Unicode
သင်္ဘောနားပြန်ရောက်လာသည့်အချိန်ဆီးကြိုနေသောလူးကပ်စ်၏နောက်လိုက်များကြောင့်ဂျောင်ကုအဝေးကပင်အော်ပြောရပြန်သည်။မဟုတ်ရင်မရဏမီးလျှံတွေကအားလုံးကိုဝါးမြိုသွားနိုင်သည့်မို့...
"ရပ်လိုက် အဲ့လိုမလုပ်နဲ့
အခုချိန်မှာတိုက်ဖို့လုပ်နေမယ်ဆိုရင်ငါတို့အကုန်သေကုန်လိမ့်မယ်""ကပ္ပတိန်ရော"
"မင်းတို့ရဲ့ကပ္ပတိန်မရှိတော့ဘူး
ကျန်တဲ့သူတွေရော၊မင်းတို့အခုချိန်အသက်ရှင်ချင်သေးတယ်ဆိုရင်ငါပြောတဲ့အတိုင်းမင်းတို့ရဲ့လက်နက်တွေကိုချလိုက်ပါ၊မီးတွေလာနေပြီ""ဘာပြောတာ မီးတွေဟုတ်လား"
"ဟုတ်တယ်ငါတို့သင်္ဘောထွက်ဖို့အမြန်လုပ်ရမယ်၊သင်္ဘောပေါ်မြန်မြန်တက်"
ဟုတ်ဟုတ်မဟုတ်ဟုတ်သူတို့သင်္ဘောကိုပြန်ထွက်ကိုထွက်ရမည်။ကိုယ့်ကိုကိုယ်တအားယုံကြည်နေလွန်းလို့မီးလောင်ပြီးသေရမယ့်အဖြစ်မျိုးဘယ်သူမှမလိုချင်ကြဘူးမဟုတ်လား
အခုတော့သူတို့ရဲ့ကပ္ပတိန်မဟုတ်လည်းလိုက်နာရမည်။သူတို့မှာဒီနည်းလမ်းသာရှိတော့သည်ဖြစ်သည်။
အခုချိန်ကပ္ပတိန်ဂျွန်ကသူတို့ရဲ့မှီခိုအားထားရာ၊အလင်းရောင်တစ်ခုသဖွယ်...
မေ့လဲနေသောကိုယ်ငယ်လေးကိုတစ်နေရာမှာချထားလိုက်ကာသူအစွမ်းကုန်မောင်းနှင်ဖို့ပြင်ဆင်ရတော့မည်။"သင်္ဘောစက်တွေအကုန်ဖွင့်လိုက်ပါ၊ရှိသမျှစက်ကုန်မောင်းနှင်ရမယ်"
"ဒါပေမယ့်Maxပေါ်မှာရှိနေတဲ့ရတနာတွေကရော"
"အခုချိန်ရတနာကအရေးကြီးနေတာလား"
"မဟုတ်ရပါဘူး"
"အဲ့တာဆိုသင်္ဘောမောင်းဖို့သာပြင်ဆင်လိုက်ပါ"
သင်္ဘောမောင်းထွက်ဖို့ကိုအစွမ်းကုန်ပြင်ဆင်ကြသည်။
ထယ်ယောင်းတို့ကိုကြိုးဖြေပေးတဲ့သူကဖြေပေးနှင့်သင်္ဘောတစ်ခုလုံးယောက်ယက်ခတ်လျက်သာ...
မီးလျှံတွေကလည်းဂူအတွင်းမှထွက်လာစပြုနေသောကြောင့်အခုချိန်မှမထွက်ခွာလျှင်ပြာအဖြစ်သို့ပြောင်းလဲရတော့မည်။
YOU ARE READING
CAPTAIN JEON{Completed}