Chapter9

3K 419 45
                                    

Unicode

"ငါတို့အရေးကြီးတဲ့ညကိုရောက်နေပြီ
သဲလွန်စရဲ့အဆိုအတိုင်းဒီနွေလယ်ညမှာဂျီမင်းကမြေပုံကိုဖတ်ပေးလိမ့်မယ်"

"အသင့်ဖြစ်ပြီလား"

"အင်းးး"

နွေလယ်ညရဲ့လမင်းအလင်းရောင်ဖြင့်ဘာမှမရှိခဲ့တဲ့မြေပုံကိုဖြန့်ချလိုက်တော့ပေါ်လာသည်ကစာကြောင်းတစ်ကြောင်းသာ...

*နေမင်းကိုဆန့်ကျင်လို့အစောင့်ကိုနှိမ်နှင်း
လေနှင်ရာအတိုင်းလျှောက်လှမ်းခဲ့
ဝင်ပေါက်မှာနတ်သမီးကကြိုဆိုလိမ့်မည်
အသက်တစ်ချောင်းပေးလို့ဆပ်
ပင်လယ်ရဲ့အရှင်သခင်သင်ဖြစ်အံ့*

"အဲ့တစ်ကြောင်းပဲရှိတယ် မြေပုံမရှိဘူး"

"ဒါကဒီလိုဆိုတော့ဒီစာသားကဘာကိုဆိုလိုတာပါလိမ့်"

ဂျောင်ကုအသည်းအသန်ကိုစဉ်းစားနေမိသည်။မြေပုံမှာတော့ဘာတည်နေရာမှမပါပဲထိုစာကြောင်းတစ်ကြောင်းတည်းသာမို့လို့အတော့်ကိုခေါင်းရှုပ်ရသည်။

"ဒါပဲမြင်ရတာလား
နောက်တစ်ခုလောက်ရောမရှိဘူးလား"

"ဟင့်အင်း"

"အဲ့ဒါဆိုလည်းရပြီ အားလုံးသွားလို့ရပြီ"

"ကျွန်တော်ရော"

"မင်းလည်းပါတာပေါ့"

"အတော်ပဲအိပ်ချင်နေတာနဲ့သွားပြီ"

မြေပုံကိုထပြီးဖတ်ခိုင်းကတည်းကမျက်လုံးလေးတွေမှေးကျနေတာကိုသိတယ်။
ဒါ့ကြောင့်အိပ်ချင်မူးတူးနဲ့မှားဖတ်မှာစိုးရိမ်လို့နှစ်ခါပြန်မေးရသည်။
ဒီမြေပုံကလည်းညသန်းခေါင်ကျမှပေါ်ရလား
အလကားအိပ်ရေးမဝဖြစ်အောင်...

တံခါးလေးအသာဟပြီးအထဲချောင်းကြည့်လိုက်တော့သူလေးကခလူးခလောနှင့်အိပ်မောကျနေသည်။
တစ်ကယ်စားလည်းစားနိုင်သလိုအိပ်လည်းအိပ်နိုင်သည်

ဘဝကသူ့လိုလွတ်လပ်ပေါ့ပါးနေရင်သိပ်ကောင်းမှာပဲ
ဘာအပူအပင်မှမရှိပဲလေ
တံခါးကိုလည်းအသာလေးပြန်စိရသေးသည်။
တော်ကြာဒေါသအိုးလေးနိုးသွားရင်သူအိပ်နေတာနှောင့်ယှက်တယ်ဆိုပြီးအပြောခံရမှာမြင်ယောင်မိသေးသည်။

CAPTAIN JEON{Completed}Where stories live. Discover now