Unicode
"ဒီကောင့်ကိုချက်ချင်းလိုက်ရှာမှရမယ်"
"ဒါပေမယ့်အဲ့ဒီပင်လယ်ဓားပြကစည်းကမ်းတော့ရှိတယ်
သူကလူသတ်တာတစ်ခါမှမရှိဘူး
အင်းလေ ပင်လယ်ဓားပြငယ်ငယ်လေးနှစ်ယောက်ကဦးဆောင်နေတဲ့သင်္ဘောဆိုတော့လည်း...""အရင်ဆုံးသူ့ကိုချက်ချင်းလိုက်ရှာရမယ်
ရာရာစစငါ့သားငယ်ကိုပြန်ပေးဆွဲသွားရတယ်လို့
သူကဘာကိုလိုချင်နေတာလဲ""မသိပါဘူး ဒါပေမယ့်ထုံးစံအတိုင်းငွေလိုချင်လို့ပဲဖြစ်မှာပါ"
"ငွေလိုချင်တယ်ဆိုရင်ဆက်သွယ်လာမှာပေါ့
ခုက၃ရက်တောင်ရှိနေပြီ
ဘာသတင်းမှမရသေးဘူး
သတင်းပေးတွေကအဲ့လောက်တောင်ညံ့ရလား""ကျွန်တော်မျိုးတို့ဒီကိစ္စကိုသေချာစွာဆောင်ရွက်လိုက်ပါ့မယ်"
"အဲ့ဒီဂျောင်ကုဆိုတဲ့ကောင်ကိုအစကတည်းကအလိုရှိနေတာ
ငါ့ရဲ့ကုန်တင်သင်္ဘောတွေကိုလည်းဖြတ်ယူတာခဏခဏရှိနေပြီ
အခုသူကငါကိုယ်တော်ရဲ့သားငယ်ကိုခိုးသွားသေးတယ်တွေ့တဲ့နေရာဖမ်းခေါ်လာခဲ့ငါကိုယ်တော်ကိုယ်တိုင်ကြိုးပေးပြီးသတ်မယ်
အခုချက်ချင်းတပ်သားတွေပြင်လိုက်
နမ်ဂျွန်းမင်းပါလိုက်သွား...တွေ့တဲ့နေရာအမိသာဖမ်း""ဟုတ်ကဲ့"
"ဒေါသထွက်လိုက်တာ"
"အခုချိန်မှာကျွန်မတို့သားငယ်လေးဘယ်လိုဖြစ်နေပြီလဲမသိဘူး
ပင်လယ်ဓားပြတွေလက်ထဲရောက်ပြီးအနှိပ်စက်ခံနေရပြီလား
သူ့ကိုငါးမန်းစာပဲကျွေးပစ်လိုက်ပြီလား
အမလေး ကျွန်မတော့ရင်လေးရချည်ရဲ့
ကျေးဇူးပြု၍မြန်မြန်သားငယ်လေးကိုရှာပေးကြပါ"သို့သော်သူတို့၏အမြင်နှင့်ယခုဖြစ်ပျက်နေသောအခြေအနေကတကွဲတပြားစီဖြစ်နေခဲ့သည်။Amethystသင်္ဘောပေါ်တွင်တော့ပွက်ပွက်ဆူညံလျက်...
"ကပ္ပတိန်ထပါဦး ဟိုကောင်လေးနိုးလာပြီ"
"ဟေ..နိုးလာပြီဟုတ်လား
လာမယ် လာမယ်""ငါ့ကိုလွှတ်ပေးစမ်း
အစောင့်တွေဒီမှာတစ်ယောက်မှမရှိကြဘူးလား"
YOU ARE READING
CAPTAIN JEON{Completed}