Chapter13

2.6K 389 38
                                    

Unicode

"ဒါကမျက်နှာဖုံးကပ္ပတိန်ရဲ့သင်္ဘောပဲ"

"သူကဒီကိုဘာလာလုပ်တာပါလိမ့်"

"အမြှောက်သံကသူ့ဆီကလာတာ
ငါတို့ကိုအန္တရာယ်ပေးတော့မယ်နဲ့တူတယ်"

ချက်ချင်းကိုအုတ်အုတ်ကျွက်ကျွက်ဖြစ်သွားသောသင်္ဘောသည်ဆူညံနေသောအသံများစွာနဲ့ရောယှက်နေလျက်တုန်လှုပ်ကာရှိနေလေသည်။ထိုအခြင်းအရာကိုဖြိုခွင်းလိုက်သည်ကကပ္ပတိန်ဂျွန်ရဲ့အသံ...

"ရပ်ကြစမ်း ဘာလို့ကြောက်လန့်နေကြတာလဲ
ငါတို့မှာလည်းလက်နက်တွေရှိနေတာပဲ၊ဘာမှကြောက်စရာမလိုဘူး"

သင်္ဘောသားတွေကိုသာတွန်းတွန်းတိုက်တိုက်လုပ်ပေးလိုက်ပေမယ့်နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကိုအခုတည်းကကြိုတင်မှန်းဆ၍ရနိုင်သည်။
ဒီလိုမျိုးအချိန်မှာပေါ်လာခြင်းသည်ကောင်းခြင်းတော့မဟုတ်ပေ...။

"အရင်ဆုံးသူဘာလို့လာလဲဆွေးနွေးကြည့်တာပေါ့"

မျက်နှာဖုံးကပ္ပတိန်ရဲ့သင်္ဘောကတစ်ဖြည်းဖြည်းနီးကပ်လာပြီးသူကိုယ်တိုင်ဦးဆောင်လို့ကပ္ပတိန်ဂျွန်ရဲ့Amethystသင်္ဘောဆီကိုကျူးကျော်လာသည်။
လူအုပ်စုအင်အားသည်လည်းအလုံးအရင်းနှင့်...
အခုချိန်မှာသာခိုက်ရန်ဖြစ်ပွားပြီးတိုက်ခိုက်ဖြစ်ခဲ့မည်ဆိုပါကမျက်နှာဖုံးကပ္ပတိန်ရဲ့လူအင်အားကသုံးပုံတစ်ပုံခန့်သာနေမည်ဖြစ်သည်။
သတ္တဝါကြီး၏လက်အောက်မှာတော်တော်များများကကျဆုံးခဲ့ရပြီးဖြစ်လို့ဂျွန်၏အင်အားကအတော့်ကိုနည်းပါးလှသည်။

"နောက်တစ်ခေါက်ထပ်ဆုံကြပြန်ပြီ"

"ဘာလို့များကျွန်တော့်ရဲ့သင်္ဘောပေါ်ဒီလိုခွင့်ပြုချက်မရှိပဲကျူးကျော်လာရသလဲသာသိချင်မိတယ်၊
ခင်ဗျားဘာလိုချင်လို့လဲ"

"ရှင်းပါတယ်
မင်းပြောခဲ့သလိုပဲငါ့ဝေစုကိုလာရှာတာလေ
ကတိစကားကိုမှတ်မိမယ်ထင်ပါတယ်"

"ကျွန်တော်ကရပြီးမှလို့ပြောခဲ့တာပဲမှတ်မိတယ်"

"ကောင်းပြီလေ
အဓိကကတော့ရပြီးမှဆိုတာထက်တစ်ခါတည်းငါတစ်ယောက်တည်းယူလိုက်ရင်ရောမပြီးသွားဘူးလား"

CAPTAIN JEON{Completed}Where stories live. Discover now