Unicode
ကပ္ပတိန်ဂျွန်ကိုသူတို့သင်္ဘောရှိရာခေါ်ပြီးသင်္ဘောဝမ်းတွင်းရှိသံလှောင်အိမ်အတွင်းသို့သံကြိုးခတ်ကာထည့်ထားလိုက်သည်။
မင်းသားလေးကိုတော့အခန်းတစ်ခုတွင်းသို့သွင်းထားလိုက်သည်။ဂျွန့်အဖြစ်ကိုသူလည်းစိတ်မကောင်း
ဗြိတိန်ပြန်ရောက်ရင်ရာဇဝတ်မှုအတွက်ကြိုးဒဏ်ပေးခံရသည်မှာကျိန်းသေသည်။
ဒါကနေဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲသူမစဉ်းစားမိ....
သူတွေးသည်ကဂျွန့်ကိုတွေ့ဖို့သာ..."ဂျီမင်း အစ်ကိုဝင်လာမယ်နော်"
ကြားလိုက်ရသောအစ်ကိုနမ်ဂျွန်းရဲ့အသံကြောင့်ငိုနေရမှမျက်ရည်တွေကိုလက်ဖြင့်ဖယ်ထုတ်လိုက်သည်။မျက်လုံးလေးတွေကတော့နီရဲနေတုန်း...
အစ်ကိုနမ်ဂျွန်းသည်တစ်လှမ်းချင်းသူ့ဆီလျှောက်လာကာပုခုံးကိုသာသာလေးပုတ်ပေးနေသည်။"စိတ်မပူနဲ့တော့ အစ်ကိုဗြိတိန်ပြန်ရောက်ရင်ဒီကိစ္စကိုခမည်းတော်ဆီသေချာပေါက်ပြောပေးပါ့မယ်"
"ကျွန်တော်ဂျွန့်ကိုတွေ့ချင်တယ်"
"ဂျွန် ပင်လယ်ဓားပြဂျွန်ကိုပြောတာလား"
"ဟုတ်တယ်"
"ဘာလုပ်ဖို့တွေ့ချင်ရတာလဲ မဟုတ်မှလွဲရောအစ်ကိုထင်နေတာမျိုးလား ဂျီမင်း"
"အင်းးဂျွန့်ကိုကျွန်တော်ချစ်တယ်"
"အဲ့တာမင်းဘဝကိုဖျက်ဆီးခဲ့တဲ့ကောင်လေ
ဂျီမင်း ဘာတွေတွေးနေတာလဲ""ဖျက်ဆီးတယ်ဟုတ်လား
အစ်ကိုဘာသိခဲ့လို့လဲ
ကျွန်တော့်ကိုသူအသက်ဘေးက၂ခါကယ်ခဲ့တာ
ကယ်ခဲ့တဲ့အခါတိုင်းကလည်းသေမလုနီးနီးပဲဒါတောင်အစ်ကိုကဘာတွေကြည့်နေသေးတာလဲလို့
ဂျွန့်ကိုပြန်လွှတ်ပေး
ကျွန်တော်တောင်းဆိုတာပါ အစ်ကိုရာ""မင်းးး"
ဒေါသသည်တစ်ဟုန်ထိုးထွက်လာကာဂျီမင်းကိုပင်လက်သီးနှင့်ထိုးရတော့မည့်အထိဖြစ်သွားခဲ့သည်။
သို့ပေမယ့်ရွယ်ထားသောလက်သီးကိုပြန်ချလိုက်ကာမျက်လုံးတွေကိုမှိတ်ပြီးစိတ်ကိုသာလျှော့ချလိုက်ရသည်။
YOU ARE READING
CAPTAIN JEON{Completed}