Chapter16

2.8K 405 21
                                        

Unicode

မနက်ခင်းသည်နေရောင်ခြည်များဖြာကျကာထွန်းတောက်လျက်...
အခုချိန်မှာဂျွန်ဟာလည်းသူ့အပိုင်ဖြစ်လာခဲ့ပြီ။
ညကရခဲ့သောအမှတ်အသားလေးများပေါ်လက်ညှိုးလေးနှင့်အသာထိတွေ့ရင်းနှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးလိုက်မိသည်။
အရာအားလုံးကဂျွန်ပေးခဲ့တာတဲ့လေ...

ခေါင်းအုံးထားသောဂျွန့်လက်မောင်းကိုဖယ်လိုက်ကာအပေါ်စီးမှအိပ်ပျော်နေသောမျက်နှာအားစိုက်ကြည့်နေမိသည်။ဘယ်သူထင်မှာလဲ
ဖမ်းခေါ်လာတဲ့ပင်လယ်ဓားပြကြီးကိုမှနင့်နေအောင်ချစ်မိသွားမယ်လို့...

ကျနေသောဆံပင်မျှင်လေးများအားအပေါ်ကိုသပ်တင်လိုက်ကာနဖူးကိုနမ်းလိုက်သည်။
ဖွဖွလေးတစ်ချက်ပါပဲ...

"ဂျွန်"

"နိုးနေတာလား"

"အင်းးအိပ်မရတော့လို့"

"လာပါဦး ဒီကို
ကိုယ့်ကိုနမ်းပါဦး"

"စောနကလေးတင်..."

ကိုယ်ငယ်လေးကိုရင်ဘတ်ပေါ်ပြန်ဆွဲချလိုက်ကာမျက်နှာဖြူဖြူလေးအားတစ်ရစပ်လိုက်နမ်းတော့သည်။
မင်းသားလေးကတော့မနက်ခင်းနိုးလာတောင်ဆွဲဆောင်မှုရှိတုန်းပဲ

"အားးဂျွန် ယားတယ်"

"ချစ်တယ် ကိုယ့်နှလုံးအိမ်လေး"

"နှုတ်ခမ်းကိုနမ်း"

"နမ်းပါဘူး ကိုယ့်အပိုင်လေးကို"

"မနမ်းဘူးလား အခုနမ်း"

"နောက်တစ်ခေါက်ထပ်ဖြစ်သွားမယ်နော်"

"ဘာဖြစ်ဖြစ်နမ်း"

"ကိုယ့်မင်းသားလေးသတ္တိတွေအရမ်းရှိနေတယ်ပေါ့"

ပါးလေးအားလက်ဖြင့်အုပ်ကိုင်လိုက်ကာနီစွေးစွေးနှုတ်ခမ်းတွေအားစတင်နမ်းတော့သည်။
အပေါ်နှုတ်ခမ်းအားတစ်လှည့်၊အောက်နှုတ်ခမ်းအားတစ်လှည့်စုပ်ယူနေခဲ့ရင်းမှနှုတ်ခမ်းတွေအားဝင်ဖို့သာသာလေးကိုက်ကာအချက်ပြလိုက်သည်။

ချိုမြမှုတစ်သိန်းတစ်သောင်းပျော်ဝင်နေခဲ့သောဤနှုတ်ခမ်းတွေဟာဘာဖြစ်လို့များဒီလောက်တောင်အိထွေးနေရပါသလဲ။
အဖြေကတော့မင်းသားလေး၏နှုတ်ခမ်းများဖြစ်နေခြင်းကြောင့်သာ...။

CAPTAIN JEON{Completed}Where stories live. Discover now