Season (2) - Episode (3) (Z+U)

4.3K 332 61
                                    

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် Season (2) – Episode (3)

နန်ကျောင်ပြည်မှ ပြန်လာပြီးကတည်းက တင်ဂီရိက ကုလန်ဆိုသည့်အမည်ကို တရားဝင်ခံယူကာ အာနန်ပြည်တည်ဆောက်ရေးတွင် ဆူမီရာနှင့် တက်ညီလက်ညီ ဆောင်ရွက်နေတော့သည်။ အာနန်ပြည်တလွှား ကုလန်နှင့်ဆူမီရာတို့ ခြေမချဖူးသည့်နေရာ မရှိလောက်အောင် ခြေဆန့်ကာ အလုပ်ကို ဆက်တိုက်လုပ်ကိုင်လျက်ရှိသည်။ အာနန်နန်းတွင်းထဲတွင် ကုလန်၏မိဖုရားနေရာကို မျက်စောင်းထိုးနေကြသည့် အမတ်သမီး၊ စစ်သူကြီးသမီး၊ ၀န်ကြီးသမီးများက အခွင့်အရေးရဖို့ဝေးစွ စစ်ဘုရင်ကုလန်၏ အိမ်တော်ဝင်းထဲကို ခြေချခွင့်ပင် မရကြပေ။

ညီလာခံတွင် အမတ်တချို့က အိမ်ရှေ့စံ လက်ထပ်ကာ သားသမီးယူသင့်ပြီဖြစ်ကြောင်း မင်းကြီးကို လျှောက်တင်ကြသော်လည်း မင်းကြီးက သားတော်၏ အိမ်ထောင်ရေးကို ၀င်မစွက်ဖက်ဟု အတိအလင်းပြောကြားထားသဖြင့် အားလုံး ထပ်မံမလျှောက်တင်ဝံ့ကြတော့ပေ။ ငွေတောင်ပြည်မှ မင်းသားလေးဆူမီရာသည် အိမ်ရှေ့စံ၏ ဖွင့်မပြောသည့် ကြင်ယာတော်ဖြစ်ကြောင်း သိရှိထားသည့် မှူးမတ်ကြီးများက မချင့်မရဲဖြင့်သာ ကြည့်နေရတော့သည်။

အာနန်ပြည်မှ မင်း၊ မှူးမတ်အားလုံးက လက်ရည်တစ်ပြင်တည်း စားသောက်ကာ အာနန်ပြည်ကို ထူထောင်လာကြသူများပီပီ စစ်ဘုရင်ကုလန်၏ ရွေးချယ်မှုကို အပြစ်မတင်ကြသော်လည်း အာနန်ပြည်၏ ထီးမွေနန်းမွေအတွက် စဉ်းစားကာ စိတ်ပူပန်စွာ ခေါင်းယမ်းကြသည်။ သို့သော် ယေစုကိုင်းမင်းကြီးနှင့် သားတော်ကုလန်၏ အမျှော်အမြင်ကြီးမှုကို ယုံကြည်သဖြင့် မည်သို့မှ ထုတ်ဟပြောဆိုခြင်း မရှိကြပေ။

ဆူမီရာသည် ရေကန်ထဲတွင် နောင်တော်နှင့်အတူ လုံးထွေးကာ ချစ်တင်းနှောပြီး ထလာစဉ် နောင်တော်ထပ်ဆွဲထားသဖြင့် နောင်တော့်ကို ပြန်ဆွဲကာ ပြောလိုက်သည်။

"တက်ကြစို့ နောင်တော်.. ဒီနေ့ ချူလူလူ ပြန်လာမှာမဟုတ်လား.. ကျွန်တော်တို့ သူ့ကိုကြိုဖို့ ပြင်ဆင်ရမယ်လေ.."

"ခဏလေးပါကွာ.. ကိုယ် မီရာ့ကို ချစ်လို့မ၀သေးဘူး.."

"မရဘူး.. နောင်တော်က တစ်နေ့ ဘယ်နှကြိမ် ဖြစ်နေပြီလဲ.."

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် - Season (2)Tahanan ng mga kuwento. Tumuklas ngayon