Unicode
သင်္ဘောကသွားရင်းသွားရင်းဖြင့်ကျောက်ဆောင်အကြီးကြီးတစ်ခုနားရောက်ရှိလာသည်မို့လို့ပင်ထိုကျောက်ဆောင်ထဲဝင်သွားမှရတော့မည်။
တော်သေးတာကထိုကျောက်ဆောင်ကပက်ကြားအက်ကွဲကာသင်္ဘောဝင်ဆန့်သည့်အနေအထားဖြစ်သောကြောင့်ဒီတိုင်းရှောရှောရှူရှူဝင်သွားလို့ရနိုင်သည်။
"ဝင်ပေါက်မှာနတ်သမီးကကြိုဆိုလိမ့်မည်တဲ့
နတ်သမီးရုပ်ထုကိုလိုက်ရှာကြ"
"မရှိဘူး ကပ္ပတိန်"
"ဒါဆိုသင်္ဘောကိုခဏရပ်လိုက်
နတ်သမီးကိုရှာတွေ့မှအထဲဝင်လို့ရနိုင်မှာ၊ဒီအတိုင်းဇွတ်ဝင်သွားမယ်ဆိုဘာတွေဖြစ်လာနိုင်မလဲဘယ်သူမှမသိနိုင်ဘူး"
"ဂျွန်"
"ဘာပြောမလို့လဲ
ဒီမှာကိုယ်အလုပ်ရှုပ်နေတယ်"
"ကူညီလို့ရရင်ကူညီရအောင်ပါ"
"ရပါတယ် မလိုပါဘူး
နားနားနေနေသွားနေလိုက်နော်
ကိုယ်ခဏနေကျလာခဲ့မယ်"
"ဒီမှာမရှိဘူးဆိုရင်တော့ရေအောက်မှာဆင်းရှာမှဖြစ်မယ်ထင်တယ်"
"မဖြစ်ဘူး ဂျောင်ကု
မြေပုံရဲ့အဆိုကိုမင်းသိသေးမယ်ထင်တယ်
အသက်တစ်ချောင်းပေးဆပ်ရမှာနော်"
"အဲ့တာကနောက်မှရှင်းမယ်
ရတယ် ငါဆင်းရှာလိုက်မယ်"
"ငါလည်းလိုက်မယ်"
"ငါမရှိရင်ဘယ်သူကဒီသင်္ဘောဦးဆောင်မှာလဲ
မင်းပဲလေ...လိုက်လို့မဖြစ်ဘူး"
"မင်းမရှိရင်ဂျီမင်းကရောဘယ်လိုလုပ်မှာလဲ"
"ဂျွန်မသွားရဘူး
ကတိပေးထားတယ်လေ
ကျွန်တော့်ကိုလုံခြုံအောင်ထားပေးမယ်လို့"
ရုတ်တရက်ပြန်ရောက်လာသောမင်းသားလေးသည်လက်ကိုအတင်းဆွဲထားရင်းမသွားဖို့ပြောနေလေသည်။
မသွားရင်သင်္ဘောကရွေ့လို့မရဖြစ်နေမှာကြောင့်ဒီနည်းကိုစမ်းတော့စမ်းကြည့်ရမည်။
"ကိုယ်ပြန်လာမှာပါ ရေအောက်လေးခဏဆင်းတာပဲ
ဘာမှမဖြစ်ပါဘူး ကတိပေးတယ်လေ
ကိုယ်ကတိတည်တာမင်းသိတယ်မလား"
YOU ARE READING
CAPTAIN JEON{Completed}