Chapter (35) - လမ္းဆံုးသို႕ တြန္းပို႕ခံရျခင္း (Z+U)

1.2K 190 26
                                    

Chapter (35) - လမ္းဆံုးသို႕ တြန္းပို႕ခံရျခင္း  (Z+U)

ဆူမီရာသည္ အရီးေတာ္ေဟာ္သြန္းကို အေရးေပၚ ကုသ ေပးျပီးေနာက္ အေျခေနတည္ျငိမ္သြားေတာ့မွ ယြမ္ခ်ဴးခန္ကို အျပင္ဘက္ကို ဆြဲေခၚလာျပီး ေျပာလိုက္သည္။

" ယြမ္ခ်ဴးခန္.. မင္း ဘယ္လိုလုပ္လိုက္တာလဲ။ အရီးေတာ္ကို မငဲ့ေတာ့ဘူးလား "

မိမိသူငယ္ခ်င္း ယြမ္ခ်ဴးခန္ တစ္ေယာက္ ဘာေႀကာင့္ ခုလို ဆိုးသြမ္းသည့္ ဘဝေရာက္သြားသည္ကို ဆူမီရာ နားမလည္နို္င္ ေတာ့ေပ။ ေနာင္ေတာ္ကုလန္ ေျပာသည့္ စကားက မွန္ေနျပီလား။ ယြမ္ခ်ဴးခန္ ယဥ္ယဥ္ေလး ရူးေနျပီလား။

"  ငါလား။ ငဲ့တာေပါ့။ မယ္မယ္က မင္းကို ခ်စ္တာပဲ။ မင္း နဲ႔ ငါ လက္ဆက္ၿပီးရင္ မယ္မယ္ စိတ္ေျပမွာပါ။ မင္းကို ငါ အရမ္းခ်စ္တာကို  မယ္မယ္သိရင္ ................."

ယြမ္ခ်ဴးခန္က ဆူမီရာကို ျမတ္နိုးစြာႀကည့္ကာ ေျပာလိုက္သည္။ မယ္မယ့္ကို ပ်ာပ်ာသလဲ ကုသေပးေနသည့္ မီရာ့ပံုေလးကို ခ်စ္လြန္းလို႕ ယြမ္ခ်ဴးခန္ ခ်က္ခ်င္းကို ဆြဲကာ သိမ္းပိုက္လိုက္ ခ်င္သည္။ လွပသေလာက္ အရည္ခ်င္းရွိသည္။ မယ္မယ့္ကို ခ်စ္ခင္ေလးစားသည့္ သေဘာျဖဴအူစင္း ဆူမီရာကို မခ်စ္ပဲမေနနိုင္ေအာင္ အခ်စ္တုိ႕ ပိုပိုတိုးလာေတာ့သည္။

" ခြပ္.... "

ဆူမီရာသည္ မိမိက တတ္နုိင္သေလာက္ ေျဖာင့္ျဖေနေပမယ့္ ေမြးမိခင္တစ္ေယာက္လံုးအ သည္းအသန္ျဖစ္ေနလ်က္နွင့္ မိမိကို စားမလို ဝါးမလို တပ္မက္စြာႀကည့္ေနသည့္ ယြမ္ခ်ဴးခန္၏ မ်က္ဝန္းအႀကည့္ေႀကာင့္ ေဒါသထြက္ကာ လက္သီးဆုပ္ျပီး အားပါးတရ ထိုးပစ္လိုက္သည္။ ယြမ္ခ်ဴးခန္က မိမိလက္သီးလာသည္ကို ေတြ႕ေပမယ့္ လံုးဝမေရွာင္ပဲ အထိုးခံသျဖင့္ မ်က္နွာကို မိမိရရထိုးမိကာ ဆူမီရာ၏ လက္ပင္ ထံုက်ဥ္သြားခဲ့သည္။

ယြမ္ခ်ဴးခန္က မ်က္နွာလည္ထြက္သြားျပီး နူတ္ခမ္းက ေသြးထြက္ လာေပမယ့္ သူက ေသြးကို လွ်ာနွင့္ သပ္ကာ ခံစားခ်က္ ကင္းမဲ့သူပမာ မီရာ့နားတိုးကပ္လာျပီး ေနာက္ထပ္ ပါးတစ္ဖက္ကို ထိုးေပးကာ ေျပာလိုက္သည္။

" ထိုးပါ..မီရာ...မင္း ငါ့ကို ႀကိဳက္သေလာက္ ထုိးလို႕ရတယ္... ဘာမွမျဖစ္ဘူး။ ဒါမွ မေက်နပ္ေသးရင္ ငါ့ကို ဓါးနဲ႕ထိုးလိုက္...ရတယ္။ တစ္ခုပဲ.. မင္း ငါ့နားမွာပဲေနရမယ္။  "

ယြမ္ခ်ဴးခန္၏ ပါးတစ္ဖက္ ထူပူသြားေပမယ့္ မီရာ စိတ္ေက်နပ္ေစ ခ်င္ေသာေႀကာင့္ စိတ္ႀကိဳက္ထိုးဖို႕ ခြင့္ျပဳေပးလိုက္သည္။ မိမိ အသားကို မီရာတစ္ေယာက္ပဲ စိတ္ႀကိဳက္ လုပ္ခြင့္ရွိသည္။ တျခားလူသာဆိုလွ်င္ မိမိနား တေပအကြာကို ကပ္သည္နွင့္ အရိပ္သက္ေတာ္ေစာင့္မ်ားက ခ်က္ခ်င္း အဆိပ္လက္နက္ျဖင့္ သတ္ပစ္လိုက္မွာျဖစ္သည္။ မီရာ...မီရာကေတာ့ ခြ်င္းခ်က္... သူတစ္ေယာက္တည္းသာ မိမိတကိုယ္လံုးကို ႀကိဳက္သလို လုပ္ခြင့္ရွိသည္။


" မင္း ေျပာေလ ဆိုးေလပါလား ယြမ္..ခ်ဳး...ခန္...  "

ဆူမီရာက ယြမ္ခ်ဴးခန္၏ အမူယာေႀကာင့္ ဘာဆက္ေျပာရမွန္း မသိပဲ ေနာက္ကို ဆုတ္လိုက္မိသည္။ ယြမ္ခ်ဴးခန္က ေရွ႕ကိုတလွမ္း ခ်င္း တုိးလာေလ ဆူမီရာက ေနာက္ကို ဆုတ္လိုက္ေလျဖစ္သည္။ ေနာက္ဆံုး ဆူမီရာက နံရံနွင့္ ေက်ာကပ္သြားျပီး ထပ္ဆုတ္လို႕ မရေတာ့ေပ။ ယြမ္ခ်ဴးခန္က ဆူမီရာ၏ နံရံေဘးနွစ္ဖက္ကို လက္နွင့္ ေထာက္ကာ ပိတ္ကာထားျပီး အျပစ္အနာအဆာ ကင္းသည့္ ေက်ာက္စိမ္းကဲ့သို႕ေခ်ာမြတ္လွပ သည့္ မ်က္နွာနွင့္ မက္မံုပြင့္လို လွပေသာ မ်က္ဝန္းလဲ့လဲ့ကို ငုံ႕ႀကည့္ကာ ခံစားခ်က္ အျပည့္ျဖင့္ တီးတိုးေျပာလိုက္သည္။


" ဟုတ္တယ္ ဆိုးတယ္။ ငါ ခ်စ္တဲ့သူကို သူမ်ားလက္ထဲ အပါခံျပီး သူေတာ္ေကာင္း အေဆြးသမားႀကီးအျဖစ္ ငါ မေနနို္င္ဘူး မီရာ... မင္းကိုသာ ပိုင္ဆိုင္ရမယ္ဆိုရင္ ငါ ဘယ္လို နာမည္ဆိုးပဲျဖစ္ျဖစ္ လက္ခံနုိင္တယ္။ "

ဆူမီရာက လက္သီးကို တင္းတင္းဆုပ္လိုက္သည္။ ယြမ္ခ်ဴးခန္၏ ပံုစံက သူ တစ္ခါမွ မေတြ႕ဖူးသည့္ ပံုစံျဖစ္ကာ သူ႕ကို ဘယ္လို ကိုင္တြယ္ေျဖာင့္ျဖရမလဲ မသိေတာ့ေပ။

" အရီးေတာ္ေဟာ္သြန္းမွာ မင္းလို သားမိုက္တစ္ေယာက္ရွိမယ္လို႕ ငါ လံုးဝမထင္ထားမိဘူး ယြမ္ခ်ဴးခန္.... မင္းက မရင့္က်က္ဘူး ဆိုတာ သိေပမယ့္ အနည္းဆံုးေတာ့ မင္းက အေမရဲ႕ ေက်းဇူးတရား ကိုေတာ့ သိတတ္တဲ့ သားေကာင္းတစ္ေယာက္ျဖစ္မယ္လို႕ ငါ ယံုႀကည္ခဲ့တယ္။ အခုေတာ့... မင္းက... "

ဆူမီရာက သူ႕ကို စိုက္ႀကည့္ကာ စိတ္ထဲရွိသမွ် သြန္ျပီးေျပာ လိုက္သည္။ ေနာင္ေတာ္ ကုလန္က အရီးေတာ္ကို အရမ္းခ်စ္ကာ ရိုေသသေလာက္ ယြမ္ခ်ဴးခန္က ခုလို ဆိုးသြမ္းကာ မယ္ေတာ္ျဖစ္ သူ ကို လ်စ္လ်ဴရႈမည္ဟု မထင္ထားမိေပ။ မိမ္ိ လူကဲခတ္ မွားခဲ့ျပီထင္သည္။ ယြမ္ခ်ဴးခန္က မိမိထင္ထားသည္ ထက္ ေသြးေအးရက္စက္ေသာ လူသားတစ္ေယာက္ျဖစ္ေနသည္။ သူ႕လက္ထဲက မိမ္ိ အသာတႀကည္္လြတ္ေအာင္ ဘယ္လိုလုပ္ ရပါ့မလဲ။

မိမိက ေနာင္ေတာ့္စကားကို ထပ္ခါထပ္ခါ ခ်ိဳးေဖာက္ခဲ့ေပမယ့္ ေနာင္ေတာ္က အႀကိမ္ႀကိမ္ခြင့္လႊတ္ေပးခဲ့သည္။ အခုတစ္ခါေတာ့ မိမိ ကိုယ္ကို မကာကြယ္နုိင္ပဲ ယြမ္ခ်ဴးခန္ သိမ္းပိုက္တာ ခံလိုက္ရလွ်င္ ေနာင္ေတာ္ ရင္ကြဲေပလိ္မ့္မည္။ မိမိကိုယ္ကို ေနာင္ေတာ္ကုလန္ကို ေပးအပ္ထားျပီးျဖစ္ေသာေႀကာင့္ ယြမ္ခ်ဴးခန္ လက္ထဲေတာ့ ဘယ္နည္းနွင့္မွ အေရာက္မခံနုိ္င္ေပ။

ဆူမီရာ၏ စိ္တ္တို႕က ေနာင္ေတာ္ကုလန္ကိုပါ ေတြးမိျပီး စိုးရိမ္သြားစဥ္ ယြမ္ခ်ဴးခန္က မီရာ၏ မ်က္ဝန္းထဲမွာ ထိတ္လန္႕ရိပ္ေႀကာင့္ ရင္အစံုက နာက်င္လာခဲ့သည္။

ပထမဆံုး မိမိကို စိမ္းကားျပီးေႀကာက္ရြံ႕သည့္ မ်က္ဝန္းျဖင့္ ဆူမီရာ မိမိကို ႀကည့္ခဲ့သည္။ ဒီအႀကည့္ကို ယြမ္ခ်ဴးခန္ မခံနုိင္ေပ။ မီရာ မိမိကို မုန္းမည္ကို ဘယ္လိုမွ မခံနုိင္ေပ။

" ဟုတ္တယ္.. ငါက သားမိုက္... ျပီးေတာ့ ခင္ပြန္းတာဝန္ မေက်ပြန္တဲ့ သူ... ျပီးေတာ့ သူမ်ား ႀကင္ယာကို လုယူတဲ့ လူယုတ္မာ... ေသြးေခ်ာင္းစီးတိုက္ပြဲကို ဖန္တီးတဲ့ လူဆိုး... ဘာရွိေသးလဲ... ဟင္... မီရာ... မင္း ငါ့ကို ႀကိဳက္သလို ထင္လို႕ရတယ္။ ႀကိဳက္သလို ေျပာလို႕ရတယ္။ ဘာျဖစ္ျဖစ္ ငါ့ကို ခြဲမထားခဲ့ပါနဲ႕။ ငါ ... မင္းကို ခ်စ္တယ္.. မင္းကို တကယ္ခ်စ္တာပါ မီရာ... ငါ မင္းကို တကယ္ခ်စ္တာပါ။ အရင္ကလည္း ခ်စ္တယ္။ အခုလည္း ခ်စ္တယ္။ ငါ့ဘဝမွာ မင္းကိုေတြ႕မွာ အခ်စ္ဆိုတာ ကို ခံစားဖူးတာပါ... "

ယြမ္ခ်ဴးခန္က မီရာ၏ လက္ကို ကိုင္ကာ သူ႕မ်က္နွာကို အတင္းထိုးေစျပီး အသည္းအသန္ ေတာင္းပန္စကားဆိုလိုက္သည္။ လက္မလြႊတ္နိုင္ပါ။

မီရာ... ငါ ခ်စ္ရတဲ့ မီရာေလး။ ငါ ေသမယ္ဆုိရင္ေတာင္ မင္းရင္ခြင့္မွာပဲ ငါ့ ထြက္သက္ကို ရိႈက္ထုတ္ပါရေစ မီရာ... ငါ့ကုိ ခြဲမသြားပါနဲ႕။ ငါ့ကို ေက်းဇူးျပဳျပီး မမုန္းလိုက္ပါနဲ႕။ ငါလုပ္သမွ် အားလံုးက မင္းကို ခ်စ္လို႕ ပိုင္ဆိုင္ခ်င္လို႕ပါ မီရာ...။

" ေတာ္ေတာ့ ယြမ္ခ်ဴးခန္.. ငါ မင္းကို မခ်စ္ဘူး။ ငါ မင္းကို အစကတည္းကေန အခုထိ သူငယ္ခ်င္း တစ္ေယာက္ သံေယာဇဥ္ပဲ ရွိခဲ့တယ္။ ဒါေပမယ့္ အခုေတာ့ သူငယ္ခ်င္း သံေယာဇဥ္ေတာင္ က်န္ပါဦးမလား မသိေတာ့ဘူး။ မင္းကို ငါ အရမ္းစိတ္ပ်က္တယ္ ယြမ္ခ်ဴးခန္... "

ဆူမီရာက ယြမ္ခ်ဴးခန္လက္ထဲက မိမ္ိလက္ကို အတင္းျပန္ဆြဲကာ ခပ္တင္းတင္းေျပာလိုက္သည္။ လူခ်င္းပူးကပ္လုနီးပါးျဖစ္ကာ မ်က္လံုးအစံု နီရဲေနသည္ ့ ယြမ္ခ်ဴးခန္ကို ဆူမီရာ ပိုပိုေႀကာက္လာ ခဲ့သည္။

မဟုတ္ဘူး။ သူက ငါ ခင္မင္ခဲ့တဲ့ သူငယ္ခ်င္း ယြမ္ခ်ဴးခန္ မျဖစ္နုိ္င္ဘူး။ ငါ့ သူငယ္ခ်င္း ယြမ္ခ်ဴးခန္က ခုလို ရက္စက္ ရူးသြပ္တဲ့သူ မဟုတ္ဘူး။ သူက သူ႕အေမဆီက ခ်စ္ျခင္းကို ငတ္မြတ္ေနတဲ့ ေကာင္ေလးပါ။ သူ႕အေမက သူနဲ႕အတူေနမယ္လို႕ ဆံုးျဖတ္လိုက္ခ်ိန္မွာ အရမ္းေပ်ာ္သြားတဲ့ ေကာင္ေလးပါ။ သူ...ယြမ္ခ်ဴးခန္ မဟုတ္ဘူး။

ဆူမီရာသည္ ယြမ္ခ်ဴးခန္ကို အတင္းတြန္းကာ အေဝးကို ထြက္ေျပးသြားေတာ့သည္။

"မီရာ...မီရာ  "

ယြမ္ခ်ဴးခန္က ေနာက္က အတင္းလိုက္ေခၚေပမယ့္ ဆူမီရာက သူ႕အခန္းထဲဝင္ကာ တံခါးေသာ့ခတ္ထားလိုက္သည္။ ဘယ္လိုေခၚေခၚ မီရာက ထြက္မလာေေတာ့သျဖင့္ ယြမ္ခ်ဴးခန္ စိတ္အားငယ္စြာျဖင့္ လွည့္ထြက္လာစဥ္ အဆိပ္သခင္က အနားေရာက္လာျပီးတီးတိုး ေျပာလိုက္သည္။

" အရွင့္သား....လက္မေလွ်ာ့ပါနဲ႕... အစီစဥ္က ေနာက္ဆံုး အဆင့္ကိုေရာက္ေနပါျပီ။ တကယ္လုိ႕ ဒါေတြကိုသာ ေအာင္နုိင္သြားရင္ ေငြေတာင္မင္းသားေလးက အရွင့္သားရဲ႕ ေျခရင္းကို အလိုလို ေရာက္လာမွာပါ။ အရွင့္သား ေတာင့္ခံေတာ္မူပါ "

အဆိပ္သခင္၏ စကားကိုႀကားလိုက္မွ ယြမ္ခ်ဴးခန္စိတ္ဓါတ္ ျပန္တက္ႀကြလာခဲ့သည္။ ဟုတ္တယ္။ အနုိင္ရသူသာ အသန္မာဆံုး ျဖစ္သည္။ အတူေနျပီးမွ မီရာက မိမိအခ်စ္ကို နားလည္လိမ့္မည္။ အခုေတာ့ နာမည္ပ်က္လက္စနွင့္ ေနာက္ဆုတ္လိုက္လည္း ျပန္ျပင္လို႕မရေတာ့ေပ။ မိမိအစီစဥ္က ေနာက္ဆံုးအဆင့္ကို ေရာက္ေနျပီ။ ကုလန္ ေရာက္လာရင္ အားလံုး ပြဲသိမ္းျပီ။ ဒါေႀကာင့္ ေရွ႕ဆက္မွျဖစ္မည္။

" ေကာင္းျပီ။ အစီစဥ္အတိုင္း ဆက္လုပ္လိုက္ေတာ့...  "

ယြမ္ခ်ဴးခန္ စိတ္ကို တင္းကာ အမိန္႕ေပးလိုက္သည္။ အဆိပ္သခင္က ဦးညြတ္ကာ ထြက္သြားလိုက္သည္။

" မီရာ... မင္း ငါ့အခ်စ္ကို ေနာက္မွ သိလိမ့္မယ္။ မင္း ဘာပဲေျပာေျပာ ငါ့အခ်စ္ကို မႀကံဳဖူးေသးပဲနဲ႕ ကုလန္ရဲ႕အခ်စ္ပဲ ေကာင္းပါတယ္လို႕ မင္း မေျပာသင့္ဘူးေလ။ ဘယ္သူ႕အခ်စ္က ပိုေကာင္းတယ္ဆိုတာ သိရဖို႕ မင္း ကိုယ္တုိင္ ခံစားသင့္တယ္မဟုတ္လား.... မီရာ..ငါ့ကို ခြင့္မလႊတ္ပါနဲ႕။ မင္းကိုရဖို႕ ငါ ဘာမဆို လုပ္လာခဲ့ျပီးျပီ။ အခုမွေတာ့ ငါ ေနာက္မဆုတ္ နုိင္ေတာ့ဘူး။ ငါတို႕ အတူေနျပီးသြားရင္ မင္း ငါ့အခ်စ္မွာ ေပ်ာ္ဝင္လာမွာပါ... "

ယြမ္ခ်ဴးခန္က သူ႕အေဆာင္ကုိ ေမာပန္းစြာျပန္လာျပီး အိပ္ယာထက္တြင္ လွဲေလွ်ာင္းကာ ရင္ထဲကေန တိီးတိုးေျပာလိုက္မိသည္။

----------------

ေဟာ္သြန္း သတိရရခ်င္း သားငယ္ကုိ ေခၚလိုက္သည္။

" သား..သား..ေတာ္.. "

" အရီးေတာ္..အရီးေတာ္ သတိရလာျပီ "

ဆူမီရာသည္ အရီးေတာ္အနားကို ခ်က္ခ်င္းတိုးကပ္ကာ ေသြးခုန္နႈန္းစမ္းလိုက္ျပီး ေမးလိုက္သည္။

" မီရာ... သားေတာ္ေကာ "

ဆူမီရာသည္ မေအတစ္ေယာက္၏ အခ်စ္ႀကိီးပုံကို ေတြ႕ေသာ သက္ျပင္းရိႈက္ကာ ေျပာလိုက္သည္။.

" သူ.. သူ႕ကို အေခၚလႊတ္လိုက္ပါ့မယ္ အရီးေတာ္ဘုရား။ စိတ္ေအးေအး ထားေတာ္မူပါ။  "

" သားႀကီးကို မလာခိုိင္းနဲ႕... သားငယ္...သူ..သူ... "

ေဟာ္သြန္းက ဆူမီရာ၏ လက္ကို ဆုပ္ကိုင္ကာ အေရးတႀကီးေျပာလိုက္သည္။ သားငယ္ ထီးနန္းဆက္ခံလွ်င္ သားႀကီးကို ေထာင္ေခ်ာက္ဆင္ဖမ္းလိမ့္မည္။ သားငယ္က သားႀကီးကို အေသသတ္လို္က္မည္ကို စိုးရြံ႕ေနမိသည္။

" အရီးေတာ္... ကြ်န္ေတာ္ ေနာင္ေတာ္ကို စာလႊာပို႕လိုက္ပါ့မယ္... အရီးေတာ္ အရမ္းစိတ္မပူပါနဲ႕... "

ဆူမီရာသည္ အရီးေတာ္၏ စကားေႀကာင့္ ေနာင္ေတာ္ကုလန္ကို စိုးရိမ္ျပီး ေျပာလိုက္သည္။

ေဟာ္သြန္းသည္ လိမ္မာယဥ္ေက်းကာစိတ္ထားေကာင္းလွသည့္ ဆူမီရာ၏လက္ကိုဆုပ္ကိုင္ကာ မ်က္ရည္ဝဲျပီးေတာင္းပန္ လိုက္သည္။ ခ်ဴးခန္... သားငယ္ေလး... သူ႕ကို ငဲ့ကာ တစ္သက္လံုး နန္ေက်ာင္မွာ ေနဖို႕ ဆံုးျဖတ္ခဲ့ေပမယ့္ သားငယ္ေလးက သူမရဲ႕ အခ်စ္ကို လံုးဝမယံုႀကည္ခဲ့ပါလား။ ဘယ္လိုက ဘယ္လိုျဖစ္ျပီး သားႀကိီးကိုပဲခ်စ္သည္ဟု ထင္သြားခဲ့ရတာလဲ။ ေမာင္ေမာင္နွင့္ သားႀကီးေခၚသည္ကို ျငင္းပယ္ခဲ့သည့္တုိ္င္ မလံုေလာက္ေသး ဘူးလား။ မိမိ ထိန္းေက်ာင္းပံုက ညံ့ဖ်င္းခဲ့လို႕လား။

" မီရာ..အရီးေတာ္ ေတာင္းပန္ပါတယ္။ အရီးေတာ္ ခ်ဴးခန္ကို ေကာင္းေကာင္း မသြန္သင္နို္င္ခဲ့ဘူး "

ဆူမီရာက အရီးေတာ္ေဟာ္သြန္း ဝမ္းနည္းပက္လက္ျဖစ္သည္ကို သိသျဖင့္ ျပာျပာသလဲ ေျပာလိုက္သည္။ အရီးေတာ္၏ ရင္ေတြ ဘယ္ေလာက္နာက်င္ေနျပီဆိုတာ သိသျဖင့္ ေနာင္ေတာ္ ကုလန္အစား ဆူမိီရာ ဝမ္းနည္းမိသည္။

" ဟင့္အင္း... အရီးေတာ္ သူ႕ကို ဘယ္ေလာက္ခ်စ္ျပီး ဘယ္ေလာက္ သြန္သင္ခဲ့တယ္ဆိုတာ ကြ်န္ေတာ္ သိပါတယ္။ အရီးေတာ္ ခဏနား လိုက္ဦးေနာ္။ စိတ္မပူပါနဲ႕။ အဆိုးဆံုးမျဖစ္ေအာင္ ကြ်န္ေတာ္ ႀကိဳးစားပါ့မယ္ "

" မီ..ရာ... "

ဆူမီရာက အရီးေတာ္ေဟာ္သြန္း၏ မ်က္ရည္ကို အသာသုတ္ေပးစဥ္ မင္းႀကီး ေရာက္လာသျဖင့္ ေနာက္ကို အသာဆုတ္လိုက္သည္။

" မင္းႀကီး ႀကြခ်ီလာပါျပီ. "

" နွမေတာ္... နွမေတာ္... စိတ္ေအးေအးထားပါ။ ေမာင္ေတာ္ တစ္ေယာက္လံုးရွိပါတယ္။ သားေတာ္ကို ေမာင္ေတာ္ ထိန္းပ့ါမယ္ "

ေဟာ္သြန္းက ခန္မင္းႀကီးကို ေတာင္းပန္လိုက္သည္။ သားျဖစ္သူကို စံုလံုးကန္း ခ်စ္သည့္အတြက္ မလုပ္သင့္သည္ကို လုပ္ခြင့္ျ႔ပဳလိုက္ မည္ကို ေဟာ္သြန္းေႀကာက္ေနမိသည္။ တကယ္လို႕ ခ်ဴးခန္သာ ဘုရင္ေနရာကို ဆက္ခံလိုက္လွ်င္ နန္ေက်ာင္တစ္ျပည္ လံုးက စစ္တပ္သာမက အရိပ္စစ္သည္ေတာ္အားလံုးကိုပါ အမိန္႕ေပးခြင့္ ရေတာ့မည္။ ဒါဆိုလွ်င္ ယြမ္ခ်ဴးခန္ကို ဘယ္သူမွ ထိန္းနို္င္ေတာ့မည္ မဟုတ္ေပ။

" ခ်ဴးခန္ကို ထီးနန္းလြႊဲမေပးပါနဲ႕ မင္းႀကီး... သူ.. ငယ္ေသးတယ္ "

" ဒါေတာ့ မမွီေတာ့ဘူး နွမေတာ္ရယ္။ သားေတာ္က ဒီနန္းတက္ပဲြ အတြက္ အေစာႀကီးကတည္းက စီစဥ္ထားျပီးသားျဖစ္ေနျပီ။  "

ခန္မင္းႀကီးက ေဟာ္သြန္းကို ေတာင္းပန္ဟန္ျဖင့္ ေျပာလိုက္သည္။
ထိုစကားကိုႀကားေသာ္ ေဟာ္သြန္းသည္ မ်က္လံုးကို မွီတ္လို္က္ျပီး ဘာစကားမွ မေျပာေတာ့ေပ။ ခန္မင္းႀကီးသည္ ခ်စ္လွစြာေသာ မိဖုရား၏ေဘးတြင္ ဒူးေထာက္ကာ လက္ေလးကို နူတ္ခမ္းမွာ ထိကပ္ျပီး တီးတိုးေတာင္းပန္ေနေပမယ့္ ေဟာ္သြန္းက မ်က္လံုးဖြင့္မႀကည့္သလို စကားလည္း တခြန္းမွ မေျပာေတာ့ေပ။

ယြမ္ခ်ူးခန္ သည္ မယ္မယ့္ကို ခခယယ ေတာင္းပန္ေနသည့္ ခမည္းေတာ္ကို ေငးႀကည့္ေနျပီး အေဆာင္ေတာ္ထဲကို ဝင္လာကာ မယ္မယ့္ကို ညင္သာစြာေခၚလိုက္သည္။

" မယ္မယ္ဘုရား..... "

" သားေတာ္...."

ေဟာ္သြန္းက မ်က္လံုးဖြင့္ႀကည့္လိုက္သည္။ ကေလးေလးဟု ထင္ထားေသာ သားေတာ္က မ်က္စိေရွ႕မွာပင္ လူလားေျမာက္ကာ မိမိ စကားကိုပင္ မနာခံေတာ့သည့္ အျဖစ္ကိုေရာက္လာေလျပီ။


ယြမ္ခ်ဴးခန္က မယ္မယ့္ေရွ႕မွာ ဒူးေထာက္ေတာင္းပန္ကာ ဆို႕နင့္စြာ ေျပာလိုက္သည္။

" မယ္မယ္ဘုရား...သားေတာ္ ေတာင္းပန္ပါတယ္။ မီရာ့ကို သားေတာ္ တကယ္ခ်စ္လို႕ပါ။ မီရာ့ေႀကာင့္ သားေတာ္ ေသလုေမ်ာပါး ႀကိဳးစားခဲ့တာပါ။ သားေတာ္လည္း မယ္မယ့္ သားပါပဲ။ သားေတာ္ ခ်စ္တဲ့သူနဲ႕ အတူေနခြင့္ျပဳေတာ္မူပါ။ သားေတာ္ မီရာနဲ႕လက္ဆက္ျပီးရင္ မီရာနဲ႕မယ္မယ္ မႀကိဳက္တာကို လံုးဝ မလုပ္ေတာ့ပါဘူး။ ေတာင္ပိုင္းကို စစ္မျဖစ္နဲ႕ဆိုလည္း မျဖစ္ေတာ့ ပါဘူး။ အျခား မိဖုရားေတြကို ေကာင္းေကာင္းဆက္ဆံ ပါဆိုလည္း ဆက္ဆံပါ့မယ္။ ဒါေပမယ့္ သားေတာ္ ခ်စ္တဲ့ မီရာကိုလက္ဆက္ပါရေစ။ မယ္မယ္ သားေတာ္ကို ခ်စ္တယ္ဆိုရင္ ဒီတခ်က္ေတာ့ ခြင့္ျပဳေပးပါ။ သားေတာ္ရဲ႕ဘဝမွာ မီရာ တစ္ေယာက္တည္းကိုပဲ ခ်စ္ဖူးတာပါ။ မယ္မယ္က စစ္သူႀကီး ေယစုကိုင္း ကို ခ်စ္သလို သားေတာ္လည္း မီရာကိုခ်စ္တယ္။ မယ္မယ္ ေယစုကိုင္းကို တန္ဖိုးထားသလို သားေတာ္လည္း မီရာကို တန္ဖိုးထားတယ္။ ဒါေႀကာင့္ မယ္မယ္ ကိုယ္ခ်င္းစာေပးပါ။ ေယစုကိုင္းနဲ႕ခြဲရလို႕ မယ္မယ္နာက်င္သလို သားေတာ္လည္း မီရာနဲ႕ ခြဲရရင္နာက်င္ပါတယ္။ သားေတာ္ကို ခ်စ္တဲ့သူနဲ႕ အတူေနခြင့္ျပဳ ေတာ္မူပါ မယ္မယ္ဘုရား... "

ေဟာ္သြန္းသည္ ယြမ္ခ်ဴးခန္၏ မ်က္နွာကို မျမင္ဖူးသူလို ေငးႀကည့္ကာ ရင္ဘတ္အတြင္းပိုင္းက ဆက္တိုက္ ေအာင့္လာခဲ့သည္။ သူမရဲ႕သားက ေမာင္ေမာင္နွင့္ မိမိ အခ်စ္ကို ကိုင္ကာ သူ႕အခ်စ္ကို ကုိယ္ခ်င္းစာဖို႕ေျပာေနတယ္တဲ့လား။

" အေျခေနခ်င္း တူ လို႕လား သားေတာ္... ေယစုကိုင္းနဲ႕ မယ္မယ္က အစကတည္းက သိပ္ခ်စ္ရတဲ့ လင္မယားေတြေလ။ မင္းနဲ႕ မီရာက သူငယ္ခ်င္း ဆက္ဆံေရးပဲရွိတာ မဟုတ္လား။ ဘာေႀကာင့္ အတင္း ဆြဲေျပာေနရတာလဲ သားေတာ္ "

ယြမ္ခ်ဴးခန္ နာက်င္စြာျပံုးလိုက္သည္။ ခန္မင္းႀကီးလည္း ေႀကကြဲစြာ ျဖင့္ ေဟာ္သြန္းကို ေငးႀကည့္ေနမိသည္။ မိမိ တသက္မွာ တခါသာ ေပၚခဲ့သည့္ အခ်စ္စစ္၊ ဒါေပမယ့္ ေနာက္က်သည့္ အခ်စ္က သူတပါး၏ ဇနိီးျဖစ္ေနခဲ့သည္။ မိမိ အမွားႀကီးမွားခဲ့ ေလျပီလား။ တကယ္လို႕ ေဟာ္သြန္းကို ခ်စ္ေပမယ့္ မိမိ ရင္ကြဲခံ ခဲ့လွ်င္ သားေတာ္လည္း ခုလို အျဖစ္ကို ႀကံဳရမည္ မဟုတ္ေပ။ အခုေတာ့ မိမိ တကို္ယ္ေကာင္းစိတ္၏ ေနာက္ဆက္တြဲ ျဖစ္ရပ္ကို သားေတာ္ ခံစားေနရျပီ။ တသက္လံုး သူ႕မယ္ေတာ္က သူ႕ကို မခ်စ္ပါဆိုသည့္ စိတ္ႀကီး စြဲေနခဲ့ေလျပီ။


"ေယစုကိုင္းနဲ႕မယ္မယ္က အစကတည္းက သိပ္ခ်စ္ရတဲ့ လင္မယားေတြ တဲ့လား။  ခမည္းေတာ္က သိပ္ခ်စ္တဲ့ လင္မယားကို ခြဲခဲ့ျပီး မယ္မယ့္ကို အတင္းသိမ္းပိုက္တဲ့ လူရမ္းကား ဘုရင္ႀကီးလို႕ မယ္မယ့္ရင္ထဲ စြဲေနတာကို သားေတာ္သိပါတယ္။ သားေတာ္က လူရမ္းကားဘုရင္ႀကီးရဲ႕ေသြးသားျဖစ္လို႕ မယ္မယ္ မခ်စ္ဘူးဆို တာလည္း သားေတာ္သိပါတယ္။ ဒါေပမယ့္ သားေတာ္က မယ္မယ့္ ကို ခ်စ္တယ္။ မယ္မယ့္မွာ သိပ္ခ်စ္ရတဲ့ ေယာက်ား္နဲ႕ သား ရွိေပမယ့္ သားေတာ္မွာ မယ္မယ္တစ္ေယာက္ တည္း ရွိတာပါ။  သားေတာ္ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား... မယ္မယ့္မ်က္လံုးထဲမွာ ကုလန္တစ္ေယာက္တည္းကိုပဲ ျမင္တယ္ဆိုတာ သားေတာ္ သိပါတယ္။ ဒါေပမယ့္ သားေတာ္ မယ္မယ့္ကို ခ်စ္တယ္"

ေဟာ္သြန္း၏မ်က္ဝန္းထဲမွ မ်က္ရည္ေပါက္ႀကီးမ်ား တိတ္တဆိတ္ စီးက်လာခဲ့သည္။ သားေတာ္၏ ရင္ထဲက ဒဏ္ရာက ကုမရေအာင္ နက္ရိႈင္းေနျပီလား။ သားေတာ္ေလး အားငယ္ေနမည္စိုးလို႕ ေမာင္ေမာင္နွင့္ သားႀကီးေနာက္ကိုပင္ မလိုက္ခဲ့ပဲ နန္ေက်ာင္ျပည္ မွာ ေနရစ္ခဲ့ေပမယ့္ ေနာက္ဆံုးေတာ့လည္း သားငယ္ က မိမိကို အထင္လြဲေနဆဲပါလား။

"မီရာကို ျပန္လြႊတ္ေပးလိုက္ပါ သားေတာ္... မယ္မယ္ ေတာင္းပန္ပါတယ္  "

" ဟင့္အင္း...သားေတာ္ ေသမွ မီရာကို လက္လႊတ္မယ္ ။ သားေတာ္ ေစာ္ကားမိသမွ်အတြက္ မယ္မယ့္ကို ရွိခိုးေတာင္းပန္ပါတယ္။ သားေတာ္ကို ခြင့္လႊတ္ေပးပါ..."

ယြမ္ခ်ဴးခန္ ဆက္ေျပာဖို႕ ခြန္အားမရွိေတာ့ပဲ မယ္မယ့္အေဆာင္မွ ခ်ာခနဲလွည့္ကာ ျပန္လာခဲ့ေတာ့သည္။ ယြမ္ခ်ဴးခန္၏ နွလံုးသားက မယ္မယ္၏ ေတာင္းပန္စကားေႀကာင့္ တစ္စစီပဲ့ေႀကြခဲ့ေလျပီ။ မယ္မယ္က သူ႕သားေတာ္ႀကီး ကုလန္အတြက္ မိမိကို အသနားခံေနသည့္ ျမင္ကြင္းက ယြမ္ခ်ဴးခန္၏ နွလံုးသားကို ဓါးနွင့္ထိုးေမႊေနသလို ခံစားရေစသည္။

"ကုလန္... အားလံုး မင္းေႀကာင့္ပဲ။ မင္းသာ မရွိခဲ့ရင္ မယ္မယ့္ အခ်စ္ေတြကို ငါ အကုန္ရခဲ့မွာ။ မီရာလည္း ေသခ်ာေပါက္ ငါ့ကို ခ်စ္ခဲ့မွာ။ မင္းေႀကာင့္... ငါ့ဘဝက အရိပ္မည္းႀကီးေအာက္မွာ ရွင္သန္ခဲ့ရတယ္။ မင္း ေသသင့္တယ္ ကုလန္.....  "

---------------------

Chapter (35) - လမ်းဆုံးသို့ တွန်းပို့ခံရခြင်း  (Z+U)

ဆူမီရာသည် အရီးတော်ဟော်သွန်းကို အရေးပေါ် ကုသ ပေးပြီးနောက် အခြေနေတည်ငြိမ်သွားတော့မှ ယွမ်ချူးခန်ကို အပြင်ဘက်ကို ဆွဲခေါ်လာပြီး ပြောလိုက်သည်။

" ယွမ်ချူးခန်.. မင်း ဘယ်လိုလုပ်လိုက်တာလဲ။ အရီးတော်ကို မငဲ့တော့ဘူးလား "

မိမိသူငယ်ချင်း ယွမ်ချူးခန် တစ်ယောက် ဘာကြောင့် ခုလို ဆိုးသွမ်းသည့် ဘဝရောက်သွားသည်ကို ဆူမီရာ နားမလည်နိုင် တော့ပေ။ နောင်တော်ကုလန် ပြောသည့် စကားက မှန်နေပြီလား။ ယွမ်ချူးခန် ယဉ်ယဉ်လေး ရူးနေပြီလား။

"  ငါလား။ ငဲ့တာပေါ့။ မယ်မယ်က မင်းကို ချစ်တာပဲ။ မင်း နဲ့ ငါ လက်ဆက်ပြီးရင် မယ်မယ် စိတ်ပြေမှာပါ။ မင်းကို ငါ အရမ်းချစ်တာကို  မယ်မယ်သိရင် ................."

ယွမ်ချူးခန်က ဆူမီရာကို မြတ်နိုးစွာကြည့်ကာ ပြောလိုက်သည်။ မယ်မယ့်ကို ပျာပျာသလဲ ကုသပေးနေသည့် မီရာ့ပုံလေးကို ချစ်လွန်းလို့ ယွမ်ချူးခန် ချက်ချင်းကို ဆွဲကာ သိမ်းပိုက်လိုက် ချင်သည်။ လှပသလောက် အရည်ချင်းရှိသည်။ မယ်မယ့်ကို ချစ်ခင်လေးစားသည့် သဘောဖြူအူစင်း ဆူမီရာကို မချစ်ပဲမနေနိုင်အောင် အချစ်တို့ ပိုပိုတိုးလာတော့သည်။

" ခွပ်.... "

ဆူမီရာသည် မိမိက တတ်နိုင်သလောက် ဖြောင့်ဖြနေပေမယ့် မွေးမိခင်တစ်ယောက်လုံးအ သည်းအသန်ဖြစ်နေလျက်နှင့် မိမိကို စားမလို ဝါးမလို တပ်မက်စွာကြည့်နေသည့် ယွမ်ချူးခန်၏ မျက်ဝန်းအကြည့်ကြောင့် ဒေါသထွက်ကာ လက်သီးဆုပ်ပြီး အားပါးတရ ထိုးပစ်လိုက်သည်။ ယွမ်ချူးခန်က မိမိလက်သီးလာသည်ကို တွေ့ပေမယ့် လုံးဝမရှောင်ပဲ အထိုးခံသဖြင့် မျက်နှာကို မိမိရရထိုးမိကာ ဆူမီရာ၏ လက်ပင် ထုံကျဉ်သွားခဲ့သည်။

ယွမ်ချူးခန်က မျက်နှာလည်ထွက်သွားပြီး နူတ်ခမ်းက သွေးထွက် လာပေမယ့် သူက သွေးကို လျှာနှင့် သပ်ကာ ခံစားချက် ကင်းမဲ့သူပမာ မီရာ့နားတိုးကပ်လာပြီး နောက်ထပ် ပါးတစ်ဖက်ကို ထိုးပေးကာ ပြောလိုက်သည်။

" ထိုးပါ..မီရာ...မင်း ငါ့ကို ကြိုက်သလောက် ထိုးလို့ရတယ်... ဘာမှမဖြစ်ဘူး။ ဒါမှ မကျေနပ်သေးရင် ငါ့ကို ဓါးနဲ့ထိုးလိုက်...ရတယ်။ တစ်ခုပဲ.. မင်း ငါ့နားမှာပဲနေရမယ်။  "

ယွမ်ချူးခန်၏ ပါးတစ်ဖက် ထူပူသွားပေမယ့် မီရာ စိတ်ကျေနပ်စေ ချင်သောကြောင့် စိတ်ကြိုက်ထိုးဖို့ ခွင့်ပြုပေးလိုက်သည်။ မိမိ အသားကို မီရာတစ်ယောက်ပဲ စိတ်ကြိုက် လုပ်ခွင့်ရှိသည်။ တခြားလူသာဆိုလျှင် မိမိနား တပေအကွာကို ကပ်သည်နှင့် အရိပ်သက်တော်စောင့်များက ချက်ချင်း အဆိပ်လက်နက်ဖြင့် သတ်ပစ်လိုက်မှာဖြစ်သည်။ မီရာ...မီရာကတော့ ချွင်းချက်... သူတစ်ယောက်တည်းသာ မိမိတကိုယ်လုံးကို ကြိုက်သလို လုပ်ခွင့်ရှိသည်။


" မင်း ပြောလေ ဆိုးလေပါလား ယွမ်..ချုး...ခန်...  "

ဆူမီရာက ယွမ်ချူးခန်၏ အမူယာကြောင့် ဘာဆက်ပြောရမှန်း မသိပဲ နောက်ကို ဆုတ်လိုက်မိသည်။ ယွမ်ချူးခန်က ရှေ့ကိုတလှမ်း ချင်း တိုးလာလေ ဆူမီရာက နောက်ကို ဆုတ်လိုက်လေဖြစ်သည်။ နောက်ဆုံး ဆူမီရာက နံရံနှင့် ကျောကပ်သွားပြီး ထပ်ဆုတ်လို့ မရတော့ပေ။ ယွမ်ချူးခန်က ဆူမီရာ၏ နံရံဘေးနှစ်ဖက်ကို လက်နှင့် ထောက်ကာ ပိတ်ကာထားပြီး အပြစ်အနာအဆာ ကင်းသည့် ကျောက်စိမ်းကဲ့သို့ချောမွတ်လှပ သည့် မျက်နှာနှင့် မက်မုံပွင့်လို လှပသော မျက်ဝန်းလဲ့လဲ့ကို ငုံ့ကြည့်ကာ ခံစားချက် အပြည့်ဖြင့် တီးတိုးပြောလိုက်သည်။


" ဟုတ်တယ် ဆိုးတယ်။ ငါ ချစ်တဲ့သူကို သူများလက်ထဲ အပါခံပြီး သူတော်ကောင်း အဆွေးသမားကြီးအဖြစ် ငါ မနေနိုင်ဘူး မီရာ... မင်းကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် ငါ ဘယ်လို နာမည်ဆိုးပဲဖြစ်ဖြစ် လက်ခံနိုင်တယ်။ "

ဆူမီရာက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ယွမ်ချူးခန်၏ ပုံစံက သူ တစ်ခါမှ မတွေ့ဖူးသည့် ပုံစံဖြစ်ကာ သူ့ကို ဘယ်လို ကိုင်တွယ်ဖြောင့်ဖြရမလဲ မသိတော့ပေ။

" အရီးတော်ဟော်သွန်းမှာ မင်းလို သားမိုက်တစ်ယောက်ရှိမယ်လို့ ငါ လုံးဝမထင်ထားမိဘူး ယွမ်ချူးခန်.... မင်းက မရင့်ကျက်ဘူး ဆိုတာ သိပေမယ့် အနည်းဆုံးတော့ မင်းက အမေရဲ့ ကျေးဇူးတရား ကိုတော့ သိတတ်တဲ့ သားကောင်းတစ်ယောက်ဖြစ်မယ်လို့ ငါ ယုံကြည်ခဲ့တယ်။ အခုတော့... မင်းက... "

ဆူမီရာက သူ့ကို စိုက်ကြည့်ကာ စိတ်ထဲရှိသမျှ သွန်ပြီးပြော လိုက်သည်။ နောင်တော် ကုလန်က အရီးတော်ကို အရမ်းချစ်ကာ ရိုသေသလောက် ယွမ်ချူးခန်က ခုလို ဆိုးသွမ်းကာ မယ်တော်ဖြစ် သူ ကို လျစ်လျူရှုမည်ဟု မထင်ထားမိပေ။ မိမိ လူကဲခတ် မှားခဲ့ပြီထင်သည်။ ယွမ်ချူးခန်က မိမိထင်ထားသည် ထက် သွေးအေးရက်စက်သော လူသားတစ်ယောက်ဖြစ်နေသည်။ သူ့လက်ထဲက မိမိ အသာတကြည်လွတ်အောင် ဘယ်လိုလုပ် ရပါ့မလဲ။

မိမိက နောင်တော့်စကားကို ထပ်ခါထပ်ခါ ချိုးဖောက်ခဲ့ပေမယ့် နောင်တော်က အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့သည်။ အခုတစ်ခါတော့ မိမိ ကိုယ်ကို မကာကွယ်နိုင်ပဲ ယွမ်ချူးခန် သိမ်းပိုက်တာ ခံလိုက်ရလျှင် နောင်တော် ရင်ကွဲပေလိမ့်မည်။ မိမိကိုယ်ကို နောင်တော်ကုလန်ကို ပေးအပ်ထားပြီးဖြစ်သောကြောင့် ယွမ်ချူးခန် လက်ထဲတော့ ဘယ်နည်းနှင့်မှ အရောက်မခံနိုင်ပေ။

ဆူမီရာ၏ စိတ်တို့က နောင်တော်ကုလန်ကိုပါ တွေးမိပြီး စိုးရိမ်သွားစဉ် ယွမ်ချူးခန်က မီရာ၏ မျက်ဝန်းထဲမှာ ထိတ်လန့်ရိပ်ကြောင့် ရင်အစုံက နာကျင်လာခဲ့သည်။

ပထမဆုံး မိမိကို စိမ်းကားပြီးကြောက်ရွံ့သည့် မျက်ဝန်းဖြင့် ဆူမီရာ မိမိကို ကြည့်ခဲ့သည်။ ဒီအကြည့်ကို ယွမ်ချူးခန် မခံနိုင်ပေ။ မီရာ မိမိကို မုန်းမည်ကို ဘယ်လိုမှ မခံနိုင်ပေ။

" ဟုတ်တယ်.. ငါက သားမိုက်... ပြီးတော့ ခင်ပွန်းတာဝန် မကျေပွန်တဲ့ သူ... ပြီးတော့ သူများ ကြင်ယာကို လုယူတဲ့ လူယုတ်မာ... သွေးချောင်းစီးတိုက်ပွဲကို ဖန်တီးတဲ့ လူဆိုး... ဘာရှိသေးလဲ... ဟင်... မီရာ... မင်း ငါ့ကို ကြိုက်သလို ထင်လို့ရတယ်။ ကြိုက်သလို ပြောလို့ရတယ်။ ဘာဖြစ်ဖြစ် ငါ့ကို ခွဲမထားခဲ့ပါနဲ့။ ငါ ... မင်းကို ချစ်တယ်.. မင်းကို တကယ်ချစ်တာပါ မီရာ... ငါ မင်းကို တကယ်ချစ်တာပါ။ အရင်ကလည်း ချစ်တယ်။ အခုလည်း ချစ်တယ်။ ငါ့ဘဝမှာ မင်းကိုတွေ့မှာ အချစ်ဆိုတာ ကို ခံစားဖူးတာပါ... "

ယွမ်ချူးခန်က မီရာ၏ လက်ကို ကိုင်ကာ သူ့မျက်နှာကို အတင်းထိုးစေပြီး အသည်းအသန် တောင်းပန်စကားဆိုလိုက်သည်။ လက်မလွှတ်နိုင်ပါ။

မီရာ... ငါ ချစ်ရတဲ့ မီရာလေး။ ငါ သေမယ်ဆိုရင်တောင် မင်းရင်ခွင့်မှာပဲ ငါ့ ထွက်သက်ကို ရှိုက်ထုတ်ပါရစေ မီရာ... ငါ့ကို ခွဲမသွားပါနဲ့။ ငါ့ကို ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့။ ငါလုပ်သမျှ အားလုံးက မင်းကို ချစ်လို့ ပိုင်ဆိုင်ချင်လို့ပါ မီရာ...။

" တော်တော့ ယွမ်ချူးခန်.. ငါ မင်းကို မချစ်ဘူး။ ငါ မင်းကို အစကတည်းကနေ အခုထိ သူငယ်ချင်း တစ်ယောက် သံယောဇဉ်ပဲ ရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ သူငယ်ချင်း သံယောဇဉ်တောင် ကျန်ပါဦးမလား မသိတော့ဘူး။ မင်းကို ငါ အရမ်းစိတ်ပျက်တယ် ယွမ်ချူးခန်... "

ဆူမီရာက ယွမ်ချူးခန်လက်ထဲက မိမိလက်ကို အတင်းပြန်ဆွဲကာ ခပ်တင်းတင်းပြောလိုက်သည်။ လူချင်းပူးကပ်လုနီးပါးဖြစ်ကာ မျက်လုံးအစုံ နီရဲနေသည့် ယွမ်ချူးခန်ကို ဆူမီရာ ပိုပိုကြောက်လာ ခဲ့သည်။

မဟုတ်ဘူး။ သူက ငါ ခင်မင်ခဲ့တဲ့ သူငယ်ချင်း ယွမ်ချူးခန် မဖြစ်နိုင်ဘူး။ ငါ့ သူငယ်ချင်း ယွမ်ချူးခန်က ခုလို ရက်စက် ရူးသွပ်တဲ့သူ မဟုတ်ဘူး။ သူက သူ့အမေဆီက ချစ်ခြင်းကို ငတ်မွတ်နေတဲ့ ကောင်လေးပါ။ သူ့အမေက သူနဲ့အတူနေမယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ အရမ်းပျော်သွားတဲ့ ကောင်လေးပါ။ သူ...ယွမ်ချူးခန် မဟုတ်ဘူး။

ဆူမီရာသည် ယွမ်ချူးခန်ကို အတင်းတွန်းကာ အဝေးကို ထွက်ပြေးသွားတော့သည်။

"မီရာ...မီရာ  "

ယွမ်ချူးခန်က နောက်က အတင်းလိုက်ခေါ်ပေမယ့် ဆူမီရာက သူ့အခန်းထဲဝင်ကာ တံခါးသော့ခတ်ထားလိုက်သည်။ ဘယ်လိုခေါ်ခေါ် မီရာက ထွက်မလာေတော့သဖြင့် ယွမ်ချူးခန် စိတ်အားငယ်စွာဖြင့် လှည့်ထွက်လာစဉ် အဆိပ်သခင်က အနားရောက်လာပြီးတီးတိုး ပြောလိုက်သည်။

" အရှင့်သား....လက်မလျှော့ပါနဲ့... အစီစဉ်က နောက်ဆုံး အဆင့်ကိုရောက်နေပါပြီ။ တကယ်လို့ ဒါတွေကိုသာ အောင်နိုင်သွားရင် ငွေတောင်မင်းသားလေးက အရှင့်သားရဲ့ ခြေရင်းကို အလိုလို ရောက်လာမှာပါ။ အရှင့်သား တောင့်ခံတော်မူပါ "

အဆိပ်သခင်၏ စကားကိုကြားလိုက်မှ ယွမ်ချူးခန်စိတ်ဓါတ် ပြန်တက်ကြွလာခဲ့သည်။ ဟုတ်တယ်။ အနိုင်ရသူသာ အသန်မာဆုံး ဖြစ်သည်။ အတူနေပြီးမှ မီရာက မိမိအချစ်ကို နားလည်လိမ့်မည်။ အခုတော့ နာမည်ပျက်လက်စနှင့် နောက်ဆုတ်လိုက်လည်း ပြန်ပြင်လို့မရတော့ပေ။ မိမိအစီစဉ်က နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ကုလန် ရောက်လာရင် အားလုံး ပွဲသိမ်းပြီ။ ဒါကြောင့် ရှေ့ဆက်မှဖြစ်မည်။

" ကောင်းပြီ။ အစီစဉ်အတိုင်း ဆက်လုပ်လိုက်တော့...  "

ယွမ်ချူးခန် စိတ်ကို တင်းကာ အမိန့်ပေးလိုက်သည်။ အဆိပ်သခင်က ဦးညွတ်ကာ ထွက်သွားလိုက်သည်။

" မီရာ... မင်း ငါ့အချစ်ကို နောက်မှ သိလိမ့်မယ်။ မင်း ဘာပဲပြောပြော ငါ့အချစ်ကို မကြုံဖူးသေးပဲနဲ့ ကုလန်ရဲ့အချစ်ပဲ ကောင်းပါတယ်လို့ မင်း မပြောသင့်ဘူးလေ။ ဘယ်သူ့အချစ်က ပိုကောင်းတယ်ဆိုတာ သိရဖို့ မင်း ကိုယ်တိုင် ခံစားသင့်တယ်မဟုတ်လား.... မီရာ..ငါ့ကို ခွင့်မလွှတ်ပါနဲ့။ မင်းကိုရဖို့ ငါ ဘာမဆို လုပ်လာခဲ့ပြီးပြီ။ အခုမှတော့ ငါ နောက်မဆုတ် နိုင်တော့ဘူး။ ငါတို့ အတူနေပြီးသွားရင် မင်း ငါ့အချစ်မှာ ပျော်ဝင်လာမှာပါ... "

ယွမ်ချူးခန်က သူ့အဆောင်ကို မောပန်းစွာပြန်လာပြီး အိပ်ယာထက်တွင် လှဲလျှောင်းကာ ရင်ထဲကနေ တီးတိုးပြောလိုက်မိသည်။

----------------

ဟော်သွန်း သတိရရချင်း သားငယ်ကို ခေါ်လိုက်သည်။

" သား..သား..တော်.. "

" အရီးတော်..အရီးတော် သတိရလာပြီ "

ဆူမီရာသည် အရီးတော်အနားကို ချက်ချင်းတိုးကပ်ကာ သွေးခုန်နှုန်းစမ်းလိုက်ပြီး မေးလိုက်သည်။

" မီရာ... သားတော်ကော "

ဆူမီရာသည် မအေတစ်ယောက်၏ အချစ်ကြီးပုံကို တွေ့သော သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။.

" သူ.. သူ့ကို အခေါ်လွှတ်လိုက်ပါ့မယ် အရီးတော်ဘုရား။ စိတ်အေးအေး ထားတော်မူပါ။  "

" သားကြီးကို မလာခိုင်းနဲ့... သားငယ်...သူ..သူ... "

ဟော်သွန်းက ဆူမီရာ၏ လက်ကို ဆုပ်ကိုင်ကာ အရေးတကြီးပြောလိုက်သည်။ သားငယ် ထီးနန်းဆက်ခံလျှင် သားကြီးကို ထောင်ချောက်ဆင်ဖမ်းလိမ့်မည်။ သားငယ်က သားကြီးကို အသေသတ်လိုက်မည်ကို စိုးရွံ့နေမိသည်။

" အရီးတော်... ကျွန်တော် နောင်တော်ကို စာလွှာပို့လိုက်ပါ့မယ်... အရီးတော် အရမ်းစိတ်မပူပါနဲ့... "

ဆူမီရာသည် အရီးတော်၏ စကားကြောင့် နောင်တော်ကုလန်ကို စိုးရိမ်ပြီး ပြောလိုက်သည်။

ဟော်သွန်းသည် လိမ်မာယဉ်ကျေးကာစိတ်ထားကောင်းလှသည့် ဆူမီရာ၏လက်ကိုဆုပ်ကိုင်ကာ မျက်ရည်ဝဲပြီးတောင်းပန် လိုက်သည်။ ချူးခန်... သားငယ်လေး... သူ့ကို ငဲ့ကာ တစ်သက်လုံး နန်ကျောင်မှာ နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သားငယ်လေးက သူမရဲ့ အချစ်ကို လုံးဝမယုံကြည်ခဲ့ပါလား။ ဘယ်လိုက ဘယ်လိုဖြစ်ပြီး သားကြီးကိုပဲချစ်သည်ဟု ထင်သွားခဲ့ရတာလဲ။ မောင်မောင်နှင့် သားကြီးခေါ်သည်ကို ငြင်းပယ်ခဲ့သည့်တိုင် မလုံလောက်သေး ဘူးလား။ မိမိ ထိန်းကျောင်းပုံက ညံ့ဖျင်းခဲ့လို့လား။

" မီရာ..အရီးတော် တောင်းပန်ပါတယ်။ အရီးတော် ချူးခန်ကို ကောင်းကောင်း မသွန်သင်နိုင်ခဲ့ဘူး "

ဆူမီရာက အရီးတော်ဟော်သွန်း ဝမ်းနည်းပက်လက်ဖြစ်သည်ကို သိသဖြင့် ပြာပြာသလဲ ပြောလိုက်သည်။ အရီးတော်၏ ရင်တွေ ဘယ်လောက်နာကျင်နေပြီဆိုတာ သိသဖြင့် နောင်တော် ကုလန်အစား ဆူမီရာ ဝမ်းနည်းမိသည်။

" ဟင့်အင်း... အရီးတော် သူ့ကို ဘယ်လောက်ချစ်ပြီး ဘယ်လောက် သွန်သင်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အရီးတော် ခဏနား လိုက်ဦးနော်။ စိတ်မပူပါနဲ့။ အဆိုးဆုံးမဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ် "

" မီ..ရာ... "

ဆူမီရာက အရီးတော်ဟော်သွန်း၏ မျက်ရည်ကို အသာသုတ်ပေးစဉ် မင်းကြီး ရောက်လာသဖြင့် နောက်ကို အသာဆုတ်လိုက်သည်။

" မင်းကြီး ကြွချီလာပါပြီ. "

" နှမတော်... နှမတော်... စိတ်အေးအေးထားပါ။ မောင်တော် တစ်ယောက်လုံးရှိပါတယ်။ သားတော်ကို မောင်တော် ထိန်းပ့ါမယ် "

ဟော်သွန်းက ခန်မင်းကြီးကို တောင်းပန်လိုက်သည်။ သားဖြစ်သူကို စုံလုံးကန်း ချစ်သည့်အတွက် မလုပ်သင့်သည်ကို လုပ်ခွင့်ြ့ပုလိုက် မည်ကို ဟော်သွန်းကြောက်နေမိသည်။ တကယ်လို့ ချူးခန်သာ ဘုရင်နေရာကို ဆက်ခံလိုက်လျှင် နန်ကျောင်တစ်ပြည် လုံးက စစ်တပ်သာမက အရိပ်စစ်သည်တော်အားလုံးကိုပါ အမိန့်ပေးခွင့် ရတော့မည်။ ဒါဆိုလျှင် ယွမ်ချူးခန်ကို ဘယ်သူမှ ထိန်းနိုင်တော့မည် မဟုတ်ပေ။

" ချူးခန်ကို ထီးနန်းလွှဲမပေးပါနဲ့ မင်းကြီး... သူ.. ငယ်သေးတယ် "

" ဒါတော့ မမှီတော့ဘူး နှမတော်ရယ်။ သားတော်က ဒီနန်းတက်ပွဲ အတွက် အစောကြီးကတည်းက စီစဉ်ထားပြီးသားဖြစ်နေပြီ။  "

ခန်မင်းကြီးက ဟော်သွန်းကို တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားသော် ဟော်သွန်းသည် မျက်လုံးကို မှီတ်လိုက်ပြီး ဘာစကားမှ မပြောတော့ပေ။ ခန်မင်းကြီးသည် ချစ်လှစွာသော မိဖုရား၏ဘေးတွင် ဒူးထောက်ကာ လက်လေးကို နူတ်ခမ်းမှာ ထိကပ်ပြီး တီးတိုးတောင်းပန်နေပေမယ့် ဟော်သွန်းက မျက်လုံးဖွင့်မကြည့်သလို စကားလည်း တခွန်းမှ မပြောတော့ပေ။

ယွမ်ချူးခန် သည် မယ်မယ့်ကို ခခယယ တောင်းပန်နေသည့် ခမည်းတော်ကို ငေးကြည့်နေပြီး အဆောင်တော်ထဲကို ဝင်လာကာ မယ်မယ့်ကို ညင်သာစွာခေါ်လိုက်သည်။

" မယ်မယ်ဘုရား..... "

" သားတော်...."

ဟော်သွန်းက မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကလေးလေးဟု ထင်ထားသော သားတော်က မျက်စိရှေ့မှာပင် လူလားမြောက်ကာ မိမိ စကားကိုပင် မနာခံတော့သည့် အဖြစ်ကိုရောက်လာလေပြီ။


ယွမ်ချူးခန်က မယ်မယ့်ရှေ့မှာ ဒူးထောက်တောင်းပန်ကာ ဆို့နင့်စွာ ပြောလိုက်သည်။

" မယ်မယ်ဘုရား...သားတော် တောင်းပန်ပါတယ်။ မီရာ့ကို သားတော် တကယ်ချစ်လို့ပါ။ မီရာ့ကြောင့် သားတော် သေလုမျောပါး ကြိုးစားခဲ့တာပါ။ သားတော်လည်း မယ်မယ့် သားပါပဲ။ သားတော် ချစ်တဲ့သူနဲ့ အတူနေခွင့်ပြုတော်မူပါ။ သားတော် မီရာနဲ့လက်ဆက်ပြီးရင် မီရာနဲ့မယ်မယ် မကြိုက်တာကို လုံးဝ မလုပ်တော့ပါဘူး။ တောင်ပိုင်းကို စစ်မဖြစ်နဲ့ဆိုလည်း မဖြစ်တော့ ပါဘူး။ အခြား မိဖုရားတွေကို ကောင်းကောင်းဆက်ဆံ ပါဆိုလည်း ဆက်ဆံပါ့မယ်။ ဒါပေမယ့် သားတော် ချစ်တဲ့ မီရာကိုလက်ဆက်ပါရစေ။ မယ်မယ် သားတော်ကို ချစ်တယ်ဆိုရင် ဒီတချက်တော့ ခွင့်ပြုပေးပါ။ သားတော်ရဲ့ဘဝမှာ မီရာ တစ်ယောက်တည်းကိုပဲ ချစ်ဖူးတာပါ။ မယ်မယ်က စစ်သူကြီး ယေစုကိုင်း ကို ချစ်သလို သားတော်လည်း မီရာကိုချစ်တယ်။ မယ်မယ် ယေစုကိုင်းကို တန်ဖိုးထားသလို သားတော်လည်း မီရာကို တန်ဖိုးထားတယ်။ ဒါကြောင့် မယ်မယ် ကိုယ်ချင်းစာပေးပါ။ ယေစုကိုင်းနဲ့ခွဲရလို့ မယ်မယ်နာကျင်သလို သားတော်လည်း မီရာနဲ့ ခွဲရရင်နာကျင်ပါတယ်။ သားတော်ကို ချစ်တဲ့သူနဲ့ အတူနေခွင့်ပြု တော်မူပါ မယ်မယ်ဘုရား... "

ဟော်သွန်းသည် ယွမ်ချူးခန်၏ မျက်နှာကို မမြင်ဖူးသူလို ငေးကြည့်ကာ ရင်ဘတ်အတွင်းပိုင်းက ဆက်တိုက် အောင့်လာခဲ့သည်။ သူမရဲ့သားက မောင်မောင်နှင့် မိမိ အချစ်ကို ကိုင်ကာ သူ့အချစ်ကို ကိုယ်ချင်းစာဖို့ပြောနေတယ်တဲ့လား။

" အခြေနေချင်း တူ လို့လား သားတော်... ယေစုကိုင်းနဲ့ မယ်မယ်က အစကတည်းက သိပ်ချစ်ရတဲ့ လင်မယားတွေလေ။ မင်းနဲ့ မီရာက သူငယ်ချင်း ဆက်ဆံရေးပဲရှိတာ မဟုတ်လား။ ဘာကြောင့် အတင်း ဆွဲပြောနေရတာလဲ သားတော် "

ယွမ်ချူးခန် နာကျင်စွာပြုံးလိုက်သည်။ ခန်မင်းကြီးလည်း ကြေကွဲစွာ ဖြင့် ဟော်သွန်းကို ငေးကြည့်နေမိသည်။ မိမိ တသက်မှာ တခါသာ ပေါ်ခဲ့သည့် အချစ်စစ်၊ ဒါပေမယ့် နောက်ကျသည့် အချစ်က သူတပါး၏ ဇနီးဖြစ်နေခဲ့သည်။ မိမိ အမှားကြီးမှားခဲ့ လေပြီလား။ တကယ်လို့ ဟော်သွန်းကို ချစ်ပေမယ့် မိမိ ရင်ကွဲခံ ခဲ့လျှင် သားတော်လည်း ခုလို အဖြစ်ကို ကြုံရမည် မဟုတ်ပေ။ အခုတော့ မိမိ တကိုယ်ကောင်းစိတ်၏ နောက်ဆက်တွဲ ဖြစ်ရပ်ကို သားတော် ခံစားနေရပြီ။ တသက်လုံး သူ့မယ်တော်က သူ့ကို မချစ်ပါဆိုသည့် စိတ်ကြီး စွဲနေခဲ့လေပြီ။


"ယေစုကိုင်းနဲ့မယ်မယ်က အစကတည်းက သိပ်ချစ်ရတဲ့ လင်မယားတွေ တဲ့လား။  ခမည်းတော်က သိပ်ချစ်တဲ့ လင်မယားကို ခွဲခဲ့ပြီး မယ်မယ့်ကို အတင်းသိမ်းပိုက်တဲ့ လူရမ်းကား ဘုရင်ကြီးလို့ မယ်မယ့်ရင်ထဲ စွဲနေတာကို သားတော်သိပါတယ်။ သားတော်က လူရမ်းကားဘုရင်ကြီးရဲ့သွေးသားဖြစ်လို့ မယ်မယ် မချစ်ဘူးဆို တာလည်း သားတော်သိပါတယ်။ ဒါပေမယ့် သားတော်က မယ်မယ့် ကို ချစ်တယ်။ မယ်မယ့်မှာ သိပ်ချစ်ရတဲ့ ယောကျာ်းနဲ့ သား ရှိပေမယ့် သားတော်မှာ မယ်မယ်တစ်ယောက် တည်း ရှိတာပါ။  သားတော် ဘယ်လောက်ကြိုးစားကြိုးစား... မယ်မယ့်မျက်လုံးထဲမှာ ကုလန်တစ်ယောက်တည်းကိုပဲ မြင်တယ်ဆိုတာ သားတော် သိပါတယ်။ ဒါပေမယ့် သားတော် မယ်မယ့်ကို ချစ်တယ်"

ဟော်သွန်း၏မျက်ဝန်းထဲမှ မျက်ရည်ပေါက်ကြီးများ တိတ်တဆိတ် စီးကျလာခဲ့သည်။ သားတော်၏ ရင်ထဲက ဒဏ်ရာက ကုမရအောင် နက်ရှိုင်းနေပြီလား။ သားတော်လေး အားငယ်နေမည်စိုးလို့ မောင်မောင်နှင့် သားကြီးနောက်ကိုပင် မလိုက်ခဲ့ပဲ နန်ကျောင်ပြည် မှာ နေရစ်ခဲ့ပေမယ့် နောက်ဆုံးတော့လည်း သားငယ် က မိမိကို အထင်လွဲနေဆဲပါလား။

"မီရာကို ပြန်လွှတ်ပေးလိုက်ပါ သားတော်... မယ်မယ် တောင်းပန်ပါတယ်  "

" ဟင့်အင်း...သားတော် သေမှ မီရာကို လက်လွှတ်မယ် ။ သားတော် စော်ကားမိသမျှအတွက် မယ်မယ့်ကို ရှိခိုးတောင်းပန်ပါတယ်။ သားတော်ကို ခွင့်လွှတ်ပေးပါ..."

ယွမ်ချူးခန် ဆက်ပြောဖို့ ခွန်အားမရှိတော့ပဲ မယ်မယ့်အဆောင်မှ ချာခနဲလှည့်ကာ ပြန်လာခဲ့တော့သည်။ ယွမ်ချူးခန်၏ နှလုံးသားက မယ်မယ်၏ တောင်းပန်စကားကြောင့် တစ်စစီပဲ့ကြွေခဲ့လေပြီ။ မယ်မယ်က သူ့သားတော်ကြီး ကုလန်အတွက် မိမိကို အသနားခံနေသည့် မြင်ကွင်းက ယွမ်ချူးခန်၏ နှလုံးသားကို ဓါးနှင့်ထိုးမွှေနေသလို ခံစားရစေသည်။

"ကုလန်... အားလုံး မင်းကြောင့်ပဲ။ မင်းသာ မရှိခဲ့ရင် မယ်မယ့် အချစ်တွေကို ငါ အကုန်ရခဲ့မှာ။ မီရာလည်း သေချာပေါက် ငါ့ကို ချစ်ခဲ့မှာ။ မင်းကြောင့်... ငါ့ဘဝက အရိပ်မည်းကြီးအောက်မှာ ရှင်သန်ခဲ့ရတယ်။ မင်း သေသင့်တယ် ကုလန်.....  "

---------------------


စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Season (2)Where stories live. Discover now