Unicode
အဖြစ်အပျက်တွေဖြစ်ပျက်ပြီးတဲ့နောက်မှာချက်ချင်းပဲဗြိတိန်ရဲ့ဘုရင်ကြီးကပြင်သစ်ကိုဆင့်ခေါ်လိုက်သည်။
ယခင်ကတည်းကစကားကမ်းလှမ်းထားပြီးဖြစ်တာကြောင့်မင်္ဂလာပွဲအားနောက်နှစ်ရက်အလိုတွင်ကျင်းပတော့မည်ဖြစ်သည်။
နောက်နှစ်ရက်ဆိုရင်ပဲပြင်သစ်နဲ့ဗြိတိန်ကပေါင်းစည်းတော့မည်။မင်္ဂလာပွဲကိုတတ်နိုင်သမျှအလျင်စလိုပြုလုပ်ထားကြသည်။
အဘယ်ကြောင့်ဆိုသော်မင်းသားလေးစိတ်ပြောင်းသွားလျှင်မည်သို့မျှမဖြစ်သောကြောင့်သာ...
မင်းသားလေးကတော့တစ်နေကုန်သူ့အခန်းထဲမှပင်မထွက်။"သားငယ် နောက်နှစ်ရက်ကျရင်မင်္ဂလာပွဲကိုကျင်းပတော့မယ်"
"ဂျွန်ရော သူကောင်းကောင်းနေနေရရဲ့လား"
"သားငယ်ရဲ့ကပ္ပတိန်ကောင်းကောင်းရှိနေပါတယ်၊မယ်တော်အဆင်ပြေအောင်စီစဉ်ပေးထားတာပဲ"
"အင်း"
"သားငယ်ထမင်းလည်းနည်းနည်းပဲစားတယ်
မယ်တော်ယူလာတဲ့နွားနို့တစ်ခွက်ကိုတော့မငြင်းဘူးမလား""သားသောက်လိုက်မယ် အဲ့မှာပဲထားခဲ့ပါ"
"မယ်တော်ရှေ့ပဲသောက်
မယ်တော်ပြန်သွားရင်နွားနို့ခွက်ကိုမှောက်ပစ်လိုက်မှာမလား ကိုယ့်ကိုကိုယ်လည်းဂရုစိုက်ပါဦး သားငယ်ရယ်
ဒီပါးလေးတွေပိန်ဝင်နေတော့မှာပဲ"နွားနို့ကိုမတ်ခွက်ကြီးနဲ့ထည့်လာသောမယ်တော်ကိုပြန်ပြီးကလန်ကဆန်မလုပ်ချင်တာကြောင့်တစ်ငုံတော့သောက်လိုက်သည်။
ချိုဆိမ့်ဆိမ့်အရသာနွားနို့ကတောင်သူ့ရင်ထဲကပူလောင်မှုကိုခြေဖျက်နိုင်စွမ်းမရှိချေ...။"သောက်ဦးလေ"
"သားဗိုက်မဆာဘူး"
"ဒီတစ်ခွက်လေးပဲကုန်အောင်သောက်လိုက်ပါသားရယ်
သားငယ်ဒီလိုဖြစ်နေတာကိုမယ်တော်မမြင်ချင်တော့ဘူးလေ""တစ်ယောက်တည်းနေချင်တယ်
မယ်တော့်ကိုတော့အားနာပေမယ့်ထွက်သွားပေးပါလား""သားငယ်..."
"အခုချိန်မှာဘယ်သူ့ကိုမှမမြင်ချင်ဘူး"
YOU ARE READING
CAPTAIN JEON{Completed}