Unicode
သင်္ဘောဝမ်းဗိုက်လှေကားမှတစ်ဆင့်ကြမ်းပြင်အပေါ်ထိရောက်လာသည်။
ပဲ့၏အောက်တွင်ဖွဲ့စည်းထားသောအခန်းငယ်နှစ်ခုရှိသည်။ညာဖက်ခန်းကကပ္ပတိန်ဂျွန်၏အခန်းဖြစ်ကာတစ်ဖက်ကထယ်ယောင်း၏အခန်းဖြစ်သည်။
ဂျွန်ကတော့ဖြောင့်ဖြောင့်တန်းတန်းပင်သူ၏ကိုယ်ပိုင်အခန်းထဲသို့ဝင်သွားလေသည်။
ဂျွန်၏နောက်တွင်လိုက်ပါလာသူကမင်းသားလေးကထမင်းပန်းကန်များအစီအရီတင်ထားသည့်ဗန်းကိုယူကာဆူပုတ်၍လိုက်လာသည်။ဘယ်တတ်နိုင်မလဲ
အခုချိန်မှာသူ့၏နေရာကိုရောက်နေသည်မဟုတ်ပါလား။
သူ့နေရာနှင့်သူနေနိုင်မှတော်ခါကျမည်။
တော်ကြာသူ့စိတ်နဲ့မထင်ရင်ပင်လယ်ထဲပစ်ချခံနေရဦးမည်။ကိုယ့်နေရာပြန်ရောက်ရင်တော့ထိုပင်လယ်ဓားပြကြီးအားရှည်နေသောအရပ်တောင်ပုသွားအောင်ထုပြီးနုတ်နုတ်စဉ်းပစ်လိုက်ချင်ပါ၏။
"အဟမ်း အဟမ်း"
"ဘာလဲ"
"စားပွဲခုံပေါ်မချပဲအဲ့မှာဘာရပ်လုပ်နေတာလဲ"
ဒုန်း!!!
"ဖြည်းဖြည်းချလည်းရပါတယ်
ငါ့ပန်းကန်တွေကွဲကုန်လိမ့်မယ်"ဒီသင်္ဘောပေါ်ရောက်တာတစ်ရက်တောင်မပြည့်သေးဘူး
ထိုလူကြီး၏အကြောင်းကိုနှိုက်နှိုက်ချွတ်ချွတ်ကိုသိလိုက်ရသည်။ဘယ်လိုတောင်ကပ်စေးနှဲလိုက်တဲ့ဟာကြီးပါလိမ့်"စားမလား"
"ဟမ်"
"မင်းပဲစောနကဗိုက်ဆာတယ်ဆို
ငါကစေတနာနဲ့မေးတာပါ""ဟုတ်တယ်လေ ပြောခဲ့တယ်"
"ဒါဆိုဟိုစားဖိုဆောင်ပဲနောက်တစ်ပန်းကန်သွားယူလာခဲ့မင်းသူများတွေနဲ့မစားချင်ဘူးဆိုတာငါသိတယ်"
"ဟိုလေ..."
"ပြောစရာရှိလို့လား"
"ကျွန်တော်အဲ့စားဖိုမှူးကြီးနဲ့မနေချင်ဘူးပြီးတော့..."
"ဆက်ပြောလေ"
"ညဘက်ကျရင်အိပ်တော့လည်းသူများတွေနဲ့ရောပြီးမအိပ်ချင်ဘူး"
YOU ARE READING
CAPTAIN JEON{Completed}