Unicode
စိတ်မပါလက်မပါဖြင့်အဝတ်ကိုဘက်တိုက်ဒီဘက်ရွှေ့လုပ်နေတုန်းတစ်ယောက်ယောက်ကလက်ကိုလှမ်းဖမ်းဆွဲကာခေါ်သွားတာကိုခံစားလိုက်ရသည်။
အားကလည်းသူ့ထက်ကြီးသည်မို့လို့ပြ န်ရုန်းသော်လည်းမတတ်နိုင်ပါချေ။
ဒီလိုနှင့်တော်ရုံတန်ရုံလူမမြင်နိုင်သောချောင်တစ်နေရာသို့ရောက်လာခဲ့တော့သည်။"အလှလေး"
"ခင် ခင်ဗျားကဘယ် ဘယ်သူလဲ"
"မင်းကတော့ငါ့ကိုမသိပေမယ့်ငါကတော့မင်းကိုသိတယ်
မင်းရောငါ့ကိုမသိချင်ဘူးလားဟင်""ဟင့်အင်း မသိချင်ဘူး
အခုလက်ကိုဖယ်လိုက်""မသိချင်ဘူးလား
ဒါပေမယ့်ကိုယ်ကတော့သိချင်နေတယ်"ထိုလူကဂျီမင်၏လက်နှစ်ဖက်ကိုအတင်းချုပ်ကိုင်ကာနှုတ်ခမ်းဖူဖူးတို့အားနမ်းရန်အတင်းကြိုးစားတော့သည်။
ဂျီမင်ကလည်းအတင်းရုန်းနေသည်မို့မိတော့မမိလိုက်ချေ။နောက်တစ်ကြိမ်တွင်တော့ရှောင်လိုက်သော်လည်းထိုသူကခေါင်းကိုပါချုပ်ထားသောကြောင့်မိတော့မည်ဟုထင်ကာမျက်လုံးတွေကိုမှိတ်ချလိုက်တော့သည်။
ထိုမှမျက်ရည်များဟာလည်းစီးဆင်းလာရတော့သည်။"ဒါဘာလုပ်နေတာလဲ ခုချက်ချင်းရပ်လိုက်စမ်း!!"
သို့ပေမယ့်ဘာမှကိုထိတွေ့မလာပဲအသံနက်ကြီးတစ်ခုကိုသာကြားလိုက်ရတာကြောင့်မှိတ်ထားသောမျက်လုံးများကိုအနည်းငယ်ပြန်ဖွင့်ကြည့်လိုက်မိသည်။
အသံကြားရာလှမ်းကြည့်လိုက်တော့ဂျောင်ကုကအတော့်ကိုစိတ်ဆိုးနေဟန်ဖြင့်သူတို့နှစ်ယောက်ကိုလှမ်းကြည့်နေခြင်းဖြစ်လေသည်။ဂျောင်ကုရောက်လာသည်မို့သူလည်းဟိုလူလက်ထဲမှအတင်းရုန်းလိုက်ကာဂျောင်ကု၏နောက်ကျောဘက်တွင်ကွယ်ကာဂျောင်ကု၏အကျႌကိုဆုပ်ကိုင်ထားရင်းဘာလုပ်မည်ကိုသာစောင့်ကြည့်နေလိုက်သည်။
"ဂျော့ချ် ဒါဘာလုပ်တာလဲလို့မင်းကိုမေးနေတယ်လေ"
"ကပ္ပတိန်ဒါကဟို ဟို"
"ကဲကွာ!!"
ဂျော့ချ်ကိုစိတ်ဆိုးစွာဖြင့်လက်သီးဖြင့်တစ်ချက်ထိုးလိုက်သည်။
ဘယ်လိုလူမျိုးကများချစ်ရသူကိုဒီလိုနိုင်ထက်စီးနင်းလုပ်နေတာကိုထိုင်ကြည့်နေမှာလဲ
YOU ARE READING
CAPTAIN JEON{Completed}