Chapter (36) _ဆူမီရာကို လာေရာက္ကယ္တင္ေသာ စစ္နတ္ဘုရား ကုလန္ (Z+U)

1.3K 196 20
                                    

Chapter (36) _ဆူမီရာကို လာေရာက္ကယ္တင္ေသာ စစ္နတ္ဘုရား ကုလန္  (Z+U)

ေဟာ္သြန္းသည္ မွီအံုးကိုမွီကာ ျပတင္းေပါက္မွ ျမင္ေနရေသာ လျပည့္ည ေကာင္းကင္ကို ေငးေမာႀကည့္ေနစဥ္ အေနာက္ဘက္နားက တိုးညွင္းေသာ ေခၚသံကုိႀကားလိုက္ရသည္။

" မယ္မယ္ "

" သား...သားႀကီး "

ေဟာ္သြန္းသည္ သားေတာ္ႀကိီးကိုေတြ႕ေသာ္ ဝမ္းသာ ဝမ္းနည္းျဖင့္ အျမန္ထကာ ဖက္လိုက္သည္။

" မယ္မယ္.... ဘယ္လိုျဖစ္တာလဲဗ်ာ.. ဘာေႀကာင့္ ခုေလာက္ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲျဖစ္ေနရတာလဲ မယ္မယ္ရယ္။ ခမည္းေတာ္ မွာခဲ့တယ္ မဟုတ္လား။ ဘယ္လိုအရာေတြျဖစ္လာပါေစ... ခမည္းေတာ္နဲ႕ သားေတာ္က မယ္မယ့္ကို အျပစ္မတင္ပါဘူး "

" သား..သားႀကီး "

ေဟာ္သြန္းက မိိမိကို စိုးရိမ္သျဖင့္ ေသေဘးကို မငဲ့ပဲ ဒီအထိ လိုက္လာသည့္ သားႀကီးေႀကာင့္ ရင္ထဲ ဆို႕နစ္ကာ ရုတ္တရက္ စကားမေျပာနုိင္ေအာင္ျဖစ္ေနသည္။ ကုလန္က မယ္မယ္၏ ေက်ာကို အသာေလး ပုတ္ကာ နွစ္သိမ့္လိုက္သည္။

" မယ္မယ္ မငိုပါနဲ႕.... ကြ်န္ေတာ္ ေရာက္လာျပီ။ မယ္မယ္ျဖစ္ခ်င္တာကို ေျပာလိုက္ေနာ္။ ကြ်န္ေတာ္ အကုန္ ျဖစ္ေအာင္လုပ္ေပးမယ္ "

ေဟာ္သြန္းက စိတ္ခံစားခ်က္ကို ထိန္းလိုက္ျပီး အျမန္ေျပာလိုက္သည္။ သားငယ္က သားႀကီးေရာက္လာေႀကာင္းသိလွ်င္ ေသခ်ာေပါက္ သတ္ဖုိ႕ႀကံေတာ့မည္။

" သား... မီရာကို ေခၚျပီး ျပန္ေတာ့ေနာ္။ ျပီးရင္ မီရာနဲ႕ အျမန္ဆံုး လက္ထပ္ လိုက္ေတာ့။ သားႀကီးရဲ႕ လက္ထပ္ပြဲကို မယ္မယ္ တက္နုိ္င္မယ္ မထင္ေပမယ့္ မယ္မယ္အေဝးကေနပဲ သားတို႕နွစ္ေယာက္ကန္ေတာ့တာကို လက္ခံပါ့မယ္။ သား အခုညပဲ မီရာကို နန္ေက်ာင္ကေန ေခၚထုတ္သြား ပါေတာ့။ "

" မယ္မယ့္ကိုပါ တစ္ခါတည္း ေခၚလာဖုိ႕ ခမည္းေတာ္ မွာႀကားခဲ့ပါတယ္ မယ္မယ္ဘုရား။ သားေတာ္နဲ႕တစ္ခါတည္း လိုက္ခဲ့ပါ။ မယ္မယ္နဲ႕ ခမည္းေတာ္တို႕ ေကာင္းခ်ီးေပးတာကို ခံယူျပီးမွ မီရာနဲ႕ကြ်န္ေတာ္တုိ႕ လက္ထပ္ပြဲက ပိုျပည့္စံုမွာေပါ့ "

ကုလန္က မယ္မယ္၏ ေစတနာကို သိေပမယ့္ ယခုလိုအေျခေနထိ ယြမ္ခ်ဴးခန္ ေသာင္းက်န္းေနမွေတာ့ မယ္မယ့္ကို ရေအာင္ ေခၚထုတ္ သြားဖို႕ ဆံုးျဖတ္လိုက္သည္။

" မျဖစ္ဘူး... မယ္မယ့္စကားကို ေနာက္ဆံုးအႀကိမ္အျဖစ္ သားႀကီး နားေထာင္ေပးပါ။ မယ္မယ္ေတာင္းပန္ပါတယ္ကြယ္ "

ေဟာ္သြန္းက သားႀကိီး၏လက္ကို တင္းတင္းဆုပ္ကာ ေျပာလိုက္သည္။ သားငယ္လက္ခ်က္နွင့္ သားႀကီးကို မေသေစခ်င္သလို သားႀကီးေႀကာင့္ သားငယ္ ထိခိုက္မည္ကိုလည္း ေဟာ္သြန္း မျမင္ရက္ေပ။ နွစ္ေယာက္လံုးက ဖခင္မတူေပမယ့္ သူမ ဝမ္းနွင့္လြယ္ေမြးခဲ့ေသာ သားေတာ္မ်ားခ်ည္းျဖစ္သည္။ ညီအစ္ကိုနွစ္ေယာက္ သတ္ျဖတ္ေနတာကို ျမင္ရလွ်င္ မိမ္ိ အသည္းပဲ့ေႀကြသြားေလာက္သည္။

" မယ္မယ္ေတာင္းပန္စရာမလိုပါဘူးဗ်ာ။ ကြ်န္ေတာ္က မယ္မယ့္သားပါ။ မယ္မယ့္ အမိန္႕ကို တစ္ေသြမတိမ္းနားေထာင္ဖုိ႕ က ကြ်န္ေတာ့္အတြက္ လုပ္ရမယ့္ အခ်က္ပါ။  "

ကုလန္သည္ မယ္မယ္၏ မ်က္ရည္မ်ားနွင့္ ေတာင္းပန္စကားကို ႀကားေသာ္ ရင္နာသြားခဲ့သည္။ မယ္မယ့္ကို မိမိနွင့္ ခမည္းေတာ္က မ်က္နွာမညွိဳးေအာင္ ထားခဲ့သမွ် နန္ေက်ာင္ဘုရင္ သားအဖက မယ္မယ့္ကို စိတ္ဆင္းရဲေအာင္ လုပ္ခဲ့သည္။ ထိုသားအဖကို ကုလန္ ဘယ္လုိမွ ခြင့္မလႊတ္နုိ္င္ေတာ့ေပ။


" ေကာင္းပါျပီကြယ္။ မယ္မယ္ စကားမွားသြားတာပါ။ သားႀကီးကို မယ္မယ္ အမိန္႕ေပးမယ္။ ဒီည မီရာကို ေခၚျပီးသားေတာ္ အာနန္ကိုျပန္ပါေတာ့။ ျပီးရင္ မီရာကို အျမန္ဆုံးလက္ထပ္လိုက္ပါ "

ေဟာ္သြန္းက မ်က္ရည္သုတ္ကာ သားႀကီးကို ႀကင္နာစြာႀကည့္ကာ ေျပာလိုက္သည္။

" မယ္မယ့္အမိန္႕ကို သား နာခံပါ့မယ္။ ဒါေပမယ့္ မယ္မယ္ က်န္းက်န္းမာမာနဲ႕ အသက္ရွည္ရွည္ ေနသြားမယ္လို႕ကတိေပးရမယ္။ "

"  မယ္မယ္ ကတိေပးပါတယ္ကြယ္။ မယ္မယ္ ကတိေပးပါတယ္။ သားႀကီးတို႕ လင္မယားကို မယ္မယ္ အေဝးကေန အျမဲ ဆုေတာင္းေပး ေနမွာ ပါကြယ္"

"မယ္မယ့္အမိန္႕ကို သားေတာ္ နာခံပါ့မယ္  "

ကုလန္သည္ မယ္မယ့္ပံုစံေႀကာင့္ အတင္းအက်ပ္မေျပာေတာ့ပဲ စ ကားနာခံလိုက္ရေပမယ့္ ရင္ထဲတြင္ေတာ့ ယြမ္ခ်ဴးခန္တို႕ သားအဖကို အေသသတ္ခ်င္စိတ္တို႕ေပၚလာေတာ့သည္။

" သားေတာ္ ခဏပုန္းေနပါဦး။ မယ္မယ္ မိီရာကို ေခၚခုိင္းလိုက္ပါ့မယ္ "

ေဟာ္သြန္းက သားႀကီးကို ပုန္းေအာင္းေစျပီး မ်က္နွာေပၚက မ်က္ရည္ကို သုတ္ကာ အျပင္မွ အေျခြရံမ်ားကို ေခၚလိုက္သည္။

" အေျခြရံတို႕ "

" ခစားလ်က္ ရွိေႀကာင္းပါ သခင္မဘုရား "

" ေငြေတာင္မင္းသားကို သြားေခၚေပးပါဦး။ သခင္မ ညအိပ္မေပ်ာ္လို႕ စကားေျပာခ်င္လို႕ ခဏလာေပးပါလို႕ေျပာလိုက္ပါ "

" မွန္လွပါဘုရား "

အေျခြရံမ်ားက ညနက္သန္းေခါင္ မိဖုရားေခါင္၏ ထူးဆန္းေသာအမိန္႕ေႀကာင့္ ခ်က္ခ်င္းေခၚေပးလိုက္ေတာ့သည္။ သာမန္ဆိုလွ်င္ မိဖုရားေခါင္အေဆာင္ကို ေယာက်ာ္းဝင္ခြင့္မရွိေပမယ့္ ေငြေတာင္မင္းသားက မႀကာခင္ နန္ေက်ာင္ျပည္၏ ဧကရီျဖစ္လာမည့္သူ ျဖစ္သည့္အျပင္ သမားေတာ္လည္း ျဖစ္ေသာေႀကာင့္ မင္းႀကိီးအမိန္႕ျဖင့္ အခ်ိန္မေရြး မိဖုရားေခါင္အေဆာင္ကို ဝင္ထြက္ခြင့္ရထားသူျဖစ္သည္။

" အရီးေတာ္ဘုရား "

ဆူမီရာက အရီးေတာ္ တခုခုျဖစ္သည္ဟု ထင္ကာ စိုးရိမ္တႀကီး ေဆးအိတ္ဆြဲကာ ေရာက္လာခဲ့သည္။

" မီရာေရာက္လာျပီလား။ အရီးေတာ္ဆီ လာပါဦးကြယ္။ အရီးေတာ္ကို ခဏ စကားစျမည္ေျပာေပးပါဦး "

ေဟာ္သြန္းက ဆူမီရာ၏ လက္ေလးကို အသာယာဆုပ္ကိုင္ကာ ေျပာလိုက္သည္။

" မွန္လွပါ အရီးေတာ္ဘုရား "

ဆူမီရာက ထူးဆန္းသည္ဟု ထင္ေနစဥ္ အရီးေတာ္က အေျခြရံမ်ားကို ခ်က္ခ်င္းနွင္ထုတ္လိုက္သည္။

" အပ်ိဳေတာ္တို႕ အခန္းထဲက ထြက္သြားႀကေတာ့... သခင္မ ေငြေတာင္မင္းသားနဲ႕ လြတ္လြတ္လပ္လပ္ စကားေျပာခ်င္တယ္ "

" အရီးေတာ္...ဘာျဖစ္လို႕လဲဟင္.... ဘယ္နားက ေနမေကာင္းလုိ႕လဲ... "
ဆူမီရာက အရီးေတာ္ကို ႀကင္နာစြာ ေမးလိုက္သည္။

" အရီးေတာ္ သက္သာပါတယ္ကြယ္။ သားႀကီး... ထြက္လာလို႕ရျပီ "

" ေနာင္ေတာ္.... ေနာင္ေတာ္ ဘယ္လိုေရာက္လာတာလဲ။ ကြ်န္ေတာ္ စာပို႕လိုက္တာ မရဘူးလား "

အရီးေတာ္၏ စကားေႀကာင့္ ေနာင္ေတာ္ ကုလန္က ခန္းစီးအကြယ္မွ ထြက္လာသျဖင့္ ဆူမီရာ၏ မ်က္လံုး ဝိုင္းစက္သြားကာ လန္႕သြားခဲ့သည္။ သူ႕ကုိ မလာေစခ်င္ကာမွ သူက ဆိုက္ဆိုက္ျမိဳက္ျမိဳက္ ေရာက္နွင့္ေလျပီ။

" ေနာင္ေတာ္က ဒီကိုေရာက္နွင့္ေနျပီးျပီေလ။ မယ္မယ္ သားေတာ္တို႕ သြားပါေတာ့မယ္။ မယ္မယ့္ကို ရွိခိုးခဲ့ပါတယ္ "

ကုလန္က ဆူမီရာကို ဖက္လို္က္ျပီး အျမန္ေျပာလိုက္သည္။

" ေနာင္ေတာ္... ဘယ္ကိုသြားမွာလဲဟင္ "

ဆူမီရာက မ်က္လံုးအျပဴးသားနွင့္ေမးလိုက္စဥ္ ကုလန္က ေျပာလိုက္သည္။

" မယ္မယ္က မီရာ့ကို အာနန္ကို ညခ်င္းတြင္း ေခၚထုတ္သြားေစခ်င္ ေနလို႕ပါ "

" အရီးေတာ္ရဲ႕က်န္းမာေရးက... "

" အရီးေတာ္ သက္သာပါတယ္။ မီရာအခု ဒီမွာ ဆက္ရွိေနရင္ သားငယ္က ဘာေတြ လုပ္မလဲလို႕ အရီးေတာ္ တထိတ္ထိတ္ျဖစ္ေနရင္ ေရာဂါပိုသည္း နုိင္ပါတယ္ကြယ္။ ဒါေႀကာင့္ မီရာ..သားႀကီးနဲ႕လိုက္သြားပါ။  အရီးေတာ္ သားတို႕ မဂၤလာကို မတက္နုိင္ေပမယ့္ အေဝးကေနပဲ ဆုေတာင္းေပးလုိက္ ပါ့မယ္ကြယ္ "

" အရီးေတာ္.... ကြ်န္ေတာ္ "

ဆူမီရာက အရီးေတာ္ ဘာေႀကာင့္ ခုလိုလုပ္သည္ကို နားလည္ ေသာေႀကာင့္ ဘာဆက္ေျပာရမွန္းမသိျဖစ္သြားေတာ့သည္။ အရီးေတာ္ကို စိတ္မခ်ေပမယ့္ ဒီမွာ ေနာင္ေတာ္ ရွိေနတာ ယြမ္ခ်ဴးခန္သိလွ်င္ ခ်က္ခ်င္း လာသတ္မွာေသခ်ာသည္။ ဒါဆိုလွ်င္ အရိီးေတာ္ ပိုစိတ္ဆင္းရဲေပလိမ့္မည္။

" အခ်ိန္မရွိေတာ့ဘူး။ တကယ္လုိ႕ မီရာ ဒီကိုလာတာႀကာေနရင္ သားငယ္က မသၤကာျဖစ္ျပီး လိုက္လာနုိင္တယ္။ အခု သားႀကီးနဲ႕ခ်က္ခ်င္း  လိုက္သြားေတာ့ "

ေဟာ္သြန္းက အျမန္တို္က္တြန္းလိုက္သည္။

"အရီးေတာ္ကို ကန္ေတာ့ခဲ့ပါတယ္။ အရီးေတာ္က်န္းမာေရးကို ဂရုစိုက္ပါ။   "

" သာဓု သာဓု သာဓု... သားေတာ္နဲ႕မီရာတို႕ အာနန္ကို အႏၱာရာယ္ကင္းကင္းနဲ႕ ေရာက္သြားပါေစကြယ္ "

ကုလန္နွင့္ ဆူမီရာက မိဖုရားေခါင္ ေဟာ္သြန္းကို ကန္ေတာ့ျပီး ျပတင္းေပါက္မွတဆင့္ အျပင္ကုိထြက္ကာ အေမွာင္ထုထဲ ဝင္ေရာက္ ေပ်ာက္ကြယ္သြားေတာ့သည္။

အေမွာင္ထဲတြင္ ေစာင့္ေနသည့္ ရဲမတ္မ်ားက သူတို႕ထြက္သြားသည္နွင့္ ယြမ္ခ်ဴးခန္ဆီ ခ်က္ခ်င္း သတင္းပုိ႕လိုက္သည္။

" အရွင့္သား...သူတုိ႕ သြားပါျပီ "

" သြားပါေစ... နန္ေက်ာင္ျမိဳ႕ေတာ္ထဲကေန ထြက္သြားပါေစဦး။ ျမိဳ႕ေတာ္ထဲမွာရွိလို႕ တခုခုလုပ္လိုက္ရင္ မယ္မယ္သိသြားနိုင္တယ္။ ေက်ာက္ေတာအုပ္ကိုေရာက္ရင္ေတာ့ တခါတည္း ကုလန္ကိုရေအာင္ ဖမ္းႀက။ ဘယ္နည္းကို သံုးရပါေစ၊ လူအင္အား ဘယ္ေလာက္ စေတးရပါေစ..ကုလန္ရဲ႕ ေခါင္းကိုလိုခ်င္တယ္။ သူ႕ေခါင္းကို ရေအာင္ယူေပးနုိင္တဲ့သူကို  ဆုလာဘ္နဲ႕အတူ စစ္သူႀကီး ရာထူးခန္႕အပ္မယ္လုိ႕ အမိန္႕ထုတ္လိုက္။  "

ယြမ္ခ်ဴးခန္က ေအးစက္စြာ အမိန္႕ထုတ္ျပန္လိုက္သည္။ သူ႕မ်က္လုံး ထဲမွာ ျပင္းထန္ေသာ အမုန္းတို႕ျဖင့္ ေတာက္ေလာင္ေနသည္။ သူ႕ကို တစ္သက္လံုး ဖိနွိပ္လာေသာ ရန္သူကို သုတ္သင္ရေတာ့ မည္ျဖစ္ ေသာေႀကာင့္ မ်က္ဝန္းေတြထဲမွာ လူသတ္ရိပ္တို႕ျဖင့္လႊမ္းေနသည္။

" အမိ္န္႕အတိုင္းပါ အရွင္ "

" ကုလန္ ... မင္း ငါ့ ေထာင္ေခ်ာက္ထဲကို တည့္တည့္တိုးလာတဲ့အတြက္ နတ္ေဒဝါအေပါင္းကို ေက်းဇူးတင္ရမယ္။ ဒီနန္ေက်ာင္က မင္းရဲ သခ်ၤိဳင္းေျမ ျဖစ္ရမယ္။ မင္းရဲ႕ေခါင္းနဲ႕ နန္ေက်ာင္ျပည္ကို ေစာင့္ႀကပ္တဲ့ နတ္ေဒဝါေတြကို ပသျပီး မီရာ့လက္ကို ဆြဲလို႕ ငါ နန္းတက္ပြဲကို က်င္းပမယ္.... "

ယြမ္ခ်ဴးခန္က က်ံုးဝါးရင္း လက္သိီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္သည္။ တစ္သက္လံုး သိမ္ငယ္ခဲ့သမွ် ကုလန္ရဲ႕ လည္ေခ်ာင္းေသြးျဖင့္ ေျခေဆးကာ ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းရေတာ့မည္။

နန္ေက်ာင္ျမိဳ႕ထဲမွ အျမန္ထြက္လာရင္း ဆူမီရာက ကုလန္ကို ေျပာလိုက္သည္။

" ေနာင္ေတာ္... ယြမ္ခ်ဴးခန္က ေနာင္ေတာ့္ကို နန္ေက်ာင္ျပည္ကို အလာ လုပ္ႀကံဖို႕ျပင္ထားလို႕ ကြ်န္ေတာ္ ေနာင္ေတာ္ကို မလာဖုိ႕လွမ္းတားလိုက္တာ။ ဒီက အျမန္ထြက္မွျဖစ္မယ္။  "

" ကိုယ္သိတယ္။ သူက တမင္သက္သက္ ကိုယ့္ကို နန္းေတာ္ထဲကို အဝင္ခံခဲ့ျပီး မယ္မယ္ စိတ္မေကာင္းျဖစ္မွာစိုးလို႕ ျမိဳ႕ေတာ္ထဲမွ မလုပ္ႀကံတာလည္း သိတယ္ "

"  ဟင္... ကြ်န္ေတာ္တုိ႕ကို ယြမ္ခ်ဴးခန္ ရဲ႕အဖြဲ႕ေတြ လိုက္ေနျပီလား"

ဆူမီရာက ကုလန္၏ စကားေႀကာင့္ လန္႕သြားခဲ့သည္။ မိမိတို႕ထြက္ေျပးလာတာကို ယြမ္ခ်ဴးခန္ သိသြားျပီလား။

" အင္း..ဟုတ္တယ္။ သူတို႕က ေက်ာက္ေတာအုပ္မွာ အထူးတပ္ဖြဲ႕နဲ႕ ေနာင္ေတာ့္ကို သတ္ဖုိ႕လုပ္မယ္ထင္တယ္။ အဲ့ဒီေနရာက ျခံဳခိုတိုက္ဖို႕ အေကာင္းဆံုးပဲ "

" တျခားဘက္က ေကြ႕သြားရေအာင္... သူ႕ရဲ႕အထူးတပ္ဖြဲ႕က ေႀကာက္စရာ ေကာင္းတယ္လုိ႕ႀကားတယ္။ အထူး လက္နက္ေတြကို တီထြင္ထားႀက တယ္တဲ့ "

ဆူမီရာက ေနာင္ေတာ့္အတြက္ စိုးရိမ္ကာ အသံမ်ားပင္ တုန္သြားခဲ့သည္။ ယြမ္ခ်ဴးခန္က မိိမိကုိ သတ္မွာမဟုတ္ေပမယ့္ ေနာင္ေတာ့္ကို အရမ္းမုန္းေနတာ ဆိုေတာ့ ... ေနာင္ေတာ့္ကို အေသသတ္ဖုိ႕ ႀကံထားမည္ကို သိသျဖင့္ တုန္ယင္လာမိသည္။

" ေနာင္ေတာ့္ကို ယံုတယ္မဟုတ္လား မီရာေလး "

ကုလန္က ဆူမီရာ  ေျပးလႊားရင္း ေမးလိုက္သည္။ မိမိအတြက္ သူ စိုးရိမ္ေနသည္ကို သိသျဖင့္ ကုလန္ စိတ္မေကာင္းျဖစ္သြားသည္။ မီရာကို မိိမိ လံုေလာက္ေအာင္ မကာကြယ္ ေပးနုိင္လို႕ သူ အခုလို စိတ္ဆင္းရဲရသည္။ ေနာင္တြင္ ဒီလို လံုးဝမျဖစ္ေစရဟု စိတ္ပိုင္းျဖတ္ထားလိုက္သည္။

" ယံုပါတယ္။ ဒါေပမယ့္ သူက ေကာက္က်စ္ဥာဏ္မ်ားတဲ့သူျဖစ္ေနျပီ။ ညီအစ္ကိုဆိုတဲ့ အေတြး လံုးဝမရွိသလို ေနာင္ေတာ့္ကိုလည္း မုန္းေနတယ္။ ယြမ္ခ်ဴးခန္က ရူးေနျပီ ေနာင္ေတာ္။ အရူးက မလုပ္ရဲတာ ဘာမွ မရွိဘူး။ ကြ်န္ေတာ့္ ခ်စ္သူကို လံုးဝ အဆံုးရံႈးမခံနုိင္ဘူး။ ဒါေႀကာင့္ တျခားလမ္းက သြားရေအာင္ပါေနာ္... "

" ေနာက္က်သြားျပီ မီရာ... သူတုိ႕အဖြဲ႕ ကိုယ္တို႕ေနာက္က လိုက္ေနျပီ။ "

ကုလန္က ေျပာျပီးျမင္းကို စိုင္းလိုက္သည္။ တကယ္လည္း အေနာက္ဘက္မွ သံမ်က္နွာဖံုးစြပ္ အနက္ေရာင္ဝတ္စံုနွင့္ အထူးတပ္ဖြဲ႕ တစ္ဖြဲ႕က ဆူမီရာနွင့္ ကုလန္တို႕ ျမင္းေနာက္မွ တရႀကမ္း လိုက္လာခဲ့သည္။

" ေနာင္ေတာ္.... ကြ်န္ေတာ့္ကို ထားျပီး လြတ္ေအာင္ေျပးပါေတာ့။ ကြ်န္ေတာ္ သူတို႕ကို တားထားလို္က္မယ္ "

ဆူမီရာက ကုလန္ကို အတင္းတိုက္တြန္းလိုက္သည္။ အေနာက္က ျမင္းတပ္ဖြဲ႕ကိုလွည့္ႀကည့္ကာ စိုးရိမ္စိတ္က တားမရေအာင္ ႀကီးထြားလာခဲ့သည္။

" ကိုယ့္ခ်စ္သူေလးကို ထားသြားရမယ္ ဟုတ္လား။ မီရာ ကိုယ္ အဲ့လို လုပ္မယ္ ထင္လို႕လား။ မရဘူး။ ကိုယ္ရွိေနသေရြ႕ မီရာ့ကို ဘယ္သူမွ မထိေစရဘူး။ စိတ္ခ်ပါ။ ေနာင္ေတာ္က အားလံုး ႀကိဳတင္ျပင္ဆင္ လာခဲ့ျပီးသားပါ "

ကုလန္က ျပတ္သားစြာေျပာလိုက္သျဖင့္ ဆူမီရာ၏ ပူပန္ေနေသာ စိတ္နွလံုးက တည္ျငိမ္သြားျပီး အံႀကိတ္ကာ ေျပာလိုက္သည္။

" ေကာင္းျပီ။ ရွင္လည္းအတူတူ ေသလည္းအတူတူပဲ။ ေနာင္ေတာ့္ကို သူ တခုခုလုပ္လိုက္ရင္ ကြ်န္ေတာ္လည္း ေနာင္ေတာ္နဲ႕အတူ စမ္းေခ်ာင္းဝါကို အေဖာ္လုပ္ျပီးလိုက္ခဲ့မယ္။ "

ထိုစကားေႀကာင့္ ကုလန္က မီရာ၏ မ်က္နွာေလးကို ျမတ္နိုးျခင္းမ်ားစြာျဖင့္ ႀကည့္လိုက္မိသည္။ သူခ်စ္သည္ ဆူမီရာက ဒီလို လူငယ္ေလးဆိုတာ အသိဆံုးျဖစ္ေပမယ့္ သူ႕ပါးစပ္က ခုလို ေျပာသံႀကားရေတာ့ ကုလန္ ေခါင္းအစ ေျခအဆံုး ပီတိျဖာကာ ႀကက္သီးေမႊးညွင္းပင္ ေထာင္သြားမိသည္။

" ေကာင္းျပီ။ ေသအတူ ရွင္မကြာ။ ေက်ာက္ေတာအုပ္ထဲကိုပဲ သြားမယ္။  "

နွစ္ဦးသားျမင္းကို ဒုန္းစိုင္းကာ ေက်ာက္ေတာအုပ္ထဲကို တိုးဝင္သြားႀကသည္။

" က်ား..က်ား.... "

" ခြပ္...ခြပ္...ခြပ္... "

ထုိစဥ္ လမ္းနံေဘး ျခံဳထဲက ရုတ္တရက္ လူတစ္စုထြက္လာျပီး ကုလန္တို႕ ေနာက္ကို လိုက္လာသည့္ တပ္ဖြဲ႕ကို တိုက္ခို္က္လိုက္ႀကသည္။ ထိုတပ္ဖြဲ႕က အလစ္ငိုက္မိကုန္ကာ ဖရိုဖရဲျဖစ္သြားႀကသည္။

" ရႊီး...ဒိုင္း....ရႊီး...ရႊီး..ဒိုင္း "
" ဟီး...ဟီး..ဟီး.... "
" ရန္သူ...ျခဳံခိုတိုက္တယ္။ သတိထား "
" ဝွစ္...ဝွစ္.... ဝွစ္.. "
" အား.... "
"  အား....."
" ဟီး..ဟီး..ဟီး.... "

" ေနာင္ေတာ္...သူတို႕က.... "

ဆူမီရာက အံ့အားသင့္ကာေမးမည္အျပဳ ျမင္းတစ္စီးနွင့္ လူတစ္ေယာက္ ခ်ဥ္းကပ္လာခဲ့သည္။

" မီရာ.... ျမန္ျမန္.... သူတို႕ဘက္က သံခ်ပ္ကာ တပ္ျကီးလိုက္လာျပီ လို႕ႀကားတယ္။ ဒီဘက္လမ္းကေန ထြက္ႀကမယ္"

"  ခ်ိဳနန္....ဘယ္လိုလုပ္ျပီး ဒီကိုေရာက္ေနတာလဲ "

ဆူမီရာက ပါးစပ္အေဟာင္းသားျဖစ္ကာ ဝကၤပါျမိဳင္က ခ်ိဳနန္ကို ႀကည့္ကာ ေမးလိုက္သည္။

" ေနာင္ေတာ္ ကုလန္က အေႀကာင္းႀကားထားလို႕ ဝကၤပါျမိဳင္က လာကူတာ၊ သြားႀကစို႕။ က်န္တဲ့လူေတြက လမ္းလႊဲေပးလိ္မ့္မယ္။  "

ခ်ဳိနန္ဦးဆာင္သည့္ေနာက္ကို ကုလန္နွင့္ ဆူမီရာတုိ႕ ျမင္းကိုယ္စီျဖင့္ တညလံုး ခရီးနွင္ လာႀကစဥ္ နယ္စပ္ကို တျဖည္းျဖည္းနီးလာခဲ့ေလျပီ။ ေနာင္ေတာ္ ကုလန္က ဝကၤပါျမိဳင္ကို ႀကိဳတင္ အကူညီေတာင္းထားသည္ကို သိကာ ဆူမီရာ စိတ္ေအးသြားခဲ့သည္။ ဝကၤပါျမိဳင္က ထူးဆန္းေသာလက္နက္မ်ားေႀကာင့္ နန္ေက်ာင္တပ္ဖြဲ႕ကို ေသခ်ာေပါက္ ဟန္႕တားနုိင္မည္ဟု ယံုႀကည္သည္။

ကုလန္၊ ဆူမီရာနွင့္ ခ်ိဳနန္တို႕က ျမင္းကိုယ္စီျဖင့္ ေက်ာက္ေတာအုပ္ကို ေကြ႕ကာ ခရီးဆက္ခဲ့ႀကသည္။ သူတုိ႕ဦးတည္ရာက နယ္စပ္ဘက္ကို ထိုးေဖာက္နုိင္ဖို႕ျဖစ္သည္။

"ဝွစ္....ဝွစ္...  "
" ေရွာင္လိုက္...ခ်ိဳနန္ "

ထိုစဥ္ မည္းမည္းအလံုးမ်ားလႊင့္ပ်ံလာသျဖင့္ ကုလန္က သတိေပးလိုက္သည္။ ခ်ဳိနန္လည္း ျမင္းကို တဖက္သို႕ဆြဲလွည့္ကာ ေရွာင္ျပီးသားျဖစ္သည္။

" ဝုန္း...ဝုန္း....  "
" ဝွစ္...ဝွစ္... "
"  ဝုန္း...ဝုန္း...."

" ဒါ..ဒါ ဘာလက္နက္ေတြလဲ.. "

ထိုအလံုးမ်ားနွင့္ ထိသည့္ေနရာတိုင္းက မည္းမည္းအေငြ႕မ်ား ထြက္လာျပီး ထိုေနရာတဝိုက္ မီးေလာင္သလို မည္းတူးသြားေတာ့သည္။

" အဲ့ဒါ ယြမ္ခ်ဴးခန္ရဲ႕လွ်ိဳ႕ဝွက္လက္နက္ပဲ။ ေပါက္ကြဲေစတဲ့ ယမ္းအျပင္ အဆိပ္ေတြပါ ထည့္ထားတယ္။ အားလံုး အသက္ေအာင့္ထားႀက။ အေငြ႕ေတြကို မရႈမႀကေစနဲ႕... "

ကုလန္က မီရာကို ဖက္ကာ ျခံဳထဲ ခုန္ခ်လိုက္သျဖင့္ ျမင္းနွစ္ေကာင္ကုိ လွ်ိဳ႕ဝွက္လက္နက္ထိမိျပီး လဲက်ေသဆံုးကာ ခ်က္ခ်င္းမည္းနက္ သြားေတာ့သည္။

" ဟာ... အဆိပ္က ျပင္းထန္လိုက္တာ... ဒီလက္နက္က အရမ္းရက္စက္တာပဲ... "

ဆူမီရာက ျပင္းထန္ရက္စက္ေသာ အဆိပ္လက္နက္ေႀကာင့္ ႀကက္သီးထသြားခဲ့သည္။ ယြမ္ခ်ဴးခန္က ဒီေလာက္ရက္စက္ကာ လူစိတ္ကင္းမည္ဟု သူ လံုးဝထင္မထားခဲ့မိေပ။

" ဟုတ္တယ္... ယမ္းအျပင္ အဆိပ္ကိုပါ သံုးထားတာ ယြမ္ခ်ဴးခန္က အသိစိတ္ လံုးဝမရွိတဲ့ လူသတ္သမားျဖစ္သြားျပီ။ လာ... ဒီဘက္ကေန သြားႀကမယ္ "

"  ေနာင္ေတာ္...  ခ်ိဳနန္..."

ဆူမီရာက ခ်ိဳနန္ကို စိတ္ပူကာေမးလိုက္စဥ္ သူတို႕အေနာက္နားက ခ်ိဳနန္ေရာက္လာျပီး အဆိပ္ေျဖေဆးစြတ္ထားသည့္ ပုဝါကိုေပးကာေျပာ လိုက္သည္။

" ကြ်န္ေတာ္ ဒီမွာရွိတယ္ မီရာ... မပူနဲ႕...ေရာ့...ဒီ ပုဝါကို ပါးစပ္နဲ႕နားေခါင္းကို ပတ္ခ်ည္ထားလိုက္။  "

ကုလန္နွင့္ ဆူမီရာက ခ်ိဳနန္၏ ဥိီးေဆာင္မႈေနာက္ကို လိုက္ကာ ထိုေနရာမွ အျမန္ေျပးထြက္ခဲ့ႀကသည္။ သံခ်ပ္နက္ ဝတ္ထားသည့္ လွ်ိဳ႕ဝွက္ တပ္ဖြဲ႕က အေနာက္မွ ေတာက္ေလွ်ာက္လိုက္လာေပမယ့္ ေတာက ထူလာျပီး ျခံဳႏြယ္မ်ားေႀကာင့္ ျမင္းမ်ားက ျမန္ျမန္ မလို္က္နုိင္ႀကေပ။ ဒါေႀကာင့္ သံခ်ပ္နက္အဖြဲ႕ေခါင္းေဆာင္က ျမင္းေပၚက ဆင္းျပီး ကုလန္တို႕ေနာက္ကို ထပ္ခ်ပ္မကြာ လိုက္ေစသည္။

" ကုလန္ရဲ႕ေခါင္းကိုရေအာင္ယူနို္င္တဲ့သူက စစ္သူႀကီးရာထူးကိုရမယ္။ အားလံုး ကုလန္ရဲ႕ သတ္... "
"  သတ္...."

အေနာက္မွ သံခ်ပ္တပ္ဖြဲ႕ဆီက ေႀကြးေက်ာ္သံကိုႀကားေတာ့ ဆူမီရာ ေခါင္းပင္က်ိန္းသြားေတာ့သည္။

" ဒီေကာင္ ယြမ္ခ်ဴးခန္ အရူး... သူ႕ကို သနားမိတာေတာင္ မွားသြားျပီ "

" စိတ္မဆိုးပါနဲ႕။ သူက ဒီလိုလုပ္ျပေတာ့ ကိုယ့္မီရာေလး သူ႕ပင္ကိုယ္စိတ္ရင္းကို ျမန္ျမန္သိရတာေပါ့..မဟုတ္ဘူးလား။ မဟုတ္ရင္ ေနာင္ေတာ္က အရမ္း တင္းမာတယ္ပဲ မီရာက ထင္ေနမွာမဟုတ္လား "

ကုလန္က မီရာ၏ လက္ကို ညစ္ကာ ေမးလိုက္သည္။

"ဟင့္အင္း..မထင္ပါဘူး။ ကြ်န္ေတာ္ကသာ စိတ္ေပ်ာ့တာပါ။ ျပီးေတာ့ လူေကာင္း၊ လူဆိုးကို မခြဲတတ္ေအာင္ အ တဲ့သူပါ။ "

"ဟင့္အင္း..ကိုယ့္မိီရာေလးက ျဖဴစင္လြန္းလို႕ပါ။ ဘာျဖစ္ျဖစ္ ဒီလို စိတ္ထားေလးက ကိုယ္ အျမတ္နိုးဆံုးအခ်က္ေလးပဲ  "

အသက္လုေျပးေနရစဥ္ ထိုစကားေႀကာင့္ ဆူမီရာ ရင္ခုန္သြားခဲ့ျပီး ေနာင္ေတာ္၏လက္ကို တင္းတင္းဆုပ္ကို္င္ထားလို္က္မိေတာ့သည္။ ေနာင္ေတာ္နဲ႕သာ အတူရွိမယ္ဆိုရင္ ငရဲကိုသြားရလည္း မီရာ လိုက္ရဲပါသည္။

ဒီလူ...အရမ္းကို သတၱိရွိျပီး ရဲရင့္ေသာသူ။ ေယာက်ားပီသျပီး အခ်စ္ႀကီးေသာ ခ်စ္သူ...ဒီလူ ေနာင္ေတာ္ကုလန္က ဆူမီရာ အသည္းနင့္ေအာင္ ခ်စ္ရေသာ လူတစ္ေယာက္သာျဖစ္ပါေတာ့သည္။

========================
သူတို႕ဘယ္ေလာက္ပဲ ေဖာက္ေျပးသည္ျဖစ္ေစ သံခ်ပ္ဝတ္တပ္ဖြဲ႕က ထြက္ေပါက္အားလံုးကို ပိတ္ထားသျဖင့္ မႀကာခင္ ဝို္င္းမိသြားေတာ့သည္။

"ေအးေအးေဆးေဆး လက္နက္ခ်ရင္ မင္းအေလာင္းကို တစ္စစီ မလုပ္ပဲ ေခါင္းပဲ ျဖစ္မယ္ ကုလန္...လက္နက္ခ်လိုက္ေတာ့ ကုလန္  "

သံခ်ပ္ဝတ္ တပ္မႈးက ေမာက္မာစြာေျပာလိုက္သည္။

" စိတ္ကူးယဥ္မေနႀကနဲ႕..မင္းတုိ႕ အစြမ္းစရွိရင္ လာခဲ့ "

ကုလန္က ေအးစက္စက္ ျပန္ေျဖလိုက္သည္။

" ေျပာမရရင္ အားလံုး ဝိုင္းတိုက္ႀက ။ ေငြေတာင္မင္းသားကို အရွင္ရေအာင္ဖမ္း... ျပီးရင္ ကုလန္ကို လက္နက္အကုန္နဲ႕ဝိုင္းတိုက္"

ထိုတပ္မႈးက အရွက္ကင္းမဲ့စြာ အမိန္႕ေပးလိုက္သျဖင့္ ဆူမီရာက မခံမရပ္နုိ္င္ျဖစ္ကာ ေရွ႕မွ ကာျပီးေျပာလို္က္သည္။

ရာရာစစ သူ႕ခ်စ္သူကို သတ္မည္ဟု သူ႕ေရွ႕မွာ က်ံဳးဝါးရဲသည္။ သူက အင္အားနည္းတယ္ဆိုေပမယ့္ ကိုယ့္ခ်စ္သူကို ခုလို ေစာ္ကားတာကို လံုးဝ လက္မခံနုိ္င္ေပ။

" မိုက္ရိုင္းလိုက္တဲ့လူေတြ... ခင္ဗ်ားတို႕ က်ဳပ္ကို သတ္နုိင္မွ ေနာင္ေတာ့္ကို ရမယ္ဆိုတာမွတ္ထား "

ဆူမီရာက ဓါးရွည္ကို ဝင့္ကာ ေနာင္ေတာ္၏ေရွ႕တြင္ ကာဆီးကာ ေျပာလိုက္သည္။

" အရွင့္သား...ကြ်န္ေတာ္မ်ိဳးတို႕ကို အက်ပ္ေတြ႕ေအာင္ မလုပ္ပါနဲ႕။ အရွင္ငယ္ရဲ႕အမိန္႕ေႀကာင့္ ကြ်န္ေတာ္မ်ိဳးတို႕ အရွင့္သားကို လက္ရဖမ္းရပါလိ္မ့္မယ္။  .. ေမ့ေဆးေငြ႕ကိုသံုး.... ပစ္  "

" ေနာင္ေတာ္... ျမန္ျမန္ေျပးေတာ့ "

ဆူမီရာက ထိုအမိန္႕ကိုႀကားေတာ့ ေနာင္ေတာ့္ကို အျမန္ေျပာလိုက္ျပီး သူ႕လည္ပင္းတြင္ ဓါးေတ့ကာ ထိုသံခ်ပ္ကာတပ္ဖြဲ႕ကို ျခိမ္းေျခာက္လိုက္သည္။

" မင္းတို႕ ေရွ႕ဆက္တိုးလာမယ္... ေမ့ေဆးေငြ႕ပစ္မယ္ဆိုရင္ ငါ့အေလာင္းကိုပဲ ေကာက္သြားလိုက္။ ငါ ေသရင္ ယြမ္ခ်ဴးခန္က မင္းတို႕အားလံုးကို သတ္ပစ္မွာပဲ။ ငါနဲ႕အတူ အားလံုးကို ေသရြာေခၚသြားတာေပါ့ "

" မီရာေလး... ကိုယ္က မင္းမပါပဲ တစ္ေယာက္တည္း ထြက္သြားမယ္ ထင္လို႕လား "

ကုလန္က အေနာက္နားတြင္ရပ္ကာ ဆူမီရာ၏ လုပ္ရပ္ကို ခ်စ္ျမတ္နိုးစြာ ႀကည့္ကာ ေျပာလိုက္သည္။

" ဟင့္အင္း...ေနာင္ေတာ္ ကြ်န္ေတာ့္ စကားကို တစ္ႀကိမ္ေတာ့ နားေထာင္ေပးပါ။ ကြ်န္ေတာ္က ေနာင္ေတာ္တစ္ေယာက္တည္းကိုပဲ ခ်စ္ျပီး ေနာင္ေတာ္ တစ္ေယာက္တည္းကိုပဲ လက္ထပ္မွာပါ။ စိတ္ခ်ပါ...  "

" သိတာေပါ့...မင္းေလးက ကိုယ့္တစ္ေယာက္တညး္ကိုပဲ ခ်စ္ျပီး ကိုယ့္ကိုပဲ လက္ထပ္မယ္ဆိုတာ သိတာေပါ့။ ဒါေႀကာင့္ မင္းကို ကိုယ္က ဘယ္လိုေႀကာင့္မွ မစြန္႕ပစ္ဘူး....  "

ကုလန္က လက္ထဲက မီးက်ည္ကို ပစ္တင္လိုက္ေတာ့ ခ်က္ခ်င္းပင္ သံခ်ပ္ဝတ္နန္ေက်ာင္တပ္မ်ားႀကား ေပါက္ကြဲေစေသာ အရာမ်ား က်သြားျပီး မီးခိုးမ်ား ဖံုးလႊမ္းသြားေတာ့သည္။

" အဆိ္ပ္ေငြ႕ေတြ... အားလံုး အသက္ေအာင့္ထား. "
"  အား...."
" အား...အား....  "

အေျခေနက ရုန္းရင္းဆန္ခန္ျဖစ္သြားစဥ္ ကုလန္က ဆူမီရာ၏ လက္ကို ဆုပ္ကိုင္ကာ ထိုေနရာမွ ဆက္ေျပးႀကသည္။ မႀကာခင္ ခ်ဴလူလူ၊ ရုမာသီတို႕ ဦးေဆာင္လာသည့္ တပ္ဖြဲ႕မ်ားနွင့္ ေတြ႕ေတာ့သည္။

" ေနာင္ေတာ္... သံခ်ပ္တပ္ဖြဲ႕ကို ဘယ္လိုလုပ္မလဲ "

"  တစ္ခါတည္း ေခ်မႈန္းလိုက္ေတာ့။ ဒီေကာင္ေတြက ရက္စက္ႀကမ္းႀကဳတ္ျပိီး သူတို႕လက္ထဲမွာ အဆိပ္လက္နက္နဲ႕ ေပါက္ကြဲေစတဲ့ လက္နက္ေတြရွိတယ္။ သူတို႕က လူသတ္ဖို႕ေလ့က်င့္ထားတဲ့ လူသတ္သမားတပ္ဖြဲ႕သက္သက္ပဲ။ ဒါေႀကာင့္ ျပည္သူေတြရဲ႕အသက္ေတြ ကယ္တင္နုိင္ဖုိ႕ တခါတည္း လက္စသတ္လိုက္ေတာ့"

ကုလန္က ေအးစက္စြာျဖင့္ ျပတ္သားစြာ အမိန္႕ေပးလိုက္သည္။

"ေကာင္းပါျပီ ေနာင္ေတာ္  "

ခ်ဳလူလူက ဦးညြတ္ကာ သံခ်ပ္တပ္ဖြဲ႕ဘက္ကို ထြက္သြားေတာ့သည္။
ရုမာသီက ေနာင္ေတာ္ ကုလန္ကို ဦးညြတ္ကာ ေျပာလိုက္သည္။

" ေလွအဆင္သင့္ျဖစ္ပါျပီ အရွင္။ ေအာက္ပိုင္းကို စုန္ဆင္းလို႕ရပါျပီ "

" မီရာ... ရုမာသီနဲ႕လိုက္သြားေတာ့။ ကိုယ္ ယြမ္ခ်ဴးခန္ရဲ႕တပ္ေတြကို တိုက္ဖို႕ ဦးေဆာင္ရေတာ့မယ္။ နန္းေတာ္ထဲေရာက္ရင္ ခမည္းေတာ္က မီရာအတြက္ လံုျခံဳေရးအားလံုး စိီစဥ္ထားတယ္။ ျပီးေတာ့ ဖိုးဖိုးထန္လည္း အာနန္ နန္းေတာ္ကို ေရာက္ေနေလာက္ျပီ။ ဖိုးဖိုးထန္ဆီက အဆိပ္ေျဖနည္းကို သင္ယူျပီး ေဆးေဖာ္တဲ့ေနရာ ကူညီေပးပါ။ ေတာင္ပိုင္းမွာ အဆိပ္နဲ႕ ထိန္းခ်ဳပ္ခံရတဲ့ေနရာေတြကို ကိုယ္တို႕ အဆိပ္ေျဖေဆးေပးျပီး အေျခေနကို ျပန္ထိန္းခ်ဳပ္ရမယ္ "

" ေနာင္ေတာ္... ေသခ်ာ ဂရုစိုက္ပါ။ ေနာင္ေတာ္က ကြ်န္ေတာ့္ အပိုင္ဆိုတာ မေမ့ပါနဲ႕။ ဒါေႀကာင့္ ဒဏ္ရာမရေစနဲ႕။ အေကာင္းပကတိနဲ႕ ျပန္လာေပးပါ "

ဆူမီရာက ေနာင္ေတာ့္လက္ကို ဆုပ္ကိုင္ကာ ကတိေတာင္းလိုက္သည္။ တုိက္ပြဲႀကီးက ေရွာင္လြဲလို႕မရမွေတာ့ နုိင္ေအာင္ တိုက္ရံုပဲက်န္ေတာ့မည္။ တိုက္ပြဲအျပီးမွာ သူ႕ခ်စ္သူကို အေကာင္းပကတိျဖင့္ ျပန္ေတြ႕နုိင္ဖို႕ ဆူမီရာ ကတိရေအာင္ေတာင္းေနျခင္းျဖစ္သည္။

" စိတ္ခ်ပါ... ကိုယ္ မီရာ့ဆီကုိ ေဘးကင္းကင္းနဲ႕ျပန္လာမယ္။ ကဲ ... သြားေတာ့... "

ကုလန္က ဆူမီရာ၏ နဖူးကို အနမ္းႀကီးႀကိီးေပးကာ ရုမာသီ ဦးစီးလာသည့္ တပ္ေနာက္ကို ထည့္လႊတ္လိုက္သည္။
ဆူမီရာက ကုလန္ကို လွည့္ႀကည့္ကာ ခ်ာခနဲလွည့္ထြက္သြားေတာ့သည္။ ဆူမီရာတို႕ လွည္းတန္းေပ်ာက္ကြယ္သြားေတာ့မွ ကုလန္က တပ္မႈးႀကီးမ်ားနွင့္ နန္ေက်ာင္ဘက္ကို ခ်ီတက္ခဲ့ေတာ့သည္။

=====================

Chapter (36) _ဆူမီရာကို လာရောက်ကယ်တင်သော စစ်နတ်ဘုရား ကုလန်  (Z+U)

ဟော်သွန်းသည် မှီအုံးကိုမှီကာ ပြတင်းပေါက်မှ မြင်နေရသော လပြည့်ည ကောင်းကင်ကို ငေးမောကြည့်နေစဉ် အနောက်ဘက်နားက တိုးညှင်းသော ခေါ်သံကိုကြားလိုက်ရသည်။

" မယ်မယ် "

" သား...သားကြီး "

ဟော်သွန်းသည် သားတော်ကြီးကိုတွေ့သော် ဝမ်းသာ ဝမ်းနည်းဖြင့် အမြန်ထကာ ဖက်လိုက်သည်။

" မယ်မယ်.... ဘယ်လိုဖြစ်တာလဲဗျာ.. ဘာကြောင့် ခုလောက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရတာလဲ မယ်မယ်ရယ်။ ခမည်းတော် မှာခဲ့တယ် မဟုတ်လား။ ဘယ်လိုအရာတွေဖြစ်လာပါစေ... ခမည်းတော်နဲ့ သားတော်က မယ်မယ့်ကို အပြစ်မတင်ပါဘူး "

" သား..သားကြီး "

ဟော်သွန်းက မိမိကို စိုးရိမ်သဖြင့် သေဘေးကို မငဲ့ပဲ ဒီအထိ လိုက်လာသည့် သားကြီးကြောင့် ရင်ထဲ ဆို့နစ်ကာ ရုတ်တရက် စကားမပြောနိုင်အောင်ဖြစ်နေသည်။ ကုလန်က မယ်မယ်၏ ကျောကို အသာလေး ပုတ်ကာ နှစ်သိမ့်လိုက်သည်။

" မယ်မယ် မငိုပါနဲ့.... ကျွန်တော် ရောက်လာပြီ။ မယ်မယ်ဖြစ်ချင်တာကို ပြောလိုက်နော်။ ကျွန်တော် အကုန် ဖြစ်အောင်လုပ်ပေးမယ် "

ဟော်သွန်းက စိတ်ခံစားချက်ကို ထိန်းလိုက်ပြီး အမြန်ပြောလိုက်သည်။ သားငယ်က သားကြီးရောက်လာကြောင်းသိလျှင် သေချာပေါက် သတ်ဖို့ကြံတော့မည်။

" သား... မီရာကို ခေါ်ပြီး ပြန်တော့နော်။ ပြီးရင် မီရာနဲ့ အမြန်ဆုံး လက်ထပ် လိုက်တော့။ သားကြီးရဲ့ လက်ထပ်ပွဲကို မယ်မယ် တက်နိုင်မယ် မထင်ပေမယ့် မယ်မယ်အဝေးကနေပဲ သားတို့နှစ်ယောက်ကန်တော့တာကို လက်ခံပါ့မယ်။ သား အခုညပဲ မီရာကို နန်ကျောင်ကနေ ခေါ်ထုတ်သွား ပါတော့။ "

" မယ်မယ့်ကိုပါ တစ်ခါတည်း ခေါ်လာဖို့ ခမည်းတော် မှာကြားခဲ့ပါတယ် မယ်မယ်ဘုရား။ သားတော်နဲ့တစ်ခါတည်း လိုက်ခဲ့ပါ။ မယ်မယ်နဲ့ ခမည်းတော်တို့ ကောင်းချီးပေးတာကို ခံယူပြီးမှ မီရာနဲ့ကျွန်တော်တို့ လက်ထပ်ပွဲက ပိုပြည့်စုံမှာပေါ့ "

ကုလန်က မယ်မယ်၏ စေတနာကို သိပေမယ့် ယခုလိုအခြေနေထိ ယွမ်ချူးခန် သောင်းကျန်းနေမှတော့ မယ်မယ့်ကို ရအောင် ခေါ်ထုတ် သွားဖို့ ဆုံးဖြတ်လိုက်သည်။

" မဖြစ်ဘူး... မယ်မယ့်စကားကို နောက်ဆုံးအကြိမ်အဖြစ် သားကြီး နားထောင်ပေးပါ။ မယ်မယ်တောင်းပန်ပါတယ်ကွယ် "

ဟော်သွန်းက သားကြီး၏လက်ကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။ သားငယ်လက်ချက်နှင့် သားကြီးကို မသေစေချင်သလို သားကြီးကြောင့် သားငယ် ထိခိုက်မည်ကိုလည်း ဟော်သွန်း မမြင်ရက်ပေ။ နှစ်ယောက်လုံးက ဖခင်မတူပေမယ့် သူမ ဝမ်းနှင့်လွယ်မွေးခဲ့သော သားတော်များချည်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက် သတ်ဖြတ်နေတာကို မြင်ရလျှင် မိမိ အသည်းပဲ့ကြွေသွားလောက်သည်။

" မယ်မယ်တောင်းပန်စရာမလိုပါဘူးဗျာ။ ကျွန်တော်က မယ်မယ့်သားပါ။ မယ်မယ့် အမိန့်ကို တစ်သွေမတိမ်းနားထောင်ဖို့ က ကျွန်တော့်အတွက် လုပ်ရမယ့် အချက်ပါ။  "

ကုလန်သည် မယ်မယ်၏ မျက်ရည်များနှင့် တောင်းပန်စကားကို ကြားသော် ရင်နာသွားခဲ့သည်။ မယ်မယ့်ကို မိမိနှင့် ခမည်းတော်က မျက်နှာမညှိုးအောင် ထားခဲ့သမျှ နန်ကျောင်ဘုရင် သားအဖက မယ်မယ့်ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့သည်။ ထိုသားအဖကို ကုလန် ဘယ်လိုမှ ခွင့်မလွှတ်နိုင်တော့ပေ။


" ကောင်းပါပြီကွယ်။ မယ်မယ် စကားမှားသွားတာပါ။ သားကြီးကို မယ်မယ် အမိန့်ပေးမယ်။ ဒီည မီရာကို ခေါ်ပြီးသားတော် အာနန်ကိုပြန်ပါတော့။ ပြီးရင် မီရာကို အမြန်ဆုံးလက်ထပ်လိုက်ပါ "

ဟော်သွန်းက မျက်ရည်သုတ်ကာ သားကြီးကို ကြင်နာစွာကြည့်ကာ ပြောလိုက်သည်။

" မယ်မယ့်အမိန့်ကို သား နာခံပါ့မယ်။ ဒါပေမယ့် မယ်မယ် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေသွားမယ်လို့ကတိပေးရမယ်။ "

"  မယ်မယ် ကတိပေးပါတယ်ကွယ်။ မယ်မယ် ကတိပေးပါတယ်။ သားကြီးတို့ လင်မယားကို မယ်မယ် အဝေးကနေ အမြဲ ဆုတောင်းပေး နေမှာ ပါကွယ်"

"မယ်မယ့်အမိန့်ကို သားတော် နာခံပါ့မယ်  "

ကုလန်သည် မယ်မယ့်ပုံစံကြောင့် အတင်းအကျပ်မပြောတော့ပဲ စ ကားနာခံလိုက်ရပေမယ့် ရင်ထဲတွင်တော့ ယွမ်ချူးခန်တို့ သားအဖကို အသေသတ်ချင်စိတ်တို့ပေါ်လာတော့သည်။

" သားတော် ခဏပုန်းနေပါဦး။ မယ်မယ် မီရာကို ခေါ်ခိုင်းလိုက်ပါ့မယ် "

ဟော်သွန်းက သားကြီးကို ပုန်းအောင်းစေပြီး မျက်နှာပေါ်က မျက်ရည်ကို သုတ်ကာ အပြင်မှ အခြွေရံများကို ခေါ်လိုက်သည်။

" အခြွေရံတို့ "

" ခစားလျက် ရှိကြောင်းပါ သခင်မဘုရား "

" ငွေတောင်မင်းသားကို သွားခေါ်ပေးပါဦး။ သခင်မ ညအိပ်မပျော်လို့ စကားပြောချင်လို့ ခဏလာပေးပါလို့ပြောလိုက်ပါ "

" မှန်လှပါဘုရား "

အခြွေရံများက ညနက်သန်းခေါင် မိဖုရားခေါင်၏ ထူးဆန်းသောအမိန့်ကြောင့် ချက်ချင်းခေါ်ပေးလိုက်တော့သည်။ သာမန်ဆိုလျှင် မိဖုရားခေါင်အဆောင်ကို ယောကျာ်းဝင်ခွင့်မရှိပေမယ့် ငွေတောင်မင်းသားက မကြာခင် နန်ကျောင်ပြည်၏ ဧကရီဖြစ်လာမည့်သူ ဖြစ်သည့်အပြင် သမားတော်လည်း ဖြစ်သောကြောင့် မင်းကြီးအမိန့်ဖြင့် အချိန်မရွေး မိဖုရားခေါင်အဆောင်ကို ဝင်ထွက်ခွင့်ရထားသူဖြစ်သည်။

" အရီးတော်ဘုရား "

ဆူမီရာက အရီးတော် တခုခုဖြစ်သည်ဟု ထင်ကာ စိုးရိမ်တကြီး ဆေးအိတ်ဆွဲကာ ရောက်လာခဲ့သည်။

" မီရာရောက်လာပြီလား။ အရီးတော်ဆီ လာပါဦးကွယ်။ အရီးတော်ကို ခဏ စကားစမြည်ပြောပေးပါဦး "

ဟော်သွန်းက ဆူမီရာ၏ လက်လေးကို အသာယာဆုပ်ကိုင်ကာ ပြောလိုက်သည်။

" မှန်လှပါ အရီးတော်ဘုရား "

ဆူမီရာက ထူးဆန်းသည်ဟု ထင်နေစဉ် အရီးတော်က အခြွေရံများကို ချက်ချင်းနှင်ထုတ်လိုက်သည်။

" အပျိုတော်တို့ အခန်းထဲက ထွက်သွားကြတော့... သခင်မ ငွေတောင်မင်းသားနဲ့ လွတ်လွတ်လပ်လပ် စကားပြောချင်တယ် "

" အရီးတော်...ဘာဖြစ်လို့လဲဟင်.... ဘယ်နားက နေမကောင်းလို့လဲ... "
ဆူမီရာက အရီးတော်ကို ကြင်နာစွာ မေးလိုက်သည်။

" အရီးတော် သက်သာပါတယ်ကွယ်။ သားကြီး... ထွက်လာလို့ရပြီ "

" နောင်တော်.... နောင်တော် ဘယ်လိုရောက်လာတာလဲ။ ကျွန်တော် စာပို့လိုက်တာ မရဘူးလား "

အရီးတော်၏ စကားကြောင့် နောင်တော် ကုလန်က ခန်းစီးအကွယ်မှ ထွက်လာသဖြင့် ဆူမီရာ၏ မျက်လုံး ဝိုင်းစက်သွားကာ လန့်သွားခဲ့သည်။ သူ့ကို မလာစေချင်ကာမှ သူက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နှင့်လေပြီ။

" နောင်တော်က ဒီကိုရောက်နှင့်နေပြီးပြီလေ။ မယ်မယ် သားတော်တို့ သွားပါတော့မယ်။ မယ်မယ့်ကို ရှိခိုးခဲ့ပါတယ် "

ကုလန်က ဆူမီရာကို ဖက်လိုက်ပြီး အမြန်ပြောလိုက်သည်။

" နောင်တော်... ဘယ်ကိုသွားမှာလဲဟင် "

ဆူမီရာက မျက်လုံးအပြူးသားနှင့်မေးလိုက်စဉ် ကုလန်က ပြောလိုက်သည်။

" မယ်မယ်က မီရာ့ကို အာနန်ကို ညချင်းတွင်း ခေါ်ထုတ်သွားစေချင် နေလို့ပါ "

" အရီးတော်ရဲ့ကျန်းမာရေးက... "

" အရီးတော် သက်သာပါတယ်။ မီရာအခု ဒီမှာ ဆက်ရှိနေရင် သားငယ်က ဘာတွေ လုပ်မလဲလို့ အရီးတော် တထိတ်ထိတ်ဖြစ်နေရင် ရောဂါပိုသည်း နိုင်ပါတယ်ကွယ်။ ဒါကြောင့် မီရာ..သားကြီးနဲ့လိုက်သွားပါ။  အရီးတော် သားတို့ မင်္ဂလာကို မတက်နိုင်ပေမယ့် အဝေးကနေပဲ ဆုတောင်းပေးလိုက် ပါ့မယ်ကွယ် "

" အရီးတော်.... ကျွန်တော် "

ဆူမီရာက အရီးတော် ဘာကြောင့် ခုလိုလုပ်သည်ကို နားလည် သောကြောင့် ဘာဆက်ပြောရမှန်းမသိဖြစ်သွားတော့သည်။ အရီးတော်ကို စိတ်မချပေမယ့် ဒီမှာ နောင်တော် ရှိနေတာ ယွမ်ချူးခန်သိလျှင် ချက်ချင်း လာသတ်မှာသေချာသည်။ ဒါဆိုလျှင် အရီးတော် ပိုစိတ်ဆင်းရဲပေလိမ့်မည်။

" အချိန်မရှိတော့ဘူး။ တကယ်လို့ မီရာ ဒီကိုလာတာကြာနေရင် သားငယ်က မင်္သကာဖြစ်ပြီး လိုက်လာနိုင်တယ်။ အခု သားကြီးနဲ့ချက်ချင်း  လိုက်သွားတော့ "

ဟော်သွန်းက အမြန်တိုက်တွန်းလိုက်သည်။

"အရီးတော်ကို ကန်တော့ခဲ့ပါတယ်။ အရီးတော်ကျန်းမာရေးကို ဂရုစိုက်ပါ။   "

" သာဓု သာဓု သာဓု... သားတော်နဲ့မီရာတို့ အာနန်ကို အန္တာရာယ်ကင်းကင်းနဲ့ ရောက်သွားပါစေကွယ် "

ကုလန်နှင့် ဆူမီရာက မိဖုရားခေါင် ဟော်သွန်းကို ကန်တော့ပြီး ပြတင်းပေါက်မှတဆင့် အပြင်ကိုထွက်ကာ အမှောင်ထုထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

အမှောင်ထဲတွင် စောင့်နေသည့် ရဲမတ်များက သူတို့ထွက်သွားသည်နှင့် ယွမ်ချူးခန်ဆီ ချက်ချင်း သတင်းပို့လိုက်သည်။

" အရှင့်သား...သူတို့ သွားပါပြီ "

" သွားပါစေ... နန်ကျောင်မြို့တော်ထဲကနေ ထွက်သွားပါစေဦး။ မြို့တော်ထဲမှာရှိလို့ တခုခုလုပ်လိုက်ရင် မယ်မယ်သိသွားနိုင်တယ်။ ကျောက်တောအုပ်ကိုရောက်ရင်တော့ တခါတည်း ကုလန်ကိုရအောင် ဖမ်းကြ။ ဘယ်နည်းကို သုံးရပါစေ၊ လူအင်အား ဘယ်လောက် စတေးရပါစေ..ကုလန်ရဲ့ ခေါင်းကိုလိုချင်တယ်။ သူ့ခေါင်းကို ရအောင်ယူပေးနိုင်တဲ့သူကို  ဆုလာဘ်နဲ့အတူ စစ်သူကြီး ရာထူးခန့်အပ်မယ်လို့ အမိန့်ထုတ်လိုက်။  "

ယွမ်ချူးခန်က အေးစက်စွာ အမိန့်ထုတ်ပြန်လိုက်သည်။ သူ့မျက်လုံး ထဲမှာ ပြင်းထန်သော အမုန်းတို့ဖြင့် တောက်လောင်နေသည်။ သူ့ကို တစ်သက်လုံး ဖိနှိပ်လာသော ရန်သူကို သုတ်သင်ရတော့ မည်ဖြစ် သောကြောင့် မျက်ဝန်းတွေထဲမှာ လူသတ်ရိပ်တို့ဖြင့်လွှမ်းနေသည်။

" အမိန့်အတိုင်းပါ အရှင် "

" ကုလန် ... မင်း ငါ့ ထောင်ချောက်ထဲကို တည့်တည့်တိုးလာတဲ့အတွက် နတ်ဒေဝါအပေါင်းကို ကျေးဇူးတင်ရမယ်။ ဒီနန်ကျောင်က မင်းရဲ သင်္ချိုင်းမြေ ဖြစ်ရမယ်။ မင်းရဲ့ခေါင်းနဲ့ နန်ကျောင်ပြည်ကို စောင့်ကြပ်တဲ့ နတ်ဒေဝါတွေကို ပသပြီး မီရာ့လက်ကို ဆွဲလို့ ငါ နန်းတက်ပွဲကို ကျင်းပမယ်.... "

ယွမ်ချူးခန်က ကျုံးဝါးရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ တစ်သက်လုံး သိမ်ငယ်ခဲ့သမျှ ကုလန်ရဲ့ လည်ချောင်းသွေးဖြင့် ခြေဆေးကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရတော့မည်။

နန်ကျောင်မြို့ထဲမှ အမြန်ထွက်လာရင်း ဆူမီရာက ကုလန်ကို ပြောလိုက်သည်။

" နောင်တော်... ယွမ်ချူးခန်က နောင်တော့်ကို နန်ကျောင်ပြည်ကို အလာ လုပ်ကြံဖို့ပြင်ထားလို့ ကျွန်တော် နောင်တော်ကို မလာဖို့လှမ်းတားလိုက်တာ။ ဒီက အမြန်ထွက်မှဖြစ်မယ်။  "

" ကိုယ်သိတယ်။ သူက တမင်သက်သက် ကိုယ့်ကို နန်းတော်ထဲကို အဝင်ခံခဲ့ပြီး မယ်မယ် စိတ်မကောင်းဖြစ်မှာစိုးလို့ မြို့တော်ထဲမှ မလုပ်ကြံတာလည်း သိတယ် "

"  ဟင်... ကျွန်တော်တို့ကို ယွမ်ချူးခန် ရဲ့အဖွဲ့တွေ လိုက်နေပြီလား"

ဆူမီရာက ကုလန်၏ စကားကြောင့် လန့်သွားခဲ့သည်။ မိမိတို့ထွက်ပြေးလာတာကို ယွမ်ချူးခန် သိသွားပြီလား။

" အင်း..ဟုတ်တယ်။ သူတို့က ကျောက်တောအုပ်မှာ အထူးတပ်ဖွဲ့နဲ့ နောင်တော့်ကို သတ်ဖို့လုပ်မယ်ထင်တယ်။ အဲ့ဒီနေရာက ခြုံခိုတိုက်ဖို့ အကောင်းဆုံးပဲ "

" တခြားဘက်က ကွေ့သွားရအောင်... သူ့ရဲ့အထူးတပ်ဖွဲ့က ကြောက်စရာ ကောင်းတယ်လို့ကြားတယ်။ အထူး လက်နက်တွေကို တီထွင်ထားကြ တယ်တဲ့ "

ဆူမီရာက နောင်တော့်အတွက် စိုးရိမ်ကာ အသံများပင် တုန်သွားခဲ့သည်။ ယွမ်ချူးခန်က မိမိကို သတ်မှာမဟုတ်ပေမယ့် နောင်တော့်ကို အရမ်းမုန်းနေတာ ဆိုတော့ ... နောင်တော့်ကို အသေသတ်ဖို့ ကြံထားမည်ကို သိသဖြင့် တုန်ယင်လာမိသည်။

" နောင်တော့်ကို ယုံတယ်မဟုတ်လား မီရာလေး "

ကုလန်က ဆူမီရာ  ပြေးလွှားရင်း မေးလိုက်သည်။ မိမိအတွက် သူ စိုးရိမ်နေသည်ကို သိသဖြင့် ကုလန် စိတ်မကောင်းဖြစ်သွားသည်။ မီရာကို မိမိ လုံလောက်အောင် မကာကွယ် ပေးနိုင်လို့ သူ အခုလို စိတ်ဆင်းရဲရသည်။ နောင်တွင် ဒီလို လုံးဝမဖြစ်စေရဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။

" ယုံပါတယ်။ ဒါပေမယ့် သူက ကောက်ကျစ်ဉာဏ်များတဲ့သူဖြစ်နေပြီ။ ညီအစ်ကိုဆိုတဲ့ အတွေး လုံးဝမရှိသလို နောင်တော့်ကိုလည်း မုန်းနေတယ်။ ယွမ်ချူးခန်က ရူးနေပြီ နောင်တော်။ အရူးက မလုပ်ရဲတာ ဘာမှ မရှိဘူး။ ကျွန်တော့် ချစ်သူကို လုံးဝ အဆုံးရှုံးမခံနိုင်ဘူး။ ဒါကြောင့် တခြားလမ်းက သွားရအောင်ပါနော်... "

" နောက်ကျသွားပြီ မီရာ... သူတို့အဖွဲ့ ကိုယ်တို့နောက်က လိုက်နေပြီ။ "

ကုလန်က ပြောပြီးမြင်းကို စိုင်းလိုက်သည်။ တကယ်လည်း အနောက်ဘက်မှ သံမျက်နှာဖုံးစွပ် အနက်ရောင်ဝတ်စုံနှင့် အထူးတပ်ဖွဲ့ တစ်ဖွဲ့က ဆူမီရာနှင့် ကုလန်တို့ မြင်းနောက်မှ တရကြမ်း လိုက်လာခဲ့သည်။

" နောင်တော်.... ကျွန်တော့်ကို ထားပြီး လွတ်အောင်ပြေးပါတော့။ ကျွန်တော် သူတို့ကို တားထားလိုက်မယ် "

ဆူမီရာက ကုလန်ကို အတင်းတိုက်တွန်းလိုက်သည်။ အနောက်က မြင်းတပ်ဖွဲ့ကိုလှည့်ကြည့်ကာ စိုးရိမ်စိတ်က တားမရအောင် ကြီးထွားလာခဲ့သည်။

" ကိုယ့်ချစ်သူလေးကို ထားသွားရမယ် ဟုတ်လား။ မီရာ ကိုယ် အဲ့လို လုပ်မယ် ထင်လို့လား။ မရဘူး။ ကိုယ်ရှိနေသရွေ့ မီရာ့ကို ဘယ်သူမှ မထိစေရဘူး။ စိတ်ချပါ။ နောင်တော်က အားလုံး ကြိုတင်ပြင်ဆင် လာခဲ့ပြီးသားပါ "

ကုလန်က ပြတ်သားစွာပြောလိုက်သဖြင့် ဆူမီရာ၏ ပူပန်နေသော စိတ်နှလုံးက တည်ငြိမ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

" ကောင်းပြီ။ ရှင်လည်းအတူတူ သေလည်းအတူတူပဲ။ နောင်တော့်ကို သူ တခုခုလုပ်လိုက်ရင် ကျွန်တော်လည်း နောင်တော်နဲ့အတူ စမ်းချောင်းဝါကို အဖော်လုပ်ပြီးလိုက်ခဲ့မယ်။ "

ထိုစကားကြောင့် ကုလန်က မီရာ၏ မျက်နှာလေးကို မြတ်နိုးခြင်းများစွာဖြင့် ကြည့်လိုက်မိသည်။ သူချစ်သည် ဆူမီရာက ဒီလို လူငယ်လေးဆိုတာ အသိဆုံးဖြစ်ပေမယ့် သူ့ပါးစပ်က ခုလို ပြောသံကြားရတော့ ကုလန် ခေါင်းအစ ခြေအဆုံး ပီတိဖြာကာ ကြက်သီးမွှေးညှင်းပင် ထောင်သွားမိသည်။

" ကောင်းပြီ။ သေအတူ ရှင်မကွာ။ ကျောက်တောအုပ်ထဲကိုပဲ သွားမယ်။  "

နှစ်ဦးသားမြင်းကို ဒုန်းစိုင်းကာ ကျောက်တောအုပ်ထဲကို တိုးဝင်သွားကြသည်။

" ကျား..ကျား.... "

" ခွပ်...ခွပ်...ခွပ်... "

ထိုစဉ် လမ်းနံဘေး ခြုံထဲက ရုတ်တရက် လူတစ်စုထွက်လာပြီး ကုလန်တို့ နောက်ကို လိုက်လာသည့် တပ်ဖွဲ့ကို တိုက်ခိုက်လိုက်ကြသည်။ ထိုတပ်ဖွဲ့က အလစ်ငိုက်မိကုန်ကာ ဖရိုဖရဲဖြစ်သွားကြသည်။

" ရွှီး...ဒိုင်း....ရွှီး...ရွှီး..ဒိုင်း "
" ဟီး...ဟီး..ဟီး.... "
" ရန်သူ...ခြုံခိုတိုက်တယ်။ သတိထား "
" ဝှစ်...ဝှစ်.... ဝှစ်.. "
" အား.... "
"  အား....."
" ဟီး..ဟီး..ဟီး.... "

" နောင်တော်...သူတို့က.... "

ဆူမီရာက အံ့အားသင့်ကာမေးမည်အပြု မြင်းတစ်စီးနှင့် လူတစ်ယောက် ချဉ်းကပ်လာခဲ့သည်။

" မီရာ.... မြန်မြန်.... သူတို့ဘက်က သံချပ်ကာ တပ်ကြီးလိုက်လာပြီ လို့ကြားတယ်။ ဒီဘက်လမ်းကနေ ထွက်ကြမယ်"

"  ချိုနန်....ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ "

ဆူမီရာက ပါးစပ်အဟောင်းသားဖြစ်ကာ ဝင်္ကပါမြိုင်က ချိုနန်ကို ကြည့်ကာ မေးလိုက်သည်။

" နောင်တော် ကုလန်က အကြောင်းကြားထားလို့ ဝင်္ကပါမြိုင်က လာကူတာ၊ သွားကြစို့။ ကျန်တဲ့လူတွေက လမ်းလွှဲပေးလိမ့်မယ်။  "

ချိုနန်ဦးဆာင်သည့်နောက်ကို ကုလန်နှင့် ဆူမီရာတို့ မြင်းကိုယ်စီဖြင့် တညလုံး ခရီးနှင် လာကြစဉ် နယ်စပ်ကို တဖြည်းဖြည်းနီးလာခဲ့လေပြီ။ နောင်တော် ကုလန်က ဝင်္ကပါမြိုင်ကို ကြိုတင် အကူညီတောင်းထားသည်ကို သိကာ ဆူမီရာ စိတ်အေးသွားခဲ့သည်။ ဝင်္ကပါမြိုင်က ထူးဆန်းသောလက်နက်များကြောင့် နန်ကျောင်တပ်ဖွဲ့ကို သေချာပေါက် ဟန့်တားနိုင်မည်ဟု ယုံကြည်သည်။

ကုလန်၊ ဆူမီရာနှင့် ချိုနန်တို့က မြင်းကိုယ်စီဖြင့် ကျောက်တောအုပ်ကို ကွေ့ကာ ခရီးဆက်ခဲ့ကြသည်။ သူတို့ဦးတည်ရာက နယ်စပ်ဘက်ကို ထိုးဖောက်နိုင်ဖို့ဖြစ်သည်။

"ဝှစ်....ဝှစ်...  "
" ရှောင်လိုက်...ချိုနန် "

ထိုစဉ် မည်းမည်းအလုံးများလွှင့်ပျံလာသဖြင့် ကုလန်က သတိပေးလိုက်သည်။ ချိုနန်လည်း မြင်းကို တဖက်သို့ဆွဲလှည့်ကာ ရှောင်ပြီးသားဖြစ်သည်။

" ဝုန်း...ဝုန်း....  "
" ဝှစ်...ဝှစ်... "
"  ဝုန်း...ဝုန်း...."

" ဒါ..ဒါ ဘာလက်နက်တွေလဲ.. "

ထိုအလုံးများနှင့် ထိသည့်နေရာတိုင်းက မည်းမည်းအငွေ့များ ထွက်လာပြီး ထိုနေရာတဝိုက် မီးလောင်သလို မည်းတူးသွားတော့သည်။

" အဲ့ဒါ ယွမ်ချူးခန်ရဲ့လျှို့ဝှက်လက်နက်ပဲ။ ပေါက်ကွဲစေတဲ့ ယမ်းအပြင် အဆိပ်တွေပါ ထည့်ထားတယ်။ အားလုံး အသက်အောင့်ထားကြ။ အငွေ့တွေကို မရှုမကြစေနဲ့... "

ကုလန်က မီရာကို ဖက်ကာ ခြုံထဲ ခုန်ချလိုက်သဖြင့် မြင်းနှစ်ကောင်ကို လျှို့ဝှက်လက်နက်ထိမိပြီး လဲကျသေဆုံးကာ ချက်ချင်းမည်းနက် သွားတော့သည်။

" ဟာ... အဆိပ်က ပြင်းထန်လိုက်တာ... ဒီလက်နက်က အရမ်းရက်စက်တာပဲ... "

ဆူမီရာက ပြင်းထန်ရက်စက်သော အဆိပ်လက်နက်ကြောင့် ကြက်သီးထသွားခဲ့သည်။ ယွမ်ချူးခန်က ဒီလောက်ရက်စက်ကာ လူစိတ်ကင်းမည်ဟု သူ လုံးဝထင်မထားခဲ့မိပေ။

" ဟုတ်တယ်... ယမ်းအပြင် အဆိပ်ကိုပါ သုံးထားတာ ယွမ်ချူးခန်က အသိစိတ် လုံးဝမရှိတဲ့ လူသတ်သမားဖြစ်သွားပြီ။ လာ... ဒီဘက်ကနေ သွားကြမယ် "

"  နောင်တော်...  ချိုနန်..."

ဆူမီရာက ချိုနန်ကို စိတ်ပူကာမေးလိုက်စဉ် သူတို့အနောက်နားက ချိုနန်ရောက်လာပြီး အဆိပ်ဖြေဆေးစွတ်ထားသည့် ပုဝါကိုပေးကာပြော လိုက်သည်။

" ကျွန်တော် ဒီမှာရှိတယ် မီရာ... မပူနဲ့...ရော့...ဒီ ပုဝါကို ပါးစပ်နဲ့နားခေါင်းကို ပတ်ချည်ထားလိုက်။  "

ကုလန်နှင့် ဆူမီရာက ချိုနန်၏ ဦးဆောင်မှုနောက်ကို လိုက်ကာ ထိုနေရာမှ အမြန်ပြေးထွက်ခဲ့ကြသည်။ သံချပ်နက် ဝတ်ထားသည့် လျှို့ဝှက် တပ်ဖွဲ့က အနောက်မှ တောက်လျှောက်လိုက်လာပေမယ့် တောက ထူလာပြီး ခြုံနွယ်များကြောင့် မြင်းများက မြန်မြန် မလိုက်နိုင်ကြပေ။ ဒါကြောင့် သံချပ်နက်အဖွဲ့ခေါင်းဆောင်က မြင်းပေါ်က ဆင်းပြီး ကုလန်တို့နောက်ကို ထပ်ချပ်မကွာ လိုက်စေသည်။

" ကုလန်ရဲ့ခေါင်းကိုရအောင်ယူနိုင်တဲ့သူက စစ်သူကြီးရာထူးကိုရမယ်။ အားလုံး ကုလန်ရဲ့ သတ်... "
"  သတ်...."

အနောက်မှ သံချပ်တပ်ဖွဲ့ဆီက ကြွေးကျော်သံကိုကြားတော့ ဆူမီရာ ခေါင်းပင်ကျိန်းသွားတော့သည်။

" ဒီကောင် ယွမ်ချူးခန် အရူး... သူ့ကို သနားမိတာတောင် မှားသွားပြီ "

" စိတ်မဆိုးပါနဲ့။ သူက ဒီလိုလုပ်ပြတော့ ကိုယ့်မီရာလေး သူ့ပင်ကိုယ်စိတ်ရင်းကို မြန်မြန်သိရတာပေါ့..မဟုတ်ဘူးလား။ မဟုတ်ရင် နောင်တော်က အရမ်း တင်းမာတယ်ပဲ မီရာက ထင်နေမှာမဟုတ်လား "

ကုလန်က မီရာ၏ လက်ကို ညစ်ကာ မေးလိုက်သည်။

"ဟင့်အင်း..မထင်ပါဘူး။ ကျွန်တော်ကသာ စိတ်ပျော့တာပါ။ ပြီးတော့ လူကောင်း၊ လူဆိုးကို မခွဲတတ်အောင် အ တဲ့သူပါ။ "

"ဟင့်အင်း..ကိုယ့်မီရာလေးက ဖြူစင်လွန်းလို့ပါ။ ဘာဖြစ်ဖြစ် ဒီလို စိတ်ထားလေးက ကိုယ် အမြတ်နိုးဆုံးအချက်လေးပဲ  "

အသက်လုပြေးနေရစဉ် ထိုစကားကြောင့် ဆူမီရာ ရင်ခုန်သွားခဲ့ပြီး နောင်တော်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်မိတော့သည်။ နောင်တော်နဲ့သာ အတူရှိမယ်ဆိုရင် ငရဲကိုသွားရလည်း မီရာ လိုက်ရဲပါသည်။

ဒီလူ...အရမ်းကို သတ္တိရှိပြီး ရဲရင့်သောသူ။ ယောကျားပီသပြီး အချစ်ကြီးသော ချစ်သူ...ဒီလူ နောင်တော်ကုလန်က ဆူမီရာ အသည်းနင့်အောင် ချစ်ရသော လူတစ်ယောက်သာဖြစ်ပါတော့သည်။

========================
သူတို့ဘယ်လောက်ပဲ ဖောက်ပြေးသည်ဖြစ်စေ သံချပ်ဝတ်တပ်ဖွဲ့က ထွက်ပေါက်အားလုံးကို ပိတ်ထားသဖြင့် မကြာခင် ဝိုင်းမိသွားတော့သည်။

"အေးအေးဆေးဆေး လက်နက်ချရင် မင်းအလောင်းကို တစ်စစီ မလုပ်ပဲ ခေါင်းပဲ ဖြစ်မယ် ကုလန်...လက်နက်ချလိုက်တော့ ကုလန်  "

သံချပ်ဝတ် တပ်မှုးက မောက်မာစွာပြောလိုက်သည်။

" စိတ်ကူးယဉ်မနေကြနဲ့..မင်းတို့ အစွမ်းစရှိရင် လာခဲ့ "

ကုလန်က အေးစက်စက် ပြန်ဖြေလိုက်သည်။

" ပြောမရရင် အားလုံး ဝိုင်းတိုက်ကြ ။ ငွေတောင်မင်းသားကို အရှင်ရအောင်ဖမ်း... ပြီးရင် ကုလန်ကို လက်နက်အကုန်နဲ့ဝိုင်းတိုက်"

ထိုတပ်မှုးက အရှက်ကင်းမဲ့စွာ အမိန့်ပေးလိုက်သဖြင့် ဆူမီရာက မခံမရပ်နိုင်ဖြစ်ကာ ရှေ့မှ ကာပြီးပြောလိုက်သည်။

ရာရာစစ သူ့ချစ်သူကို သတ်မည်ဟု သူ့ရှေ့မှာ ကျုံးဝါးရဲသည်။ သူက အင်အားနည်းတယ်ဆိုပေမယ့် ကိုယ့်ချစ်သူကို ခုလို စော်ကားတာကို လုံးဝ လက်မခံနိုင်ပေ။

" မိုက်ရိုင်းလိုက်တဲ့လူတွေ... ခင်ဗျားတို့ ကျုပ်ကို သတ်နိုင်မှ နောင်တော့်ကို ရမယ်ဆိုတာမှတ်ထား "

ဆူမီရာက ဓါးရှည်ကို ဝင့်ကာ နောင်တော်၏ရှေ့တွင် ကာဆီးကာ ပြောလိုက်သည်။

" အရှင့်သား...ကျွန်တော်မျိုးတို့ကို အကျပ်တွေ့အောင် မလုပ်ပါနဲ့။ အရှင်ငယ်ရဲ့အမိန့်ကြောင့် ကျွန်တော်မျိုးတို့ အရှင့်သားကို လက်ရဖမ်းရပါလိမ့်မယ်။  .. မေ့ဆေးငွေ့ကိုသုံး.... ပစ်  "

" နောင်တော်... မြန်မြန်ပြေးတော့ "

ဆူမီရာက ထိုအမိန့်ကိုကြားတော့ နောင်တော့်ကို အမြန်ပြောလိုက်ပြီး သူ့လည်ပင်းတွင် ဓါးတေ့ကာ ထိုသံချပ်ကာတပ်ဖွဲ့ကို ခြိမ်းခြောက်လိုက်သည်။

" မင်းတို့ ရှေ့ဆက်တိုးလာမယ်... မေ့ဆေးငွေ့ပစ်မယ်ဆိုရင် ငါ့အလောင်းကိုပဲ ကောက်သွားလိုက်။ ငါ သေရင် ယွမ်ချူးခန်က မင်းတို့အားလုံးကို သတ်ပစ်မှာပဲ။ ငါနဲ့အတူ အားလုံးကို သေရွာခေါ်သွားတာပေါ့ "

" မီရာလေး... ကိုယ်က မင်းမပါပဲ တစ်ယောက်တည်း ထွက်သွားမယ် ထင်လို့လား "

ကုလန်က အနောက်နားတွင်ရပ်ကာ ဆူမီရာ၏ လုပ်ရပ်ကို ချစ်မြတ်နိုးစွာ ကြည့်ကာ ပြောလိုက်သည်။

" ဟင့်အင်း...နောင်တော် ကျွန်တော့် စကားကို တစ်ကြိမ်တော့ နားထောင်ပေးပါ။ ကျွန်တော်က နောင်တော်တစ်ယောက်တည်းကိုပဲ ချစ်ပြီး နောင်တော် တစ်ယောက်တည်းကိုပဲ လက်ထပ်မှာပါ။ စိတ်ချပါ...  "

" သိတာပေါ့...မင်းလေးက ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်ပြီး ကိုယ့်ကိုပဲ လက်ထပ်မယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းကို ကိုယ်က ဘယ်လိုကြောင့်မှ မစွန့်ပစ်ဘူး....  "

ကုလန်က လက်ထဲက မီးကျည်ကို ပစ်တင်လိုက်တော့ ချက်ချင်းပင် သံချပ်ဝတ်နန်ကျောင်တပ်များကြား ပေါက်ကွဲစေသော အရာများ ကျသွားပြီး မီးခိုးများ ဖုံးလွှမ်းသွားတော့သည်။

" အဆိပ်ငွေ့တွေ... အားလုံး အသက်အောင့်ထား. "
"  အား...."
" အား...အား....  "

အခြေနေက ရုန်းရင်းဆန်ခန်ဖြစ်သွားစဉ် ကုလန်က ဆူမီရာ၏ လက်ကို ဆုပ်ကိုင်ကာ ထိုနေရာမှ ဆက်ပြေးကြသည်။ မကြာခင် ချူလူလူ၊ ရုမာသီတို့ ဦးဆောင်လာသည့် တပ်ဖွဲ့များနှင့် တွေ့တော့သည်။

" နောင်တော်... သံချပ်တပ်ဖွဲ့ကို ဘယ်လိုလုပ်မလဲ "

"  တစ်ခါတည်း ချေမှုန်းလိုက်တော့။ ဒီကောင်တွေက ရက်စက်ကြမ်းကြုတ်ပြီး သူတို့လက်ထဲမှာ အဆိပ်လက်နက်နဲ့ ပေါက်ကွဲစေတဲ့ လက်နက်တွေရှိတယ်။ သူတို့က လူသတ်ဖို့လေ့ကျင့်ထားတဲ့ လူသတ်သမားတပ်ဖွဲ့သက်သက်ပဲ။ ဒါကြောင့် ပြည်သူတွေရဲ့အသက်တွေ ကယ်တင်နိုင်ဖို့ တခါတည်း လက်စသတ်လိုက်တော့"

ကုလန်က အေးစက်စွာဖြင့် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ နောင်တော်  "

ချုလူလူက ဦးညွတ်ကာ သံချပ်တပ်ဖွဲ့ဘက်ကို ထွက်သွားတော့သည်။
ရုမာသီက နောင်တော် ကုလန်ကို ဦးညွတ်ကာ ပြောလိုက်သည်။

" လှေအဆင်သင့်ဖြစ်ပါပြီ အရှင်။ အောက်ပိုင်းကို စုန်ဆင်းလို့ရပါပြီ "

" မီရာ... ရုမာသီနဲ့လိုက်သွားတော့။ ကိုယ် ယွမ်ချူးခန်ရဲ့တပ်တွေကို တိုက်ဖို့ ဦးဆောင်ရတော့မယ်။ နန်းတော်ထဲရောက်ရင် ခမည်းတော်က မီရာအတွက် လုံခြုံရေးအားလုံး စီစဉ်ထားတယ်။ ပြီးတော့ ဖိုးဖိုးထန်လည်း အာနန် နန်းတော်ကို ရောက်နေလောက်ပြီ။ ဖိုးဖိုးထန်ဆီက အဆိပ်ဖြေနည်းကို သင်ယူပြီး ဆေးဖော်တဲ့နေရာ ကူညီပေးပါ။ တောင်ပိုင်းမှာ အဆိပ်နဲ့ ထိန်းချုပ်ခံရတဲ့နေရာတွေကို ကိုယ်တို့ အဆိပ်ဖြေဆေးပေးပြီး အခြေနေကို ပြန်ထိန်းချုပ်ရမယ် "

" နောင်တော်... သေချာ ဂရုစိုက်ပါ။ နောင်တော်က ကျွန်တော့် အပိုင်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ဒဏ်ရာမရစေနဲ့။ အကောင်းပကတိနဲ့ ပြန်လာပေးပါ "

ဆူမီရာက နောင်တော့်လက်ကို ဆုပ်ကိုင်ကာ ကတိတောင်းလိုက်သည်။ တိုက်ပွဲကြီးက ရှောင်လွဲလို့မရမှတော့ နိုင်အောင် တိုက်ရုံပဲကျန်တော့မည်။ တိုက်ပွဲအပြီးမှာ သူ့ချစ်သူကို အကောင်းပကတိဖြင့် ပြန်တွေ့နိုင်ဖို့ ဆူမီရာ ကတိရအောင်တောင်းနေခြင်းဖြစ်သည်။

" စိတ်ချပါ... ကိုယ် မီရာ့ဆီကို ဘေးကင်းကင်းနဲ့ပြန်လာမယ်။ ကဲ ... သွားတော့... "

ကုလန်က ဆူမီရာ၏ နဖူးကို အနမ်းကြီးကြီးပေးကာ ရုမာသီ ဦးစီးလာသည့် တပ်နောက်ကို ထည့်လွှတ်လိုက်သည်။
ဆူမီရာက ကုလန်ကို လှည့်ကြည့်ကာ ချာခနဲလှည့်ထွက်သွားတော့သည်။ ဆူမီရာတို့ လှည်းတန်းပျောက်ကွယ်သွားတော့မှ ကုလန်က တပ်မှုးကြီးများနှင့် နန်ကျောင်ဘက်ကို ချီတက်ခဲ့တော့သည်။

=====================


စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)Où les histoires vivent. Découvrez maintenant