Unicode
"ကပ္ပတိန်
ကပ္ပတိန်မရှိတော့ဘူး
နောက်ပြီးလူးကပ်စ်ရောပျောက်သွားတယ်""ဟင်...ဖေဖေဘယ်မှာလဲဦးလေးလူးကပ်စ်ရော"
"သင်္ဘောတစ်ခုလုံးအနှံ့ရှာပြီးပြီ..
စိတ်မကောင်းပါဘူး
မင်းဖေဖေရော ဦးလေးရောမရှိတော့ဘူး""မဖြစ်နိုင်တာ ဖေဖေကသားကိုထားသွားမှာမဟုတ်ဘူး..
တစ်နေရာရာမှရှိရမှာပေါ့"ဦးလေးတို့လိမ်နေကြတာလား
မနေ့ကမှဖေဖေကသားနဲ့တူတူအိပ်သွားတာလေ..မနက်ရောက်တော့ဘာလို့မရှိတော့တာလဲ
ဦးလေးလူးကပ်စ်ကရောဘယ်သွားတာလဲခေါင်းထဲမှာပေါ်လာတဲ့မေးခွန်းများကတန်းစီလျက်
ဖေဖေနေ့ချင်းညချင်းပျောက်သွားတာဆိုတော့ဒီသင်္ဘောမှာမှမရှိနိုင်ရင်ကျန်တဲ့ဘယ်နေရာမှရှိတော့မည်မဟုတ်ပါ။"ဒီမှာကပ္ပတိန်ခန်းထဲမှာတော့စာအိတ်တစ်အိတ်ရှိတယ်
ဒါကဂျောင်ကုအတွက်ဖြစ်မယ်ထင်တယ်"'သားရေ..ဖေဖေတော့ဟိုးအဝေးကြီးကတစ်နေရာကို
အကြောင်းတစ်ခုခုကြောင့်ခဏသွားရမယ်ထင်တယ်
ဒီအတောအတွင်းမှာသားကိုမပြောပြပဲနဲ့ဖေဖေဝှက်ထားခဲ့တဲ့အရာတွေရှိခဲ့တယ်...
အဲ့ဒါကိုသားသိဖို့အချိန်တန်ပါပြီလေ..
ဒီစာအိတ်ထဲမှာဒုတိယမြောက်စာရှိတယ်
အဲ့ဒါကိုယူထားလိုက်ပြီးတစ်ယောက်တည်းရှိတဲ့အချိန်မှဖတ်ပါ။
ဒီစာကိုလည်းသားဖတ်ပြီးအချိန်ဖျက်ဆီးပစ်လိုက်ပါ'ကလေးငယ်သည်အနည်းငယ်တော့ကြောင်အသွားရကာဖေဖေမှာခဲ့တဲ့အတိုင်းစာကိုဖတ်ပြီးစာရွက်ကိုဆုတ်ချေလိုက်ပြီးပင်လယ်ထဲကိုလွှင့်ပစ်လိုက်ကာကျန်တဲ့စာအိတ်တစ်ပိုင်းတစ်စကိုတော့အင်္ကျီအိတ်ထဲထိုးထည့်လိုက်သည်။
"ဂျောင်ကုလေးဘာလို့စာကိုလွှင့်ပစ်လိုက်တာလဲ"
"အဲ့စာရွက်မှာဘာမှမရေးထားလို့"
ကလေးငယ်ရဲ့အပြောကိုထိုလူကယုံကြည်သွားသည်၊ထို့ကြောင့်ဘာမှဆက်အထွန့်မတက်တော့ပဲထားလိုက်တော့သည်။
"ဟိုဘက်မှာတစ်ခုခုရှိနေတယ်"
"ဘာလဲ
ကပ္ပတိန်ကမရှိတော့ပါဘူးဆို...
ဘယ်ကအန္တရာယ်တွေကလာဦးမယ်မသိဘူး"
YOU ARE READING
CAPTAIN JEON{Completed}