမိတိုင်းပြည်မှ အစောတလျင်ထွက်လာခဲ့သည်။ မိမိရောက်ကြောင်း အသိမပေးဘဲ အစ်ကိုတော့်ထံ တိုက်ရိုက်သွားခဲ့ပေမယ့် မြင်လိုက်ရသည့်မြင်ကွင်းက ဟီဒယ့်ကို ရင်ခွဲပြီး ဆားပက်လိုက်သလို ခံစားသွားရစေသည်။

လှပသောမိန်းမပျိုလေးက အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး အစ်ကိုတော်၏အိမ်တော်ထဲ အခြွေအရံများနှင့် ဝင်ရောက်သွားခဲ့လေပြီ။ ထိုမြင်ကွင်းက ဟီဒယ့်ကို ကျောက်ရုပ်လိုဖြစ်သွားစေပြီး အသက်ကင်းမဲ့သည့် အရုပ်လို ဖြစ်သွားစေသည်။

"ပြန်မယ်.."

ဟီဒယ်၏စကားကြောင့် လိုက်လံပို့ဆောင်သည့် ကိုယ်ရံတော်က အံ့အားသင့်သွားပြီး မင်းသမီးလေးကို လှည့်ကြည့်လိုက်တော့ သခင်မလေး၏မျက်ဝန်းထဲမှ အေးခဲသွားသည့်အရိပ်ကို တွေ့လိုက်ရပြီး ဘာမှမပြောဘဲ တပ်ကိုပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။

'တထန်'မင်းသား၏ လက်ဆက်ပွဲကိုလာသည့် မင်းသမီးလေးက မင်္ဂလာပွဲကိုမဝင်ဘဲ လျံပြည်ကို ပြန်လှည့်လာခဲ့သည်ကို ကျန်စစ်သည်များ နားမလည်ခဲ့သော်လည်း အတွေ့အကြုံများသည့် စစ်သူကြီးက ကောင်းစွာနားလည်သွားခဲ့သည်။

ဟီဒယ်သည် မင်္ဂလာပွဲမှပြန်လာပြီးနောက် အပြင်းဖျားတော့သည်။ နေမကောင်းသည့်သတင်းကိုကြားသော် အစ်ကိုတော်က မကြာခဏ လာကြည့်သော်လည်း ဟီဒယ် ရှောင်လို့သာနေသည်။ နောက်ပိုင်း ထန်မင်းကြီးက သားတော်ကို နန်းတွင်းထဲမှအလုပ်ကို တရားဝင်တာဝန်ပေးအပ်ကာ ပတ်ဝန်းကျင်နယ်ကို ချဲ့ထွင်စေသည်။ ထန်မင်းသား၏ဂုဏ်သတင်း ကြီးမားလာသည်နှင့်အညီ ထန်မင်းသား၏အနောက်ဆောင်တွင် အရံကြင်ယာတော်နှင့် ကိုယ်လုပ်တော်များ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။

ထိုသတင်းကိုကြားသော်လည်း ဟီဒယ် မတုန်မလှုပ်ဖြင့် နားထောင်နေတတ်သည်။ ဟီဒယ်၏ အမူအယာ ပြောင်းလဲသည်ကို ထန်လိုခိ သတိပြုမိသော်လည်း သာမန်မိန်းမငယ်လေးများ၏ အရွယ်ပြောင်းတော့ စိတ်ပြောင်းသည်ဟုသာ သဘောထားခဲ့သည်။ နောက်ပိုင်း ဟီဒယ် ငွေတောင်ပြည်ကို ပညာသင်ခွင့်ရရန် ခမည်းတော်ကို ခွင့်တောင်းပြီး တစ်ခါတည်း ထွက်လာတော့သည်။ နှလုံးသားတံခါးကိုလည်း တစ်ခါတည်းပိတ်ကာ ကွဲကြေသွားသည့် စိတ်ကူးထဲမှအချစ်ကို သော့ခတ်သိမ်းဆည်းထားလိုက်တော့သည်။

ငွေတောင်ပြည်သို့ရောက်သော် ဆူမီရာ၊ ချူလူလူတို့နှင့်တွေ့ကာ စိတ်သစ်၊ လူသစ်နှင့် မိန်းမငယ်လေးဘဝကို တဖြည်းဖြည်း ဖြတ်သန်းလာစဉ် စာပေပညာတော်ပြီး အနေအထိုင်တည်ကြည်သည့် ဝူတိုင်းပြည်မှ မင်းသားဂျူဒါအမ်းက ဟီဒယ်၏ စံပြ သဘောကျရသည့် လူရွယ်တစ်ဦး ဖြစ်လာခဲ့သည်။

နောက်ပိုင်း ငွေတောင်ပြည်ကို အစ်ကိုတော်ထန်လိုခိ လာရောက်တက်ရောက်သည့်အချိန်ဝယ် ဟီဒယ် တချို့အကြောင်းအရာများကို မေ့ပျောက်ခဲ့ပြီး ဂျူဒါအမ်းကို သဘောကျသည့် မိန်းကလေးတစ်ဦး ဖြစ်နှင့်ခဲ့လေပြီ။

ဟီဒယ်သည် ငွေလရောင်တောအုပ်ကိုမြင်မှ မိမိမေ့လျော့ခဲ့သည့် အတိတ်ကို ပြန်မှတ်မိသွားပြီး ပထမဆုံးအချစ်ဦးက ဂျူဒါအမ်းမဟုတ်သည်ကို ကောင်းစွာ သဘောပေါက်သွားတော့သည်။ ကံတရားက ထူးခြားဆန်းကြယ်လွန်းလှသည်။ မိမိ၏ငယ်ချစ်ဦးက မိမိကို လက်ထပ်ခွင့်ရရန် အသည်းအသန် ဖိအားပေးနေရသည့် အခြေအနေကို ကြုံတွေ့နေရတာ တကယ် ထူးဆန်းလွန်းလှသည်ဟု ဟီဒယ် ထင်မိသည်။

ထန်လိုခိသည် ဟီဒယ်၏မျက်နှာပြင်ပေါ်က အကဲခတ်မရအောင် ထူးဆန်းသည့်အရိပ်ကိုတွေ့သော် သက်ပြင်းချလိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"ကိုယ့်ဘဝမှာ ညီမကလွဲပြီး ဘယ်သူနဲ့မှ လက်မဆက်ချင်ခဲ့ဘူး.. ညီမကို ထိပ်ဆုံးကိုမြှင့်တင်ဖို့ ကိုယ် လှေခါးထစ်ပေါင်းများစွာကို နင်းတက်ခဲ့ရတယ်.. ကိုယ့်ရဲ့အနောက်ဆောင်က ကိုယ်လုပ်တော်တွေက လှေကားထစ်တွေပဲ.."

ထိုစကားကိုကြားသော် ဟီဒယ် သူ့မျက်လုံးထဲစိုက်ကြည့်ကာ မေးလိုက်သည်။

"အစ်ကို.. သူတို့ကို မချစ်ခဲ့ဘူးလား.."

"အစ်ကို့အချစ်က ညီမတစ်ယောက်တည်းအတွက်ပဲ သီးသန့်သိမ်းထားတာ.."

ထိုစကားကိုကြားသော် ဟီဒယ် သက်ပြင်းရှိုက်ကာ နာကျင်စွာပြောလိုက်သည်။

"ယောက်ျားတွေက မချစ်လည်း မိန်းမပေါင်းများစွာနဲ့ သွေးသားဖလှယ်နိုင်တာပဲ.. အချစ်က သူတို့အတွက် သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ သွေးသားဆန္ဒသာသာလောက်ပဲ ထင်ပါရဲ့.. ဘဝတက်လမ်းအတွက် လှေကားထစ်လည်း ဖြစ်နိုင်တာပဲ.."

ဟီဒယ်၏စကားကိုကြားသော် ထန်လိုခိ မျက်မှောင်တွန့်ကာ ကန့်ကွက်လိုက်သည်။

"မဟုတ်ဘူး.. ဒီစကားက တခြားသူတွေအတွက် ဖြစ်ချင်ဖြစ်မယ်.. ကိုယ့်အတွက်က မမှန်ဘူး.. ကိုယ့်အတွက် အချစ်က လမ်းပြကြယ်ပဲ.. အချစ်က ဟိုး.. မိုးကောင်းကင်အမြင့်မှာရှိနေတဲ့ ကိုယ်တန်ဖိုးထားရတဲ့ ရတနာ.. ဒီရတနာဆီရောက်ဖို့ ကိုယ်ကိုယ်တိုင်နဲ့ အခြားအရာတွေကို လှေကားထစ်လုပ်ပြီး တက်လှမ်းခဲ့တာ.. မင်းလေးကိုရဖို့ ကိုယ် အရာအားလုံး စတေးခဲ့တယ် ဟီဒယ်.. ဒါတွေက မင်းကိုချစ်လို့.. မင်းကို ဘယ်သူမှမလှမ်းနိုင်တဲ့ ဟိုးအမြင့်ဆီရောက်ဖို့ ကိုယ်ကြိုးစားနေတာပဲ.."

ဟီဒယ်သည် အစ်ကို့ကိုငေးစိုက်ကြည့်ကာ အသာပြောလိုက်သည်။

"တကယ်လို့.. အမြင့်ဆုံးက ကျွန်မ မနေချင်တဲ့နေရာ ဖြစ်နေရင်ကော..."

"အရာအားလုံးကို ဖြိုချပြီး ညီမနေချင်တဲ့နေရာကို အတူသွားမယ်.."

ခိုင်မာပြတ်သားသည့်သူ့စကားများက ဟီဒယ် ပိတ်ထားသည့်နှလုံးသားအကန့်အားလုံးကို ဟင်းလင်းပွင့်သွားစေတော့သည်။ ဟီဒယ်၏မျက်ဝန်းများ တဖြည်းဖြည်းလင်းလက်လာသည်ကိုကြည့်ပြီး ထန်လိုခိ ပျော်ရွှင်သွားသည်။ မိမိကြိုးစားသမျှ အရာထင်ခဲ့လေပြီ။ ထိုစဉ် မိမိတို့ပတ်ဝန်းကျင်တွင် မီးခိုးများ ရုတ်တရက်လွင့်ပျံလာသဖြင့် ထန်လိုခိ မျက်နှာပျက်ကာ အော်ဟစ်သတိပေးလိုက်သည်။ ဟီဒယ်မှာ အဆိပ်ငွေ့ကိုရှူမိပြီး မူးဝေလာခဲ့သည်။

"သတိ.. ရန်သူတွေ အဆိပ်ငွေ့နဲ့ တိုက်ခိုက်နေပြီ.. အငွေ့တွေ မရှူမိစေနဲ့.."

သို့သော် ထန်လိုခိ၏တပ်သား တစ်ဝက်ကျော်က အဆိပ်ငွေ့ကြောင့် မြေပြင်ပေါ် လဲကျကုန်လေပြီ။ ထန်လိုခိသည် မြင်းပေါ်မှပျော့ခွေကျလာသော ဟီဒယ့်ကို လှမ်းပွေ့ကာ မိမိမြင်းပေါ်တင်လိုက်ပြီး ဖောက်ထွက်ရန် အမိန့်ပေးလိုက်သည်။

"အားလုံး ဖောက်ထွက်မယ်.."

သို့သော် ထန်လိုခိတို့ ဖောက်ထွက်သည့်လမ်းကြောင်းက ရန်သူဆင်ထားသည့် ထောင်ချောက်တည့်တည့် ဖြစ်လို့နေသည်။

"လက်နက်ချပြီး အသာတကြည် အဖမ်းခံပါ အရှင့်သား.."

လေးမြားနှင့် ချိန်ရွယ်ထားသည့်၊ အနီ အနက်ဖြင့် ယက်ထားသည့် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်စုက အဆိပ်လူးမြားနှင့်ချိန်ရွယ်ထားစဉ် ထန်လိုခိ အံကြိတ်ကာ ဓားရှည်ကို မြေပြင်ပေါ် ပစ်ချလိုက်တော့သည်။ မိမိတစ်ဦးတည်းဆိုလျှင် ဖောက်ထွက်နိုင်သော်လည်း သူမလေးပါနေသောကြောင့် အားမတန်ကာ မာန်လျှော့လိုက်ရတော့သည်။

ဤသို့ဖြင့် ငွေလရောင်တောအုပ်ထဲဝင်သွားသည့် ထန်တပ်ဖွဲ့များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။

••••••••••••••••••••••••••••••

"ခင်ဗျား ဘယ်သူလဲ.. ဘာ့ကြောင့် ကျွန်တော့်ကို သိနေတာလဲ.."

ချူလူလူသည် ထူးဆန်းကာ ချောမောလှပသည့် လူရွယ်ကိုကြည့်ရင်း ကြောက်ရွံ့စွာ ထပ်မံမေးလိုက်သည်။ ဘဝမှာ ပထမဆုံးအကြိမ် ရုပ်ရည်ချောပြီး ကြောက်စရာကောင်းသောသူကို တွေ့ကြုံလိုက်ရခြင်းဖြစ်သည်။

"မင်းရဲ့ ဗျပ်စောင်းသံကို မြတ်နိုးမိသူတစ်ယောက်ဆိုတော့ မင်းကိုသိတာ မဆန်းပါဘူး.. ကဲ.. မင်းကိုစောင့်နေတာကြာပြီ.. သွားကြစို့.."

ထိုလူက လိုရင်းကိုပြောပြီး လက်ကို တစ်ချက်ယမ်းလိုက်စဉ် မွှေးပျံ့သောရနံ့ကို ရှူလိုက်ရပြီး ချူလူလူ မြေပြင်ပေါ် လဲကျသွားတော့သည်။

"အိပ်.. ဆေး.. ငွေ့.."

"မင်း ဗဟုသုတရှိသားပဲ.. မဆိုးဘူး.. စိတ်ဝင်စားဖို့ကောင်းတယ်.."

ထိုလူရွယ်က လျှပ်စီး၏အလျင်နှုန်းဖြင့် မြေပြင်ပေါ်ပြိုလဲကျလာသည့် ချူလူလူကို ဆီးပွေ့ကာ ပြောလိုက်သည်ကို သတိမလစ်ခင် ချူလူလူ နောက်ဆုံးကြားလိုက်ရသည်။ ချူလူလူ သတိရလာတော့ သပ်ရပ်လှပသောအိပ်ခန်းထဲ ရောက်လို့နေသည်။ အိပ်ယာမှထထိုင်လိုက်တော့ လန်းဆန်းနေပြီး မူးဝေထိုင်းမှိုင်းခြင်းမရှိသဖြင့် အိပ်ဆေးငွေ့ပျယ်သွားပြီဖြစ်ကြောင်းသိကာ ကုတင်ပေါ်မှဆင်းလိုက်စဉ် မိမိကိုယ်ပေါ်၌ အနီရောင်၊ အနက်ရောင်ဖြင့် လှပစွာယက်လုပ်ထားသော ချည်ချောဝတ်စုံအကောင်းစားကို ဝတ်ဆင်ပြီးလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ မိမိကိုခေါ်လာသည့်လူက သူ့လူမျိုးစုဝတ်စုံကို ဝတ်ဆင်ပေးထားပုံရသည်။

ချူလူလူ ထရပ်ကာ တံခါးဆီလျှောက်လာစဉ် တံခါး ရုတ်တရက်ပွင့်သွားပြီး မိမိကိုခေါ်ဆောင်လာသည့် လူရွယ်ကို ရိုးရာဝတ်စုံဝတ်လျက်သား တွေ့လိုက်ရသည်။ ဆံပင်များကို ကျစ်ဆံမြီးသေးသေး ကျစ်ထားပြီး ချထားသည့် လူရွယ်၏ကိုယ်မှ လွှမ်းမိုးနိုင်စွမ်းတို့ တရှိန်ရှိန်ထွက်နေသလိုပင်။ သူ့နောက်တွင် အနီရောင် အစေတော်ဝတ်ရုံဝတ် မိန်းကလေးများက ဟင်းလျာဗန်းများသယ်ကာ စားပွဲတွင် ခင်းကျင်းလိုက်သည်။ အေးမြသောလေထုထဲ အရသာရှိပုံရသည့်ဟင်းရနံ့တို့ မွှေးပျံ့လာစဉ် ချူလူလူ၏ဗိုက် တကြုတ်ကြုတ်မြည်လာတော့သည်။

လူရွယ်က လက်ယမ်းပြတော့ အခြွေအရံအားလုံး ပြန်ထွက်သွားပြီး တံခါးပိတ်ပေးထားခဲ့သည်။ လူရွယ်က ဟင်းလျာများကို တောက်ပစွာကြည့်နေသည့် ချူလူလူကို သဘောကျစွာစိုက်ကြည့်ကာ ပြောလိုက်သည်။

"စားကြစို့.. မင်း ဆာနေရောပေါ့.. သုံးရက်တိတိ အိပ်ပျော်သွားခဲ့တာ ဆိုတော့..."

"ဘာ.. သုံးရက်တိတိ ဟုတ်လား.. အခု ဘယ်နေရာမှာလဲ.."

"နန်ကျောင် ကျောက်တောအုပ်မဟုတ်တာ အမှန်ပဲ.. ကိုယ် တောင်ပေါ်ဒေသကအိမ်ကို ခေါ်လာတာ.."

"ခင်ဗျားက.. ယွမ်ချူးခန်ရဲ့ လက်အောက်ခံလား.."

"မဟုတ်ဘူး.. ကျုပ်တို့ဝင်္ကပါမြိုင်က ဘယ်သူ့တိုင်းပြည်ရဲ့ လက်အောက်ခံမှ မဟုတ်ဘူး.. ကဲ.. ဗိုက်အရင်ဖြည့်ကြစို့.. မင်းသိချင်တာ ပြီးရင် အားလုံးပြောပြမယ်.."

ချူလူလူက ဘာမှမပြောတော့ဘဲ ထမင်းဝိုင်းတွင်ထိုင်ကာ ရေနွေးတစ်ခွက်ကို အရင်သောက်လိုက်သည်။

"ရေနွေးကြမ်းက အရသာရှိလိုက်တာ.."

"ဒီတောင်ပေါ်ကရေကြောင့် အရသာရှိတာ.. ကဲ ပူတုန်းစားလိုက်ဦး.."

ချူလူလူက ခေါင်းမဖော်တမ်း စားသောက်တော့ သူက မြတ်နိုးစွာစိုက်ကြည့်ကာ မေးလိုက်သည်။

"ကျုပ် အဆိပ်ခတ်ထားမှာ မကြောက်ဘူးလား.."

"ခင်ဗျားလက်ထဲ ရောက်နေတဲ့လူကို ဘာကြောင့် အဆိပ်ခတ်မှာလဲ.."

ချူလူလူ၏တန်ပြန်အမေးကြောင့် သဘောတကျရယ်မောကာ မှတ်ချက်ချလိုက်သည်။

"မင်းက ဉာဏ်ထက်ပြီး ချစ်ဖို့ကောင်းတယ်.."

"လူတိုင်းကို ဒီလိုပဲ ပြောတတ်တာလားဗျ.."

ချူလူလူက ပလုပ်ပလောင်းစားရင်း မျက်လွှာပင့်ကာ မိမိကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသော ကိုလူချောကို မေးလိုက်သည်။ သူက ခေါင်းရမ်းလိုက်ရင်း..

"မင်းတစ်ယောက်တည်းကို ပြောတာ.."

"ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို ဖမ်းခဲ့တာလဲ.."

"မင်းရဲ့စောင်းပညာကို မြတ်နိုးလို့.. အမြဲတမ်း.. မင်းလက်သံကို နားဆင်နိုင်ဖို့ ခေါ်လာတာ.."

"ကျွန်တော် ခင်ဗျားရဲ့အခြွေအရံတွေကို စောင်းပညာသင်ပေးမယ်.. ဒါဆို ခင်ဗျား ဒီလက်သံကို နားထောင်လို့ရပြီ.. သင်ပေးပြီးရင် ကျွန်တော့်ကိုလွှတ်ပေးတော့.."

"ကျုပ်က မင်းလက်ချောင်းကထွက်လာတဲ့ လက်သံကိုပဲကြားချင်တာ.. တကယ်လို့ ဒီတေးသံကို တခြားလူကတီးခတ်လာရင် သူတို့လက်ချောင်းတွေကို ခုတ်ဖြတ်ပစ်မယ်.."

ချူလူလူသည် ထိုသူ၏ ရက်စက်သောစကားကြောင့် သက်ပြင်းချကာ မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့်လက်သံကို နားထောင်ချင်တာတစ်ခုကြောင့်ပဲ ဖမ်းခေါ်လာတာမှ ဟုတ်ရဲ့လား.."

"မဟုတ်ဘူး.. မင်းကို သဘောကျလို့ ခေါ်လာတာ.."

"ဟေ့လူ.. ကျွန်တော်က ယောက်ျားလေးဗျ.."

"သိတယ်.. မင်းကို ကျုပ်ကိုယ်တိုင် အဝတ်လဲပေးထားတာ.. မင်း ယောက်ျားစစ်စစ်ဆိုတာ သိပြီးသား.."

"အာာ.."

ထိုလူ၏စကားကြောင့် ချူလူလူ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။

"ကျွန်တော် ယောက်ျားလေးတွေကို စိတ်မဝင်စားဘူးဗျ.."

"မင်း စိတ်ဝင်စားဖို့မလိုဘူး.. ကျုပ် မင်းကို စိတ်ဝင်စားရင်ရပြီ.."

ချူလူလူ စိတ်ပျက်လက်ပျက်ဖြင့် သူ့ကိုကြည့်ကာ ပြောစရာစကားတို့ ပျောက်ရှသွားတော့သည်။ သူ့ပုံစံက ယောက်ျားပီသသည့်ပုံဖြစ်လျက် ဘာကြောင့် အမျိုးသားတွေကို သဘောကျတာလဲ။

"ကျုပ်တို့လူမျိုးတွေက သဘောကျနှစ်သက်ရမယ့်လူကို ကျား၊မ ခွဲခြားသတ်မှတ်မထားဘူး.. မင်းသဘောကျရင် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လက်တွဲလို့ရတယ်.. မင်းက ကျုပ် လက်တွဲဖို့ ရည်ရွယ်ထားတဲ့သူပဲ.."

ချူလူလူ၏အတွေးကို ကြိုမြင်သလို သူ ရှင်းပြလာတော့ ချူလူလူ ခေါင်းယမ်းကာ ထမင်းသာ ငုံ့စားလိုက်တော့သည်။ ဗိုက်ဖြည့်ပြီးမှ ဒီလူကို နားချတော့မည်ဟုတွေးကာ အားရှိဖို့ အစားသာ အာရုံစိုက် စားလိုက်ခြင်းဖြစ်သည်။

"ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ.."

"ချိုစန်း.."

"ခင်ဗျားက ဒီမျိုးနွယ်စုရဲ့ သခင်လား.."

"အင်း.."

ချူလူလူစားပြီးသည်အထိ ချိုစန်းက ရေနွေးသောက်ကာ တစိမ့်စိမ့်ငေးကြည့်နေသည်။ ချူလူလူက သူ့မျက်ဝန်းထဲကိုကြည့်တော့ သဘောကျနှစ်သက်ခြင်းကလွဲပြီး အခြား ညစ်ညမ်းသော အရိပ်အယောင် မတွေ့ရသောအခါ စိတ်သက်သာရာရသွားကာ မိမိဘဝအခြေနေ မဆိုးသေးဟုတွေးရင်း သက်ပြင်းကို တိတ်တဆိတ်ချလိုက်မိသည်။ ဒါပေမယ့်... ချိုစန်းတို့လူမျိုးစု၏ သဘာဝကိုသိလျှင် ချူလူလူ ဒီလို စိတ်အေးနေနိုင်မှာမဟုတ်တာ သေချာသည်။

••••••••••••••••••••••••••••••

ချူလူလူ စားပြီးနောက် သူ့ကို တောင်းဆိုလိုက်သည်။

"ကျွန်တော် အပြင် လမ်းလျှောက်ထွက်ချင်တယ်.."

"သွားကြတာပေါ့.."

သူက သဘောကောင်းစွာခေါ်လာပြီး တံခါးကိုဖွင့်လိုက်ပြီး ချူလူလူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သဖြင့် ချူလူလူ သူ့ကို ငြင်းလိုက်သည်။

"ကျွန်တော် ကလေးမဟုတ်ဘူး.. ကျွန်တော့်လက်ကို လွှတ်ပါ.."

"မင်းကို လက်တွဲမထားရင် ဒီအဆောင်ကနေ မင်း အပြင်ကို ထွက်နိုင်မှာမဟုတ်ဘူး.. ဘာကြောင့်လဲဆိုတော့ ဒီအဆောင်ကနေ ဥယျာဉ်ထဲကို ဝင်္ကပါဆင်ထားလို့ပဲ.."

"မဖြစ်နိုင်တာ.. ကျွန်တော်လည်း ကျောင်းတော်မှာ ဝင်္ကပါအခြေခံကို သင်ခဲ့ရပါတယ်.. ခင်ဗျားဝင်္ကပါက ကျွန်တော့်ကို ချုပ်ထားနိုင်မှာမဟုတ်ဘူး.."

ချိုစန်းသခင်လေးက ပြုံးရယ်ကာ ချူလူလူ၏လက်ကို လွှတ်လိုက်ပြီး သွားစေသည်။ ချူလူလူက သူ့ကိုကျော်ကာ အဆောင်ပြင်ကို အကဲခတ်လိုက်သည်။ ကျောက်တုံး၊ ကျောက်ဆောင်တု၊ လမ်းနှင့် မြက်ခင်းပြင်ကိုကြည်ပြီး ချူလူလူ သေချာရွေးကာ ကျောက်တုံးခင်းထားသည့်နေရာကို ခြေချလိုက်စဉ် ရုတ်တရက် မိမိပတ်ဝန်းကျင် ပြောင်းသွားသလို ခံစားလိုက်ရပြီး နောက်ကိုလှည့်ကြည့်တော့ မိမိနေသည့်အဆောင်နှင့် ချိုစန်းသခင်လေးကို မတွေ့ရတော့ဘဲ တောင်ကမ်းပါးစွန်းကိုသာ တွေ့လိုက်ရတော့သည်။ ချူလူလူ အံကြိတ်ကာ ရှေ့ကို တစ်လှမ်းဆက်တိုးလိုက်စဉ် ပြင်းထန်သော လေတိုက်ခတ်ခြင်းကို ခံလိုက်ရပြီး နောက်ကချောက်ထဲကို ကျမလိုဖြစ်သွားသည်။

"ဒါက အမြင်အာရုံကို လှည့်စားထားတာပါ.. တကယ်မဟုတ်ဘူး.."

ထိုသို့တွေးပြီး ချူလူလူ ချောက်ထဲကို ခုန်ချလိုက်သည်။ အသည်း အေးခနဲဖြစ်သွားပြီး တကယ်ပဲ ချူလူလူ ချောက်ထဲကို ပြုတ်ကျသွားတော့သည်။

"အား..."

ချူလူလူ ကြောက်လန့်တကြား မျက်လုံးကိုမှိတ်ကာ စိတ်ထဲ နောင်တတို့ ရေးရေးဝင်လာစဉ် မိမိကို တစ်စုံတစ်ဦးက ခါးမှပွေ့ကာ နံရံကိုကန်ပြီး အပေါ်တက်သွားသည်ကို ခံစားရတော့ မျက်လုံးဖွင့်ကြည့်လိုက်စဉ် ချိုစန်းက မိမိခါးကို သိုင်းဖက်ကာ ချောက်ကမ်းပါးစွန်းမှာ ခြေချလျက်သားဖြစ်နေပြီး သူရပ်သည့် နေရာပတ်လည်တွင် အချိန်မရွေးပြိုကျနိုင်သည့် အစွန်နေရာဖြစ်လို့ ချူလူလူ သူ့ကို အားကိုးတကြီးဖက်ထားကာ မေးလိုက်သည်။

"ခင်ဗျားပြောတော့ ဝင်္ကပါဆို.. ဒါ.. စိတ်ကိုလှည့်စားထားတာ မဟုတ်ဘူးလား.."

"စိတ်ကိုလှည့်စားတဲ့ ဝင်္ကပါလို့ ပြောမိလို့လား.. ဒါ သဘာဝတရားကို အခြေခံပြီး တည်ဆောက်ထားတာ.. မင်းမြင်ဖူးတဲ့ ကလေးကစားတဲ့ ဝင်္ကပါမျိုးမဟုတ်ဘူး.."

ထိုသို့ပြောပြီး ချိုစန်း နံဘေးကိုလှမ်းခုန်ကာ ခြေချလိုက်စဉ် ခြံဝန်းနှင့်ကျောက်ခင်းလမ်းကို ပြန်တွေ့လိုက်ရသည်။ သူက ချူလူလူ၏ခါးကို လက်တစ်ဖက်နှင့်ပွေ့ကာ နေရာ အကျဉ်းအကျယ် မတူညီစွာလျှောက်လာရင်း ခြံပြင်ကို ရောက်လာတော့သည်။

"ကဲ.. ဒီလမ်းတော့... မင်း လျှောက်လို့ရပြီ.."

သူလွှတ်ပေးလိုက်မှ ချူလူလူ သက်ပြင်းရှိုက်မိသည်။

"ဒါ.. ဘယ်လိုဝင်္ကပါတည်ဆောက်ပုံလဲ.. ကြောက်စရာကောင်းလိုက်တာ.."

"မင်း စိတ်ဝင်စားရင် သင်ပေးမယ်လေ.. မင်း ကိုယ်နဲ့လက်ဆက်ပြီးရင် ဖွားဖွားကြီးက ဒါကို သင်ခွင့်ပေးမှာပါ.."

"ဘာ.. ဘယ်က ခင်ဗျားနဲ့လက်ဆက်တာ ပါလာတာလဲ.."

ချိုစန်းက သူ့ကို ခပ်ပြုံးပြုံးနှင့် ထပ်ပြောလိုက်သည်။

"မင်းကို ကိုယ့်ရဲ့ခင်ပွန်းအဖြစ် လက်ထပ်ထားပြီး မျက်စိရှေ့မှာထားဖို့ ဆုံးဖြတ်လိုက်ပြီ.. မင်းက စောင်းပညာတော်တဲ့အပြင် မင်းအထိအတွေ့က ကိုယ့်ကို ရင်ခုန်စေတယ်.. မင်းကို လိုချင်လာမိပြီ.."

ထိုစကားကို ပုံမှန်လေသံနှင့် ပြောနေသည်ကိုကြားသော် ချူလူလူ လာနောက်နေသလားဟု ထင်မိသော်လည်း သူ့မျက်လုံးထဲမှ မီးလျှံတစ်ချို့ကိုတွေ့တော့ တွန့်သွားတော့သည်။

"ခင်ဗျား.. ခင်ဗျားက မိန်းမစိတ်ပေါက်နေတာလား.. ကျွန်တော့်ကို ခင်ပွန်းအဖြစ် ယူမယ်ဆိုတော့..."

"မင်းက ယောက်ျားလေးမို့ ခင်ပွန်းလို့သုံးနှုန်းတာပါ.. တကယ်တော့.. မင်းကို ကျုပ်ရဲ့အောက်မှာ ထားချင်တာ.."

"ဘာ.. ခင်ဗျား!.. ခင်ဗျား!!.."

"ကဲ.. ဥယျာဉ်ထဲဝင်ကြစို့.. ဒီဥယျာဉ်ရဲ့ဝင်္ကပါက ပိုအဆင့်မြင့်လို့ အမှားမခံဘူး.. ဒါကြောင့် မင်းကို ကျုပ် ချီသွားမှဖြစ်မယ်.."

"အာ.. မလိုဘူး.. ခင်ဗျားလက်ကိုပဲ တွဲထားမယ်.."

"မရဘူး.. လမ်းက လူတစ်ယောက် ခြေချစာပဲရှိတယ်.. မင်းက ကျုပ်ရဲ့ အနာဂတ်သတို့သမီးပဲ.. မရှက်ပါနဲ့.. ကဲ.. လာ.."

ချူလူလူက ဘာမှမငြင်းဆန်နိုင်ခင် သူက ဆတ်ခနဲပွေ့လိုက်သဖြင့် ပြုတ်မကျအောင် သူ့လည်ပင်းကို သိုင်းဖက်လိုက်ရတော့သည်။ သူက စကားမဆိုတော့ဘဲ ဆက်တိုက် ဥယျာဉ်ထဲလျှောက်လှမ်းကာ ဝင်လာတော့သည်။ ရှေ့တိုးနောက်ဆုတ်လုပ်လိုက်၊ ဘေးကိုလျှောက်လိုက်နှင့် သွားသည့်လမ်းတလျှောက် ရှုခင်းက မျိုးစုံပြောင်းလဲသွားခဲ့သည်။ တစ်ခါတစ်ရံ ဥယျာဉ်ပေါ်လာလိုက်၊ တစ်ခါတစ်ရံ ရွှံ့နွံတော၊ တစ်ခါတစ်ရံ ချောက်နံဘေး..။ ရှုခင်းမျိုးစုံပြောင်းပြီးမှ နောက်ဆုံး ဥယျာဉ်နှင့် နားနေဆောင်ကို တွေ့ရတော့သည်။ သူက နားနေဆောင်ပေါ်ရောက်မှ ချူလူလူကို ချပေးလိုက်သည်။

"မြေးလေး.. ရောက်လာပြီလား.."

"ရောက်လာပါပြီ ဖွားဖွား.. ကျွန်တော့်သတို့သမီးကို တစ်ခါတည်းခေါ်လာပါပြီ.."

ခန့်ညားသော အမျိုးသမီးကြီးတစ်ဦးကို သူက အရိုအသေပေးပြီး ပြောလိုက်တော့မှ သူ့ဖွားဖွားဆိုတာ ချူလူလူ သိလိုက်တော့သည်။ အသက်ခုနှစ်ဆယ်ကျော်ပေမယ့် ထက်မြတ်ပြတ်သားဟန်နှင့် အဖွားကြီးကိုကြည့်လိုက်တော့ လူမျိုးစုအကြီးအကဲ အဆောင်အယောင်ကိုတွေ့ရသဖြင့် ချူလူလူ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

"ချူလူလူ ဖွားဖွားကို ဂါရဝပြုပါတယ်.."

ထိုအဖွားကြီးက ချူလူလူကို သဘောကျစွာကြည့်ကာ အနားခေါ်လိုက်ပြီး လက်ကို ကမ်းပေးလိုက်သည်။ ချူလူလူက လက်ကို လှမ်းဆုပ်လိုက်တော့ အဖွားအိုက ပြုံးကာ မှတ်ချက်ချသည်။

"မြေးလေး စွဲလန်းလောက်အောင် ကျက်သရေရှိတာကိုး.. ဖွားရဲ့မြေးက အပြောမချိုပေမယ့် စိတ်ရင်းဖြူပြီး ချစ်တတ်ပါတယ်ကွယ်.."

"သူက ဘာကြောင့် ကျွန်တော့်ကို ဖမ်းခေါ်လာတာလဲ ဖွားဖွား.."

"မြေးလေးပြောပြထားတယ် မဟုတ်လား.. လူလေးကို အဖွားရဲ့ မြေးချွေးမအဖြစ် ထားချင်လို့ ခေါ်လာတာလေ.."

အဖွားအို၏စကားကြောင့် ချူလူလူ၏မျှော်လင့်ချက် ပျက်သွားရပြန်သည်။

"ကျွန်တော်က ယောက်ျားလေးပါ ဖွားဖွား.. သားသမီးမမွေးနိုင်ဘူး.. ဖွားဖွားတို့မျိုးဆက် ပြတ်သွားလိမ့်မယ်.. သူ့ကို တခြားမိန်းကလေးနဲ့ပဲ လက်ဆက်ခိုင်းလိုက်ပါ.."

ဖွားဖွားက ရယ်မောကာ သူ့မြေးကို ကျီစယ်လိုက်သည်။

"ကဲ.. ဘယ်လိုလဲမြေးလေး.. လူလေးက မြေးကို လက်မဆက်ချင်ဘူးတဲ့.."

"သူ လက်မဆက်ချင်လည်း မရဘူး.. သူက ကျွန်တော့် သတို့သမီးပဲ.."

"ဇွတ်အတင်းလုပ်ယူတဲ့ အိမ်ထောင်ရေးက မသာယာနိုင်ဘူး မြေးလေး.."

"သူ ကျွန်တော့်ကိုချစ်လာအောင် ကျွန်တော်လုပ်နိုင်ပါတယ် ဖွားဖွား.. မျိုးဆက်အတွက်က အစ်ကိုနှစ်ယောက်က တာဝန်ယူပြီးမွေးပေးမှာဖြစ်လို့ ကျွန်တော် ကလေးမယူလဲ ဘာမှမဖြစ်ဘူးမဟုတ်လား ဖွားဖွား.."

"မြေးရဲ့ခမည်းတော်ကို ပြောပေါ့.. မင်းခမည်းတော် သဘောတူရင် ရပြီ.."

"ခမည်းတော် သဘောတူပြီးပါပြီ ဖွားဖွား.."

"အေး.. အေး.. ဒါဆို မင်္ဂလာရက်သတ်မှတ်ပြီး လက်ထပ်ပွဲလုပ်ကြတာပေါ့.."

မြေးအဖွားနှစ်ဦး တိုင်ပင်နေသည်ကိုကြည့်ပြီး ချူလူလူ စိတ်ဓာတ်ကျသွားသည်။

"မြေးလေးနဲ့ လက်ဆက်ခွင့်ရတဲ့အတွက် ကံကောင်းခြင်းများစွာက လူလေးဆီကိုရောက်လာမှာပါ.. ဖွားဖွားတို့လူမျိုးစုက လူတွေကြား ထင်ပေါ်အောင်မနေပေမယ့် အတိုင်းတိုင်းအပြည်ပြည်က လေးစားကြောက်ရွံ့ရတဲ့ အဆိပ်နဲ့ ဝင်္ကပါပညာမှာ ပြိုင်ဘက်ကင်း တတ်ကျွမ်းတဲ့ မျိုးနွယ်စုပါ.. မြေးလေးနဲ့လက်ထပ်ပြီး မိသားစုဝင်ဖြစ်လာရင် လူလေးကို ဒီပညာတွေသင်ပေးမယ်.. အဲ့ဒီအခါ ဒီလောကမှာ လူလေးက အတားအဆီးမရှိ ကြိုက်တဲ့နေရာကိုသွားနိုင်ပြီး လူတိုင်း ဦးညွတ်ရတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်.."

လူမျိုးစုဖွားဖွား၏စကားကြောင့် ချူလူလူ သိလိုစိတ်တစ်ဝက်၊ ကြောက်ရွံ့စိတ်တစ်ဝက် ဝင်လာခဲ့သည်။

"ဖွားဖွားတို့က ဘာလူမျိုးလဲ.."

"ဖွားဖွားတို့က မောရကစ်လူမျိုးပါ.. ထာဝရရေခဲတဲ့ဒေသကနေ ပြောင်းရွှေ့လာတဲ့ မောရကစ်လူမျိုးတွေပါ.."

----------------------------------------------








စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္

Season (2) – Chapter (9)

ဟီဒယ္သည္ အစ္ကိုေတာ္ထန္လိုခိႏွင့္ 'တထန္'တိုင္းျပည္ကို  တိတ္တိတ္ဆိတ္ဆိတ္ ျပန္လိုက္လာခဲ့သည္။ 'တထန္'ျပည္နယ္စပ္က ေငြလေရာင္ေတာအုပ္ကိုေရာက္ေတာ့ ဟီဒယ္၏မ်က္ႏွာ အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားခဲ့သည္။ မိမိငယ္စဥ္က အစ္ကိုေတာ္ႏွင့္အတူ ျမင္းစီးကာ အမဲလိုက္ခဲ့ၾကသည့္ ေနရာေဟာင္းက ရင္ထဲမွခံစားခ်က္ေဟာင္းမ်ားကို ႏႈိးဆြေပးေနသလိုပင္။

ထန္လိုခိသည္ ထိုကြင္းျပင္ကို စူးစူးစိုက္စိုက္ၾကည့္ကာ ႏႈတ္ခမ္းမွ ႏူးညံ့စြာၿပဳံးၿပီး ေျပာခဲ့သည္။

"ကိုယ့္ဘဝတေလွ်ာက္လုံး ညီမနဲ႔အတူရွိခဲ့တယ္ ဆိုေပမယ့္... ဒီေငြေရာင္သစ္ေတာနဲ႔ ကြင္းျပင္က ကိုယ့္အတြက္ အမွတ္တရအျဖစ္ဆုံးေနရာပဲ.. ညီမကို ပထမဆုံး ျမင္းစီးသင္ေပးခဲ့တဲ့ေနရာ.. ပထမဆုံး အမဲလိုက္တတ္ေအာင္ သင္ေပးခဲ့တဲ့ေနရာ.."

ထိုစကားကိုၾကားေသာ္ ေငြလေရာင္သစ္ေတာထဲ ျမင္းႏွစ္ေကာင္ႏွင့္ ဒုန္းစိုင္းစီးေနသည့္ မိန္းကေလးႏွင့္ လုလင္ပ်ိဳတစ္ဦးကို ျမင္ေယာင္ကာ ဟီဒယ္၏ႏွလုံးသားတို႔ ျပင္းျပင္းထန္ထန္ လႈပ္ခါလာခဲ့သည္။

"ကြၽန္မ.. ဒါေတြ မသင္ခဲ့ရင္ ေကာင္းမွာပဲ.."

"ဘာေၾကာင့္လဲ.. ညီမက ဒီလို ျမင္းစီး ျမားပစ္မွာ ပါရမီရွိတဲ့သူပါ.."

ထန္လိုခိက တုန္လႈပ္စြာေျပာကာ ဟီဒယ္၏မ်က္ႏွာကို အလန႔္တၾကား ၾကည့္လိုက္သည္။ ဟီဒယ္က အေဝးကိုေငးၿပီး မဲ့ၿပဳံးၿပဳံးကာ ေျပာလိုက္သည္။

"သင္ေတာ့ေကာ.. ဘာမ်ားျဖစ္လာလို႔လဲ.. ေယာက္်ားတစ္ေယာက္ရဲ႕ ဇနီးသည္ဘဝနဲ႔ ကေလးေမြးၿပီး အိမ္ထဲမွာေနရမွာပဲ မဟုတ္လား.. ဘာမ်ားထူးသြားလို႔လဲ.."

ဟီဒယ္၏စကားထဲမွ မြန္းၾကပ္မႈကိုသိေသာ္ ထန္လိုခိ စိတ္မေကာင္းျဖစ္သြားသည္။ ထန္လိုခိက တည္ၿငိမ္စြာစိုက္ၾကည့္ကာ ရင္ထဲရွိသမွ် ဖြင့္ေျပာလိုက္သည္။

"ညီမကို ေမြးကင္းစကတည္းကေန အစ္ကိုေတာ္ သိခဲ့တယ္၊ ထိန္းခဲ့တယ္၊ ခ်ီခဲ့တယ္.. အစ္ကိုသြားေလရာကို ညီမကို ေခၚသြားခဲ့တယ္.. စစ္ေရးေလ့က်င့္တဲ့ေနရာ၊ ျမင္းစီးေလ့က်င့္တဲ့ေနရာ.. ဒါေၾကာင့္ ညီမက အစ္ကိုလုပ္သမွ်ကို စိတ္ဝင္စားၿပီး ဒါေတြကို သင္ယူတတ္ေျမာက္လာခဲ့တယ္.. အစ္ကို႔ဘဝမွာ စိတ္အေက်နပ္ရဆုံးအျဖစ္က အစ္ကို႔ကိုယ္ပြားလို႔ ေျပာရေလာက္တဲ့ ညီမကို ပ်ိဳးေထာင္ေပးႏိုင္ခဲ့တာကိုပဲ.."

ဟီဒယ္ ဘာမွမေျပာေသာ္လည္း စိတ္အစဥ္က ငယ္ငယ္ကဘဝကို ျပန္ေရာက္သြားေလၿပီ။ ဟုတ္တာေပါ့..။ အစ္ကို႔ကိုၾကည့္ၿပီး ျမင္းစီး၊ ဓားခုတ္၊ ျမားပစ္ကို ႐ူးသြပ္ခဲ့တာေပါ့..။ အျခားမိန္းကေလးေတြ သိမ္ေမြ႕ႏိုင္သမွ် သိမ္ေမြ႕စြာ ျပဳမူေနထိုင္ျခင္းကို သင္ယူေနစဥ္မွာ မိမိက အစ္ကို႔ကိုၾကည့္ကာ ေလးစားအားက်ရင္း ထပ္တူျဖစ္ေအာင္ ႀကိဳးစားခဲ့သည္။ ေခြၽးမ်ား၊ ေသြးမ်ား၊ ပင္ပန္းဆင္းရဲမႈမ်ားျဖင့္ ေယာက္်ားေလးတို႔ တတ္အပ္သည့္ ပညာကို ထူးခြၽန္စြာ သင္ယူခဲ့သည္။

"ဦးရီးေတာ္က တားေပမယ့္ မယ္မယ့္ရဲ႕ေဖ်ာင္းဖ်မႈေၾကာင့္ ကိုယ္တို႔ ဆက္ၿပီး ေလ့က်င့္ခြင့္ရခဲ့တယ္.. ဒီေနရာမဟုတ္လား.. ညီမ ပထမဆုံး အမဲကိုမိခဲ့တာ.. ညီမအတြက္ အစ္ကို ဘယ္ေလာက္ေတာင္ ဂုဏ္ယူခဲ့ရလဲသိလား.. ကြၽန္ေတာ့္ညီမက တစ္ေလာကလုံးကို ခါးေစာင္းတင္ပစ္မယ့္ ေကာင္မေလးဗ်လို႔ ေအာ္ဟစ္ၿပီး ေၾကျငာခ်င္ေလာက္ေအာင္ထိ ေပ်ာ္ခဲ့တယ္.."

ထန္လိုခိက ထိုစဥ္ကအေျခအေနကို ျပန္သတိရကာ တက္ႂကြစြာေျပာလိုက္သည္။ ဟီဒယ္သည္ ထိုေန႔က မိမိကိုဖက္ကာ ေမႊ႕ရမ္းခဲ့သည့္အစ္ကို႔ကို ျပန္သတိရလာၿပီး ရင္ထဲ ေအးစက္သည့္အရာတခ်ိဳ႕ ၿပိဳက်သြားသလို ခံစားလိုက္ရသည္။

အစ္ကိုေတာ္ေျပာသလို.. ဟီဒယ္၏ဘဝတြင္ အစ္ကိုေတာ္က အထူးခြၽန္ဆုံး မင္းသားတစ္ပါးျဖစ္ခဲ့သည္။ ပတ္ဝန္းက်င္ႏိုင္ငံတဝန္း အစ္ကို၏ဂုဏ္သတင္းက ေမႊးပ်ံ႕ကာ သမီးရွင္မ်ား မ်က္စိက်စရာ လူတစ္ေယာက္ျဖစ္ခဲ့သည္။

မိမိ ကေလးမေလးဘဝမွာပင္ အစ္ကိုေတာ္က သမီးရွင္တို႔မ်က္စိက်သည့္၊ မိန္းမပ်ိဳေလးတို႔ စိတ္ကူးယဥ္ရသည့္ ကိုလူပ်ိဳမင္းသားတစ္ပါး ျဖစ္လို႔လာေလၿပီ။ ဟီဒယ့္အတြက္ အစ္ကိုေတာ္က ဆရာလည္းျဖစ္သည္၊ သူငယ္ခ်င္းလည္းျဖစ္သည္၊ အစ္ကိုလည္းျဖစ္သည္၊ ၿပီးေတာ့... ေလးစားအားက်ရသည့္ တစ္ဦးတည္းေသာ......။

ဟီဒယ္ ထိုသို႔ေတြးမိလိုက္သည္ႏွင့္ ရင္ထဲ သိမ့္ခနဲျဖစ္သြားၿပီး ေမ့ေလ်ာ့ထားခဲ့ေသာ၊ တမင္ပိတ္ထားခဲ့ေသာ အတိတ္တံခါးတို႔ တစ္ခ်ပ္ၿပီးတစ္ခ်ပ္ ပြင့္ခဲ့ေလေတာ့သည္။

အစ္ကိုေတာ္၏လက္ကို ဆုပ္ကိုင္ထားရစဥ္၊ အစ္ကို၏ ေပြ႕ခ်ီေဝွ႔ယမ္းခံရလွ်င္ ေလတိုးခံရသည့္ပန္းကေလးလို လႈပ္ခါသြားတတ္သည့္ မိမိ၏စိတ္ဝိညာဥ္...၊ အစ္ကိုေတာ္၏အၿပဳံးကို ရလိုက္သည္ႏွင့္ ေပ်ာ္႐ႊင္မႈတို႔ လႊမ္းၿခဳံသြားသလို လုံၿခဳံေအးခ်မ္းသြားရသည့္ ခံစားခ်က္ျဖင့္ ႀကီးျပင္းလာသည့္ ဟီဒယ္...။

တစ္ေန႔ေသာအခါ ထန္ႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ ျပည္နယ္မွ နယ္စားႀကီးက သူ၏သမီးေတာ္ကို အစ္ကိုေတာ္ႏွင့္လက္ဆက္ကာ ထန္ႏိုင္ငံကို ပို႔ေဆာင္လာၿပီဆိုသည့္ သတင္းၾကားသည္ႏွင့္ ဟီဒယ္ မိမိတိုင္းျပည္မွ အေစာတလ်င္ထြက္လာခဲ့သည္။ မိမိေရာက္ေၾကာင္း အသိမေပးဘဲ အစ္ကိုေတာ့္ထံ တိုက္႐ိုက္သြားခဲ့ေပမယ့္ ျမင္လိုက္ရသည့္ျမင္ကြင္းက ဟီဒယ့္ကို ရင္ခြဲၿပီး ဆားပက္လိုက္သလို ခံစားသြားရေစသည္။

လွပေသာမိန္းမပ်ိဳေလးက အနီေရာင္သတို႔သမီးဝတ္စုံကို ဝတ္ဆင္ၿပီး အစ္ကိုေတာ္၏အိမ္ေတာ္ထဲ အေႁခြအရံမ်ားႏွင့္ ဝင္ေရာက္သြားခဲ့ေလၿပီ။ ထိုျမင္ကြင္းက ဟီဒယ့္ကို ေက်ာက္႐ုပ္လိုျဖစ္သြားေစၿပီး အသက္ကင္းမဲ့သည့္ အ႐ုပ္လို ျဖစ္သြားေစသည္။

"ျပန္မယ္.."

ဟီဒယ္၏စကားေၾကာင့္ လိုက္လံပို႔ေဆာင္သည့္ ကိုယ္ရံေတာ္က အံ့အားသင့္သြားၿပီး မင္းသမီးေလးကို လွည့္ၾကည့္လိုက္ေတာ့ သခင္မေလး၏မ်က္ဝန္းထဲမွ ေအးခဲသြားသည့္အရိပ္ကို ေတြ႕လိုက္ရၿပီး ဘာမွမေျပာဘဲ တပ္ကိုျပန္လွည့္ရန္ အမိန႔္ေပးလိုက္သည္။

'တထန္'မင္းသား၏ လက္ဆက္ပြဲကိုလာသည့္ မင္းသမီးေလးက မဂၤလာပြဲကိုမဝင္ဘဲ လ်ံျပည္ကို ျပန္လွည့္လာခဲ့သည္ကို က်န္စစ္သည္မ်ား နားမလည္ခဲ့ေသာ္လည္း အေတြ႕အႀကဳံမ်ားသည့္ စစ္သူႀကီးက ေကာင္းစြာနားလည္သြားခဲ့သည္။

ဟီဒယ္သည္ မဂၤလာပြဲမွျပန္လာၿပီးေနာက္ အျပင္းဖ်ားေတာ့သည္။ ေနမေကာင္းသည့္သတင္းကိုၾကားေသာ္ အစ္ကိုေတာ္က မၾကာခဏ လာၾကည့္ေသာ္လည္း ဟီဒယ္ ေရွာင္လို႔သာေနသည္။ ေနာက္ပိုင္း ထန္မင္းႀကီးက သားေတာ္ကို နန္းတြင္းထဲမွအလုပ္ကို တရားဝင္တာဝန္ေပးအပ္ကာ ပတ္ဝန္းက်င္နယ္ကို ခ်ဲ႕ထြင္ေစသည္။ ထန္မင္းသား၏ဂုဏ္သတင္း ႀကီးမားလာသည္ႏွင့္အညီ ထန္မင္းသား၏အေနာက္ေဆာင္တြင္ အရံၾကင္ယာေတာ္ႏွင့္ ကိုယ္လုပ္ေတာ္မ်ား တျဖည္းျဖည္း တိုးပြားလာခဲ့သည္။

ထိုသတင္းကိုၾကားေသာ္လည္း ဟီဒယ္ မတုန္မလႈပ္ျဖင့္ နားေထာင္ေနတတ္သည္။ ဟီဒယ္၏ အမူအယာ ေျပာင္းလဲသည္ကို ထန္လိုခိ သတိျပဳမိေသာ္လည္း သာမန္မိန္းမငယ္ေလးမ်ား၏ အ႐ြယ္ေျပာင္းေတာ့ စိတ္ေျပာင္းသည္ဟုသာ သေဘာထားခဲ့သည္။ ေနာက္ပိုင္း ဟီဒယ္ ေငြေတာင္ျပည္ကို ပညာသင္ခြင့္ရရန္ ခမည္းေတာ္ကို ခြင့္ေတာင္းၿပီး တစ္ခါတည္း ထြက္လာေတာ့သည္။ ႏွလုံးသားတံခါးကိုလည္း တစ္ခါတည္းပိတ္ကာ ကြဲေၾကသြားသည့္ စိတ္ကူးထဲမွအခ်စ္ကို ေသာ့ခတ္သိမ္းဆည္းထားလိုက္ေတာ့သည္။

ေငြေတာင္ျပည္သို႔ေရာက္ေသာ္ ဆူမီရာ၊ ခ်ဴလူလူတို႔ႏွင့္ေတြ႕ကာ စိတ္သစ္၊ လူသစ္ႏွင့္ မိန္းမငယ္ေလးဘဝကို တျဖည္းျဖည္း ျဖတ္သန္းလာစဥ္ စာေပပညာေတာ္ၿပီး အေနအထိုင္တည္ၾကည္သည့္ ဝူတိုင္းျပည္မွ မင္းသားဂ်ဴဒါအမ္းက ဟီဒယ္၏ စံျပ သေဘာက်ရသည့္ လူ႐ြယ္တစ္ဦး ျဖစ္လာခဲ့သည္။

ေနာက္ပိုင္း ေငြေတာင္ျပည္ကို အစ္ကိုေတာ္ထန္လိုခိ လာေရာက္တက္ေရာက္သည့္အခ်ိန္ဝယ္ ဟီဒယ္ တခ်ိဳ႕အေၾကာင္းအရာမ်ားကို ေမ့ေပ်ာက္ခဲ့ၿပီး ဂ်ဴဒါအမ္းကို သေဘာက်သည့္ မိန္းကေလးတစ္ဦး ျဖစ္ႏွင့္ခဲ့ေလၿပီ။

ဟီဒယ္သည္ ေငြလေရာင္ေတာအုပ္ကိုျမင္မွ မိမိေမ့ေလ်ာ့ခဲ့သည့္ အတိတ္ကို ျပန္မွတ္မိသြားၿပီး ပထမဆုံးအခ်စ္ဦးက ဂ်ဴဒါအမ္းမဟုတ္သည္ကို ေကာင္းစြာ သေဘာေပါက္သြားေတာ့သည္။ ကံတရားက ထူးျခားဆန္းၾကယ္လြန္းလွသည္။ မိမိ၏ငယ္ခ်စ္ဦးက မိမိကို လက္ထပ္ခြင့္ရရန္ အသည္းအသန္ ဖိအားေပးေနရသည့္ အေျခအေနကို ႀကဳံေတြ႕ေနရတာ တကယ္ ထူးဆန္းလြန္းလွသည္ဟု ဟီဒယ္ ထင္မိသည္။

ထန္လိုခိသည္ ဟီဒယ္၏မ်က္ႏွာျပင္ေပၚက အကဲခတ္မရေအာင္ ထူးဆန္းသည့္အရိပ္ကိုေတြ႕ေသာ္ သက္ျပင္းခ်လိုက္ၿပီး ညင္သာစြာေျပာလိုက္သည္။

"ကိုယ့္ဘဝမွာ ညီမကလြဲၿပီး ဘယ္သူနဲ႔မွ လက္မဆက္ခ်င္ခဲ့ဘူး.. ညီမကို ထိပ္ဆုံးကိုျမႇင့္တင္ဖို႔ ကိုယ္ ေလွခါးထစ္ေပါင္းမ်ားစြာကို နင္းတက္ခဲ့ရတယ္.. ကိုယ့္ရဲ႕အေနာက္ေဆာင္က ကိုယ္လုပ္ေတာ္ေတြက ေလွကားထစ္ေတြပဲ.."

ထိုစကားကိုၾကားေသာ္ ဟီဒယ္ သူ႔မ်က္လုံးထဲစိုက္ၾကည့္ကာ ေမးလိုက္သည္။

"အစ္ကို.. သူတို႔ကို မခ်စ္ခဲ့ဘူးလား.."

"အစ္ကို႔အခ်စ္က ညီမတစ္ေယာက္တည္းအတြက္ပဲ သီးသန႔္သိမ္းထားတာ.."

ထိုစကားကိုၾကားေသာ္ ဟီဒယ္ သက္ျပင္းရႈိက္ကာ နာက်င္စြာေျပာလိုက္သည္။

"ေယာက္်ားေတြက မခ်စ္လည္း မိန္းမေပါင္းမ်ားစြာနဲ႔ ေသြးသားဖလွယ္ႏိုင္တာပဲ.. အခ်စ္က သူတို႔အတြက္ သဘာဝအတိုင္းျဖစ္ေပၚလာတဲ့ ေသြးသားဆႏၵသာသာေလာက္ပဲ ထင္ပါရဲ႕.. ဘဝတက္လမ္းအတြက္ ေလွကားထစ္လည္း ျဖစ္ႏိုင္တာပဲ.."

ဟီဒယ္၏စကားကိုၾကားေသာ္ ထန္လိုခိ မ်က္ေမွာင္တြန႔္ကာ ကန႔္ကြက္လိုက္သည္။

"မဟုတ္ဘူး.. ဒီစကားက တျခားသူေတြအတြက္ ျဖစ္ခ်င္ျဖစ္မယ္.. ကိုယ့္အတြက္က မမွန္ဘူး.. ကိုယ့္အတြက္ အခ်စ္က လမ္းျပၾကယ္ပဲ.. အခ်စ္က ဟိုး.. မိုးေကာင္းကင္အျမင့္မွာရွိေနတဲ့ ကိုယ္တန္ဖိုးထားရတဲ့ ရတနာ.. ဒီရတနာဆီေရာက္ဖို႔ ကိုယ္ကိုယ္တိုင္နဲ႔ အျခားအရာေတြကို ေလွကားထစ္လုပ္ၿပီး တက္လွမ္းခဲ့တာ.. မင္းေလးကိုရဖို႔ ကိုယ္ အရာအားလုံး စေတးခဲ့တယ္ ဟီဒယ္.. ဒါေတြက မင္းကိုခ်စ္လို႔.. မင္းကို ဘယ္သူမွမလွမ္းႏိုင္တဲ့ ဟိုးအျမင့္ဆီေရာက္ဖို႔ ကိုယ္ႀကိဳးစားေနတာပဲ.."

ဟီဒယ္သည္ အစ္ကို႔ကိုေငးစိုက္ၾကည့္ကာ အသာေျပာလိုက္သည္။

"တကယ္လို႔.. အျမင့္ဆုံးက ကြၽန္မ မေနခ်င္တဲ့ေနရာ ျဖစ္ေနရင္ေကာ..."

"အရာအားလုံးကို ၿဖိဳခ်ၿပီး ညီမေနခ်င္တဲ့ေနရာကို အတူသြားမယ္.."

ခိုင္မာျပတ္သားသည့္သူ႔စကားမ်ားက ဟီဒယ္ ပိတ္ထားသည့္ႏွလုံးသားအကန႔္အားလုံးကို ဟင္းလင္းပြင့္သြားေစေတာ့သည္။ ဟီဒယ္၏မ်က္ဝန္းမ်ား တျဖည္းျဖည္းလင္းလက္လာသည္ကိုၾကည့္ၿပီး ထန္လိုခိ ေပ်ာ္႐ႊင္သြားသည္။ မိမိႀကိဳးစားသမွ် အရာထင္ခဲ့ေလၿပီ။ ထိုစဥ္ မိမိတို႔ပတ္ဝန္းက်င္တြင္ မီးခိုးမ်ား ႐ုတ္တရက္လြင့္ပ်ံလာသျဖင့္ ထန္လိုခိ မ်က္ႏွာပ်က္ကာ ေအာ္ဟစ္သတိေပးလိုက္သည္။ ဟီဒယ္မွာ အဆိပ္ေငြ႕ကိုရႉမိၿပီး မူးေဝလာခဲ့သည္။

"သတိ.. ရန္သူေတြ အဆိပ္ေငြ႕နဲ႔ တိုက္ခိုက္ေနၿပီ.. အေငြ႕ေတြ မရႉမိေစနဲ႔.."

သို႔ေသာ္ ထန္လိုခိ၏တပ္သား တစ္ဝက္ေက်ာ္က အဆိပ္ေငြ႕ေၾကာင့္ ေျမျပင္ေပၚ လဲက်ကုန္ေလၿပီ။ ထန္လိုခိသည္ ျမင္းေပၚမွေပ်ာ့ေခြက်လာေသာ ဟီဒယ့္ကို လွမ္းေပြ႕ကာ မိမိျမင္းေပၚတင္လိုက္ၿပီး ေဖာက္ထြက္ရန္ အမိန႔္ေပးလိုက္သည္။

"အားလုံး ေဖာက္ထြက္မယ္.."

သို႔ေသာ္ ထန္လိုခိတို႔ ေဖာက္ထြက္သည့္လမ္းေၾကာင္းက ရန္သူဆင္ထားသည့္ ေထာင္ေခ်ာက္တည့္တည့္ ျဖစ္လို႔ေနသည္။

"လက္နက္ခ်ၿပီး အသာတၾကည္ အဖမ္းခံပါ အရွင့္သား.."

ေလးျမားႏွင့္ ခ်ိန္႐ြယ္ထားသည့္၊ အနီ အနက္ျဖင့္ ယက္ထားသည့္ ႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားသည့္ လူတစ္စုက အဆိပ္လူးျမားႏွင့္ခ်ိန္႐ြယ္ထားစဥ္ ထန္လိုခိ အံႀကိတ္ကာ ဓားရွည္ကို ေျမျပင္ေပၚ ပစ္ခ်လိုက္ေတာ့သည္။ မိမိတစ္ဦးတည္းဆိုလွ်င္ ေဖာက္ထြက္ႏိုင္ေသာ္လည္း သူမေလးပါေနေသာေၾကာင့္ အားမတန္ကာ မာန္ေလွ်ာ့လိုက္ရေတာ့သည္။

ဤသို႔ျဖင့္ ေငြလေရာင္ေတာအုပ္ထဲဝင္သြားသည့္ ထန္တပ္ဖြဲ႕မ်ား ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကြယ္သြားေတာ့သည္။

••••••••••••••••••••••••••••••

"ခင္ဗ်ား ဘယ္သူလဲ.. ဘာ့ေၾကာင့္ ကြၽန္ေတာ့္ကို သိေနတာလဲ.."

ခ်ဴလူလူသည္ ထူးဆန္းကာ ေခ်ာေမာလွပသည့္ လူ႐ြယ္ကိုၾကည့္ရင္း ေၾကာက္႐ြံ႕စြာ ထပ္မံေမးလိုက္သည္။ ဘဝမွာ ပထမဆုံးအႀကိမ္ ႐ုပ္ရည္ေခ်ာၿပီး ေၾကာက္စရာေကာင္းေသာသူကို ေတြ႕ႀကဳံလိုက္ရျခင္းျဖစ္သည္။

"မင္းရဲ႕ ဗ်ပ္ေစာင္းသံကို ျမတ္ႏိုးမိသူတစ္ေယာက္ဆိုေတာ့ မင္းကိုသိတာ မဆန္းပါဘူး.. ကဲ.. မင္းကိုေစာင့္ေနတာၾကာၿပီ.. သြားၾကစို႔.."

ထိုလူက လိုရင္းကိုေျပာၿပီး လက္ကို တစ္ခ်က္ယမ္းလိုက္စဥ္ ေမႊးပ်ံ႕ေသာရနံ႔ကို ရႉလိုက္ရၿပီး ခ်ဴလူလူ ေျမျပင္ေပၚ လဲက်သြားေတာ့သည္။

"အိပ္.. ေဆး.. ေငြ႕.."

"မင္း ဗဟုသုတရွိသားပဲ.. မဆိုးဘူး.. စိတ္ဝင္စားဖို႔ေကာင္းတယ္.."

ထိုလူ႐ြယ္က လွ်ပ္စီး၏အလ်င္ႏႈန္းျဖင့္ ေျမျပင္ေပၚၿပိဳလဲက်လာသည့္ ခ်ဴလူလူကို ဆီးေပြ႕ကာ ေျပာလိုက္သည္ကို သတိမလစ္ခင္ ခ်ဴလူလူ ေနာက္ဆုံးၾကားလိုက္ရသည္။ ခ်ဴလူလူ သတိရလာေတာ့ သပ္ရပ္လွပေသာအိပ္ခန္းထဲ ေရာက္လို႔ေနသည္။ အိပ္ယာမွထထိုင္လိုက္ေတာ့ လန္းဆန္းေနၿပီး မူးေဝထိုင္းမႈိင္းျခင္းမရွိသျဖင့္ အိပ္ေဆးေငြ႕ပ်ယ္သြားၿပီျဖစ္ေၾကာင္းသိကာ ကုတင္ေပၚမွဆင္းလိုက္စဥ္ မိမိကိုယ္ေပၚ၌ အနီေရာင္၊ အနက္ေရာင္ျဖင့္ လွပစြာယက္လုပ္ထားေသာ ခ်ည္ေခ်ာဝတ္စုံအေကာင္းစားကို ဝတ္ဆင္ၿပီးလ်က္သား ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။ ၾကည့္ရတာ မိမိကိုေခၚလာသည့္လူက သူ႔လူမ်ိဳးစုဝတ္စုံကို ဝတ္ဆင္ေပးထားပုံရသည္။

ခ်ဴလူလူ ထရပ္ကာ တံခါးဆီေလွ်ာက္လာစဥ္ တံခါး ႐ုတ္တရက္ပြင့္သြားၿပီး မိမိကိုေခၚေဆာင္လာသည့္ လူ႐ြယ္ကို ႐ိုးရာဝတ္စုံဝတ္လ်က္သား ေတြ႕လိုက္ရသည္။ ဆံပင္မ်ားကို က်စ္ဆံၿမီးေသးေသး က်စ္ထားၿပီး ခ်ထားသည့္ လူ႐ြယ္၏ကိုယ္မွ လႊမ္းမိုးႏိုင္စြမ္းတို႔ တရွိန္ရွိန္ထြက္ေနသလိုပင္။ သူ႔ေနာက္တြင္ အနီေရာင္ အေစေတာ္ဝတ္႐ုံဝတ္ မိန္းကေလးမ်ားက ဟင္းလ်ာဗန္းမ်ားသယ္ကာ စားပြဲတြင္ ခင္းက်င္းလိုက္သည္။ ေအးျမေသာေလထုထဲ အရသာရွိပုံရသည့္ဟင္းရနံ႔တို႔ ေမႊးပ်ံ႕လာစဥ္ ခ်ဴလူလူ၏ဗိုက္ တၾကဳတ္ၾကဳတ္ျမည္လာေတာ့သည္။

လူ႐ြယ္က လက္ယမ္းျပေတာ့ အေႁခြအရံအားလုံး ျပန္ထြက္သြားၿပီး တံခါးပိတ္ေပးထားခဲ့သည္။ လူ႐ြယ္က ဟင္းလ်ာမ်ားကို ေတာက္ပစြာၾကည့္ေနသည့္ ခ်ဴလူလူကို သေဘာက်စြာစိုက္ၾကည့္ကာ ေျပာလိုက္သည္။

"စားၾကစို႔.. မင္း ဆာေနေရာေပါ့.. သုံးရက္တိတိ အိပ္ေပ်ာ္သြားခဲ့တာ ဆိုေတာ့..."

"ဘာ.. သုံးရက္တိတိ ဟုတ္လား.. အခု ဘယ္ေနရာမွာလဲ.."

"နန္ေက်ာင္ ေက်ာက္ေတာအုပ္မဟုတ္တာ အမွန္ပဲ.. ကိုယ္ ေတာင္ေပၚေဒသကအိမ္ကို ေခၚလာတာ.."

"ခင္ဗ်ားက.. ယြမ္ခ်ဴးခန္ရဲ႕ လက္ေအာက္ခံလား.."

"မဟုတ္ဘူး.. က်ဳပ္တို႔ဝကၤပါၿမိဳင္က ဘယ္သူ႔တိုင္းျပည္ရဲ႕ လက္ေအာက္ခံမွ မဟုတ္ဘူး.. ကဲ.. ဗိုက္အရင္ျဖည့္ၾကစို႔.. မင္းသိခ်င္တာ ၿပီးရင္ အားလုံးေျပာျပမယ္.."

ခ်ဴလူလူက ဘာမွမေျပာေတာ့ဘဲ ထမင္းဝိုင္းတြင္ထိုင္ကာ ေရေႏြးတစ္ခြက္ကို အရင္ေသာက္လိုက္သည္။

"ေရေႏြးၾကမ္းက အရသာရွိလိုက္တာ.."

"ဒီေတာင္ေပၚကေရေၾကာင့္ အရသာရွိတာ.. ကဲ ပူတုန္းစားလိုက္ဦး.."

ခ်ဴလူလူက ေခါင္းမေဖာ္တမ္း စားေသာက္ေတာ့ သူက ျမတ္ႏိုးစြာစိုက္ၾကည့္ကာ ေမးလိုက္သည္။

"က်ဳပ္ အဆိပ္ခတ္ထားမွာ မေၾကာက္ဘူးလား.."

"ခင္ဗ်ားလက္ထဲ ေရာက္ေနတဲ့လူကို ဘာေၾကာင့္ အဆိပ္ခတ္မွာလဲ.."

ခ်ဴလူလူ၏တန္ျပန္အေမးေၾကာင့္ သေဘာတက်ရယ္ေမာကာ မွတ္ခ်က္ခ်လိုက္သည္။

"မင္းက ဉာဏ္ထက္ၿပီး ခ်စ္ဖို႔ေကာင္းတယ္.."

"လူတိုင္းကို ဒီလိုပဲ ေျပာတတ္တာလားဗ်.."

ခ်ဴလူလူက ပလုပ္ပေလာင္းစားရင္း မ်က္လႊာပင့္ကာ မိမိကို မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနေသာ ကိုလူေခ်ာကို ေမးလိုက္သည္။ သူက ေခါင္းရမ္းလိုက္ရင္း..

"မင္းတစ္ေယာက္တည္းကို ေျပာတာ.."

"ခင္ဗ်ား ဘာေၾကာင့္ ကြၽန္ေတာ့္ကို ဖမ္းခဲ့တာလဲ.."

"မင္းရဲ႕ေစာင္းပညာကို ျမတ္ႏိုးလို႔.. အၿမဲတမ္း.. မင္းလက္သံကို နားဆင္ႏိုင္ဖို႔ ေခၚလာတာ.."

"ကြၽန္ေတာ္ ခင္ဗ်ားရဲ႕အေႁခြအရံေတြကို ေစာင္းပညာသင္ေပးမယ္.. ဒါဆို ခင္ဗ်ား ဒီလက္သံကို နားေထာင္လို႔ရၿပီ.. သင္ေပးၿပီးရင္ ကြၽန္ေတာ့္ကိုလႊတ္ေပးေတာ့.."

"က်ဳပ္က မင္းလက္ေခ်ာင္းကထြက္လာတဲ့ လက္သံကိုပဲၾကားခ်င္တာ.. တကယ္လို႔ ဒီေတးသံကို တျခားလူကတီးခတ္လာရင္ သူတို႔လက္ေခ်ာင္းေတြကို ခုတ္ျဖတ္ပစ္မယ္.."

ခ်ဴလူလူသည္ ထိုသူ၏ ရက္စက္ေသာစကားေၾကာင့္ သက္ျပင္းခ်ကာ ေမးလိုက္သည္။

"ခင္ဗ်ား ကြၽန္ေတာ့္လက္သံကို နားေထာင္ခ်င္တာတစ္ခုေၾကာင့္ပဲ ဖမ္းေခၚလာတာမွ ဟုတ္ရဲ႕လား.."

"မဟုတ္ဘူး.. မင္းကို သေဘာက်လို႔ ေခၚလာတာ.."

"ေဟ့လူ.. ကြၽန္ေတာ္က ေယာက္်ားေလးဗ်.."

"သိတယ္.. မင္းကို က်ဳပ္ကိုယ္တိုင္ အဝတ္လဲေပးထားတာ.. မင္း ေယာက္်ားစစ္စစ္ဆိုတာ သိၿပီးသား.."

"အာာ.."

ထိုလူ၏စကားေၾကာင့္ ခ်ဴလူလူ ဘာဆက္ေျပာရမွန္းမသိ ျဖစ္သြားသည္။

"ကြၽန္ေတာ္ ေယာက္်ားေလးေတြကို စိတ္မဝင္စားဘူးဗ်.."

"မင္း စိတ္ဝင္စားဖို႔မလိုဘူး.. က်ဳပ္ မင္းကို စိတ္ဝင္စားရင္ရၿပီ.."

ခ်ဴလူလူ စိတ္ပ်က္လက္ပ်က္ျဖင့္ သူ႔ကိုၾကည့္ကာ ေျပာစရာစကားတို႔ ေပ်ာက္ရွသြားေတာ့သည္။ သူ႔ပုံစံက ေယာက္်ားပီသသည့္ပုံျဖစ္လ်က္ ဘာေၾကာင့္ အမ်ိဳးသားေတြကို သေဘာက်တာလဲ။

"က်ဳပ္တို႔လူမ်ိဳးေတြက သေဘာက်ႏွစ္သက္ရမယ့္လူကို က်ား၊မ ခြဲျခားသတ္မွတ္မထားဘူး.. မင္းသေဘာက်ရင္ ေယာက္်ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ လက္တြဲလို႔ရတယ္.. မင္းက က်ဳပ္ လက္တြဲဖို႔ ရည္႐ြယ္ထားတဲ့သူပဲ.."

ခ်ဴလူလူ၏အေတြးကို ႀကိဳျမင္သလို သူ ရွင္းျပလာေတာ့ ခ်ဴလူလူ ေခါင္းယမ္းကာ ထမင္းသာ ငုံ႔စားလိုက္ေတာ့သည္။ ဗိုက္ျဖည့္ၿပီးမွ ဒီလူကို နားခ်ေတာ့မည္ဟုေတြးကာ အားရွိဖို႔ အစားသာ အာ႐ုံစိုက္ စားလိုက္ျခင္းျဖစ္သည္။

"ခင္ဗ်ားနာမည္ ဘယ္လိုေခၚလဲ.."

"ခ်ိဳစန္း.."

"ခင္ဗ်ားက ဒီမ်ိဳးႏြယ္စုရဲ႕ သခင္လား.."

"အင္း.."

ခ်ဴလူလူစားၿပီးသည္အထိ ခ်ိဳစန္းက ေရေႏြးေသာက္ကာ တစိမ့္စိမ့္ေငးၾကည့္ေနသည္။ ခ်ဴလူလူက သူ႔မ်က္ဝန္းထဲကိုၾကည့္ေတာ့ သေဘာက်ႏွစ္သက္ျခင္းကလြဲၿပီး အျခား ညစ္ညမ္းေသာ အရိပ္အေယာင္ မေတြ႕ရေသာအခါ စိတ္သက္သာရာရသြားကာ မိမိဘဝအေျခေန မဆိုးေသးဟုေတြးရင္း သက္ျပင္းကို တိတ္တဆိတ္ခ်လိုက္မိသည္။ ဒါေပမယ့္... ခ်ိဳစန္းတို႔လူမ်ိဳးစု၏ သဘာဝကိုသိလွ်င္ ခ်ဴလူလူ ဒီလို စိတ္ေအးေနႏိုင္မွာမဟုတ္တာ ေသခ်ာသည္။

••••••••••••••••••••••••••••••

ခ်ဴလူလူ စားၿပီးေနာက္ သူ႔ကို ေတာင္းဆိုလိုက္သည္။

"ကြၽန္ေတာ္ အျပင္ လမ္းေလွ်ာက္ထြက္ခ်င္တယ္.."

"သြားၾကတာေပါ့.."

သူက သေဘာေကာင္းစြာေခၚလာၿပီး တံခါးကိုဖြင့္လိုက္ၿပီး ခ်ဴလူလူ၏လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သျဖင့္ ခ်ဴလူလူ သူ႔ကို ျငင္းလိုက္သည္။

"ကြၽန္ေတာ္ ကေလးမဟုတ္ဘူး.. ကြၽန္ေတာ့္လက္ကို လႊတ္ပါ.."

"မင္းကို လက္တြဲမထားရင္ ဒီအေဆာင္ကေန မင္း အျပင္ကို ထြက္ႏိုင္မွာမဟုတ္ဘူး.. ဘာေၾကာင့္လဲဆိုေတာ့ ဒီအေဆာင္ကေန ဥယ်ာဥ္ထဲကို ဝကၤပါဆင္ထားလို႔ပဲ.."

"မျဖစ္ႏိုင္တာ.. ကြၽန္ေတာ္လည္း ေက်ာင္းေတာ္မွာ ဝကၤပါအေျခခံကို သင္ခဲ့ရပါတယ္.. ခင္ဗ်ားဝကၤပါက ကြၽန္ေတာ့္ကို ခ်ဳပ္ထားႏိုင္မွာမဟုတ္ဘူး.."

ခ်ိဳစန္းသခင္ေလးက ၿပဳံးရယ္ကာ ခ်ဴလူလူ၏လက္ကို လႊတ္လိုက္ၿပီး သြားေစသည္။ ခ်ဴလူလူက သူ႔ကိုေက်ာ္ကာ အေဆာင္ျပင္ကို အကဲခတ္လိုက္သည္။ ေက်ာက္တုံး၊ ေက်ာက္ေဆာင္တု၊ လမ္းႏွင့္ ျမက္ခင္းျပင္ကိုၾကည္ၿပီး ခ်ဴလူလူ ေသခ်ာေ႐ြးကာ ေက်ာက္တုံးခင္းထားသည့္ေနရာကို ေျခခ်လိုက္စဥ္ ႐ုတ္တရက္ မိမိပတ္ဝန္းက်င္ ေျပာင္းသြားသလို ခံစားလိုက္ရၿပီး ေနာက္ကိုလွည့္ၾကည့္ေတာ့ မိမိေနသည့္အေဆာင္ႏွင့္ ခ်ိဳစန္းသခင္ေလးကို မေတြ႕ရေတာ့ဘဲ ေတာင္ကမ္းပါးစြန္းကိုသာ ေတြ႕လိုက္ရေတာ့သည္။ ခ်ဴလူလူ အံႀကိတ္ကာ ေရွ႕ကို တစ္လွမ္းဆက္တိုးလိုက္စဥ္ ျပင္းထန္ေသာ ေလတိုက္ခတ္ျခင္းကို ခံလိုက္ရၿပီး ေနာက္ကေခ်ာက္ထဲကို က်မလိုျဖစ္သြားသည္။

"ဒါက အျမင္အာ႐ုံကို လွည့္စားထားတာပါ.. တကယ္မဟုတ္ဘူး.."

ထိုသို႔ေတြးၿပီး ခ်ဴလူလူ ေခ်ာက္ထဲကို ခုန္ခ်လိုက္သည္။ အသည္း ေအးခနဲျဖစ္သြားၿပီး တကယ္ပဲ ခ်ဴလူလူ ေခ်ာက္ထဲကို ျပဳတ္က်သြားေတာ့သည္။

"အား..."

ခ်ဴလူလူ ေၾကာက္လန႔္တၾကား မ်က္လုံးကိုမွိတ္ကာ စိတ္ထဲ ေနာင္တတို႔ ေရးေရးဝင္လာစဥ္ မိမိကို တစ္စုံတစ္ဦးက ခါးမွေပြ႕ကာ နံရံကိုကန္ၿပီး အေပၚတက္သြားသည္ကို ခံစားရေတာ့ မ်က္လုံးဖြင့္ၾကည့္လိုက္စဥ္ ခ်ိဳစန္းက မိမိခါးကို သိုင္းဖက္ကာ ေခ်ာက္ကမ္းပါးစြန္းမွာ ေျခခ်လ်က္သားျဖစ္ေနၿပီး သူရပ္သည့္ ေနရာပတ္လည္တြင္ အခ်ိန္မေ႐ြးၿပိဳက်ႏိုင္သည့္ အစြန္ေနရာျဖစ္လို႔ ခ်ဴလူလူ သူ႔ကို အားကိုးတႀကီးဖက္ထားကာ ေမးလိုက္သည္။

"ခင္ဗ်ားေျပာေတာ့ ဝကၤပါဆို.. ဒါ.. စိတ္ကိုလွည့္စားထားတာ မဟုတ္ဘူးလား.."

"စိတ္ကိုလွည့္စားတဲ့ ဝကၤပါလို႔ ေျပာမိလို႔လား.. ဒါ သဘာဝတရားကို အေျခခံၿပီး တည္ေဆာက္ထားတာ.. မင္းျမင္ဖူးတဲ့ ကေလးကစားတဲ့ ဝကၤပါမ်ိဳးမဟုတ္ဘူး.."

ထိုသို႔ေျပာၿပီး ခ်ိဳစန္း နံေဘးကိုလွမ္းခုန္ကာ ေျခခ်လိုက္စဥ္ ၿခံဝန္းႏွင့္ေက်ာက္ခင္းလမ္းကို ျပန္ေတြ႕လိုက္ရသည္။ သူက ခ်ဴလူလူ၏ခါးကို လက္တစ္ဖက္ႏွင့္ေပြ႕ကာ ေနရာ အက်ဥ္းအက်ယ္ မတူညီစြာေလွ်ာက္လာရင္း ၿခံျပင္ကို ေရာက္လာေတာ့သည္။

"ကဲ.. ဒီလမ္းေတာ့... မင္း ေလွ်ာက္လို႔ရၿပီ.."

သူလႊတ္ေပးလိုက္မွ ခ်ဴလူလူ သက္ျပင္းရႈိက္မိသည္။

"ဒါ.. ဘယ္လိုဝကၤပါတည္ေဆာက္ပုံလဲ.. ေၾကာက္စရာေကာင္းလိုက္တာ.."

"မင္း စိတ္ဝင္စားရင္ သင္ေပးမယ္ေလ.. မင္း ကိုယ္နဲ႔လက္ဆက္ၿပီးရင္ ဖြားဖြားႀကီးက ဒါကို သင္ခြင့္ေပးမွာပါ.."

"ဘာ.. ဘယ္က ခင္ဗ်ားနဲ႔လက္ဆက္တာ ပါလာတာလဲ.."

ခ်ိဳစန္းက သူ႔ကို ခပ္ၿပဳံးၿပဳံးႏွင့္ ထပ္ေျပာလိုက္သည္။

"မင္းကို ကိုယ့္ရဲ႕ခင္ပြန္းအျဖစ္ လက္ထပ္ထားၿပီး မ်က္စိေရွ႕မွာထားဖို႔ ဆုံးျဖတ္လိုက္ၿပီ.. မင္းက ေစာင္းပညာေတာ္တဲ့အျပင္ မင္းအထိအေတြ႕က ကိုယ့္ကို ရင္ခုန္ေစတယ္.. မင္းကို လိုခ်င္လာမိၿပီ.."

ထိုစကားကို ပုံမွန္ေလသံႏွင့္ ေျပာေနသည္ကိုၾကားေသာ္ ခ်ဴလူလူ လာေနာက္ေနသလားဟု ထင္မိေသာ္လည္း သူ႔မ်က္လုံးထဲမွ မီးလွ်ံတစ္ခ်ိဳ႕ကိုေတြ႕ေတာ့ တြန႔္သြားေတာ့သည္။

"ခင္ဗ်ား.. ခင္ဗ်ားက မိန္းမစိတ္ေပါက္ေနတာလား.. ကြၽန္ေတာ့္ကို ခင္ပြန္းအျဖစ္ ယူမယ္ဆိုေတာ့..."

"မင္းက ေယာက္်ားေလးမို႔ ခင္ပြန္းလို႔သုံးႏႈန္းတာပါ.. တကယ္ေတာ့.. မင္းကို က်ဳပ္ရဲ႕ေအာက္မွာ ထားခ်င္တာ.."

"ဘာ.. ခင္ဗ်ား!.. ခင္ဗ်ား!!.."

"ကဲ.. ဥယ်ာဥ္ထဲဝင္ၾကစို႔.. ဒီဥယ်ာဥ္ရဲ႕ဝကၤပါက ပိုအဆင့္ျမင့္လို႔ အမွားမခံဘူး.. ဒါေၾကာင့္ မင္းကို က်ဳပ္ ခ်ီသြားမွျဖစ္မယ္.."

"အာ.. မလိုဘူး.. ခင္ဗ်ားလက္ကိုပဲ တြဲထားမယ္.."

"မရဘူး.. လမ္းက လူတစ္ေယာက္ ေျခခ်စာပဲရွိတယ္.. မင္းက က်ဳပ္ရဲ႕ အနာဂတ္သတို႔သမီးပဲ.. မရွက္ပါနဲ႔.. ကဲ.. လာ.."

ခ်ဴလူလူက ဘာမွမျငင္းဆန္ႏိုင္ခင္ သူက ဆတ္ခနဲေပြ႕လိုက္သျဖင့္ ျပဳတ္မက်ေအာင္ သူ႔လည္ပင္းကို သိုင္းဖက္လိုက္ရေတာ့သည္။ သူက စကားမဆိုေတာ့ဘဲ ဆက္တိုက္ ဥယ်ာဥ္ထဲေလွ်ာက္လွမ္းကာ ဝင္လာေတာ့သည္။ ေရွ႕တိုးေနာက္ဆုတ္လုပ္လိုက္၊ ေဘးကိုေလွ်ာက္လိုက္ႏွင့္ သြားသည့္လမ္းတေလွ်ာက္ ရႈခင္းက မ်ိဳးစုံေျပာင္းလဲသြားခဲ့သည္။ တစ္ခါတစ္ရံ ဥယ်ာဥ္ေပၚလာလိုက္၊ တစ္ခါတစ္ရံ ႐ႊံ႕ႏြံေတာ၊ တစ္ခါတစ္ရံ ေခ်ာက္နံေဘး..။ ရႈခင္းမ်ိဳးစုံေျပာင္းၿပီးမွ ေနာက္ဆုံး ဥယ်ာဥ္ႏွင့္ နားေနေဆာင္ကို ေတြ႕ရေတာ့သည္။ သူက နားေနေဆာင္ေပၚေရာက္မွ ခ်ဴလူလူကို ခ်ေပးလိုက္သည္။

"ေျမးေလး.. ေရာက္လာၿပီလား.."

"ေရာက္လာပါၿပီ ဖြားဖြား.. ကြၽန္ေတာ့္သတို႔သမီးကို တစ္ခါတည္းေခၚလာပါၿပီ.."

ခန႔္ညားေသာ အမ်ိဳးသမီးႀကီးတစ္ဦးကို သူက အ႐ိုအေသေပးၿပီး ေျပာလိုက္ေတာ့မွ သူ႔ဖြားဖြားဆိုတာ ခ်ဴလူလူ သိလိုက္ေတာ့သည္။ အသက္ခုႏွစ္ဆယ္ေက်ာ္ေပမယ့္ ထက္ျမတ္ျပတ္သားဟန္ႏွင့္ အဖြားႀကီးကိုၾကည့္လိုက္ေတာ့ လူမ်ိဳးစုအႀကီးအကဲ အေဆာင္အေယာင္ကိုေတြ႕ရသျဖင့္ ခ်ဴလူလူ အ႐ိုအေသေပးကာ ႏႈတ္ဆက္လိုက္သည္။

"ခ်ဴလူလူ ဖြားဖြားကို ဂါရဝျပဳပါတယ္.."

ထိုအဖြားႀကီးက ခ်ဴလူလူကို သေဘာက်စြာၾကည့္ကာ အနားေခၚလိုက္ၿပီး လက္ကို ကမ္းေပးလိုက္သည္။ ခ်ဴလူလူက လက္ကို လွမ္းဆုပ္လိုက္ေတာ့ အဖြားအိုက ၿပဳံးကာ မွတ္ခ်က္ခ်သည္။

"ေျမးေလး စြဲလန္းေလာက္ေအာင္ က်က္သေရရွိတာကိုး.. ဖြားရဲ႕ေျမးက အေျပာမခ်ိဳေပမယ့္ စိတ္ရင္းျဖဴၿပီး ခ်စ္တတ္ပါတယ္ကြယ္.."

"သူက ဘာေၾကာင့္ ကြၽန္ေတာ့္ကို ဖမ္းေခၚလာတာလဲ ဖြားဖြား.."

"ေျမးေလးေျပာျပထားတယ္ မဟုတ္လား.. လူေလးကို အဖြားရဲ႕ ေျမးေခြၽးမအျဖစ္ ထားခ်င္လို႔ ေခၚလာတာေလ.."

အဖြားအို၏စကားေၾကာင့္ ခ်ဴလူလူ၏ေမွ်ာ္လင့္ခ်က္ ပ်က္သြားရျပန္သည္။

"ကြၽန္ေတာ္က ေယာက္်ားေလးပါ ဖြားဖြား.. သားသမီးမေမြးႏိုင္ဘူး.. ဖြားဖြားတို႔မ်ိဳးဆက္ ျပတ္သြားလိမ့္မယ္.. သူ႔ကို တျခားမိန္းကေလးနဲ႔ပဲ လက္ဆက္ခိုင္းလိုက္ပါ.."

ဖြားဖြားက ရယ္ေမာကာ သူ႔ေျမးကို က်ီစယ္လိုက္သည္။

"ကဲ.. ဘယ္လိုလဲေျမးေလး.. လူေလးက ေျမးကို လက္မဆက္ခ်င္ဘူးတဲ့.."

"သူ လက္မဆက္ခ်င္လည္း မရဘူး.. သူက ကြၽန္ေတာ့္ သတို႔သမီးပဲ.."

"ဇြတ္အတင္းလုပ္ယူတဲ့ အိမ္ေထာင္ေရးက မသာယာႏိုင္ဘူး ေျမးေလး.."

"သူ ကြၽန္ေတာ့္ကိုခ်စ္လာေအာင္ ကြၽန္ေတာ္လုပ္ႏိုင္ပါတယ္ ဖြားဖြား.. မ်ိဳးဆက္အတြက္က အစ္ကိုႏွစ္ေယာက္က တာဝန္ယူၿပီးေမြးေပးမွာျဖစ္လို႔ ကြၽန္ေတာ္ ကေလးမယူလဲ ဘာမွမျဖစ္ဘူးမဟုတ္လား ဖြားဖြား.."

"ေျမးရဲ႕ခမည္းေတာ္ကို ေျပာေပါ့.. မင္းခမည္းေတာ္ သေဘာတူရင္ ရၿပီ.."

"ခမည္းေတာ္ သေဘာတူၿပီးပါၿပီ ဖြားဖြား.."

"ေအး.. ေအး.. ဒါဆို မဂၤလာရက္သတ္မွတ္ၿပီး လက္ထပ္ပြဲလုပ္ၾကတာေပါ့.."

ေျမးအဖြားႏွစ္ဦး တိုင္ပင္ေနသည္ကိုၾကည့္ၿပီး ခ်ဴလူလူ စိတ္ဓာတ္က်သြားသည္။

"ေျမးေလးနဲ႔ လက္ဆက္ခြင့္ရတဲ့အတြက္ ကံေကာင္းျခင္းမ်ားစြာက လူေလးဆီကိုေရာက္လာမွာပါ.. ဖြားဖြားတို႔လူမ်ိဳးစုက လူေတြၾကား ထင္ေပၚေအာင္မေနေပမယ့္ အတိုင္းတိုင္းအျပည္ျပည္က ေလးစားေၾကာက္႐ြံ႕ရတဲ့ အဆိပ္နဲ႔ ဝကၤပါပညာမွာ ၿပိဳင္ဘက္ကင္း တတ္ကြၽမ္းတဲ့ မ်ိဳးႏြယ္စုပါ.. ေျမးေလးနဲ႔လက္ထပ္ၿပီး မိသားစုဝင္ျဖစ္လာရင္ လူေလးကို ဒီပညာေတြသင္ေပးမယ္.. အဲ့ဒီအခါ ဒီေလာကမွာ လူေလးက အတားအဆီးမရွိ ႀကိဳက္တဲ့ေနရာကိုသြားႏိုင္ၿပီး လူတိုင္း ဦးၫြတ္ရတဲ့လူတစ္ေယာက္ ျဖစ္လာလိမ့္မယ္.."

လူမ်ိဳးစုဖြားဖြား၏စကားေၾကာင့္ ခ်ဴလူလူ သိလိုစိတ္တစ္ဝက္၊ ေၾကာက္႐ြံ႕စိတ္တစ္ဝက္ ဝင္လာခဲ့သည္။

"ဖြားဖြားတို႔က ဘာလူမ်ိဳးလဲ.."

"ဖြားဖြားတို႔က ေမာရကစ္လူမ်ိဳးပါ.. ထာဝရေရခဲတဲ့ေဒသကေန ေျပာင္းေ႐ႊ႕လာတဲ့ ေမာရကစ္လူမ်ိဳးေတြပါ.."

----------------------------------------------









စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)Where stories live. Discover now