Unicode
အိမ်မက်တွေကလှပခဲ့သည်ထင်သည်။အိပ်ပျော်နေသူနှစ်ယောက်နိုးထလာသောအခါကြည်လင်စွာဖြင့်နိုးထလာလေသည်။အရုဏ်ဦး၏နေမင်းကလည်းအလင်းသာနေသည်မို့လို့ပင်လယ်ပြင်တွင်အရောင်ဟပ်ကာစိန်တုံးများသဖွယ်လှပနေတော့သည်။
"ကပ္ပတိန် ကျွန်တော်တို့သင်္ဘောကဂရိရဲ့ပိုင်နက်ထဲရောက်ပါတော့မယ် ပြန်လှည့်သင့်ပြီထင်တယ်"
"ထားလိုက် ဂရိဆီပဲဆက်မောင်းသွားလိုက်ပါ၊ငါတို့မှာရိက္ခာတွေပျက်နေပြီလေ
နည်းနည်းလောက်ဝယ်ရဦးမယ်""ဟုတ်ကဲ့ပါ ကပ္ပတိန်"
"ဂရိကိုရောက်တော့မယ်
သင်္ဘောကိုရုပ်ဖျက်ဖို့အသင့်ပြင်ထားလိုက်
ငါတို့ကုန်သည်သင်္ဘောအနေနဲ့သွားကြမယ်""ဟုတ်ကဲ့ ကပ္ပတိန်"
သို့နှင့်အလံပြောင်းတဲ့သူကပြောင်းကြ...
ရွက်လိပ်တဲ့သူကလိပ်ကြနှင့်
ထိုမနက်ခင်းတော့ဆူညံသွားရလေသည်။"ထယ်ယောင်း မင်းကဝယ်ရမယ့်စာရင်းလေးနည်းနည်းပါးပါးလုပ်ထားလိုက်ပါ"
"ဒါထက်ငါတို့မှာပိုက်ဆံတွေရောရှိသေးရဲ့လား"
"ဘာလဲ ကုန်သွားပြီလား"
"ဟိုတစ်လောတုန်းကပဲကုန်သွားသလားလို့
မင်းကိုငါပြောခဲ့တယ်လေ""ကုန်သွားတော့ဘယ်လိုလုပ်ရမလဲ
နေဦး ငါသွားရှာလိုက်ဦးမယ်""ခဏနေဦး
ပိုက်ဆံဒင်္ဂါးတွေကုန်နေလည်းစိတ်ပူစရာတော့မရှိဘူး""အယ် ဘာဖြစ်လို့"
"ငါတို့ဓားပြတိုက်လို့ရတယ်လေ
ဓားပြမတိုက်ဖြစ်တာအတော့်ကိုကြာလှပြီ
အခုတော့ကောင်းကောင်းကြီးတိုက်ရတော့မယ်"လက်နှစ်ဖက်ကိုပွတ်ကာစိတ်လှုပ်ရှားစွာဖြင့်ပြောနေသောထယ်ယောင်းကိုကြည့်ရင်းဂျောင်ကုတစ်ယောက်သက်ပြင်းချရပြန်သည်။
အမှန်ဆိုသူတို့ကပင်လယ်ဓားပြတွေမဟုတ်လားဒါကိုထယ်ယောင်းကကုန်းပေါ်မှာဓားပြတိုက်ဖို့ပြောနေသည်။ဒါကတော့ပင်လယ်ဓားပြတွေရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေလိမ့်မည်။မည်သို့ပင်ဖြစ်စေကုန်းပေါ်တွင်ဓားပြတိုက်စရာအခြေအနေထိတော့မသက်ရောက်သေးပါချေ။
YOU ARE READING
CAPTAIN JEON{Completed}