Chapter10

3.2K 435 37
                                    

Unicode

သူ့ရဲ့အပေါ်ရုံအကျႌကိုချွတ်ချလိုက်ပြီးချက်ချင်းရေထဲလိုက်ဆင်းဖို့ပြင်နေသောကပ္ပတိန်ဂျွန်။
ဒီအချိန်မှာသူဘာမှမမြင်နိုင်တော့...။
သူ့စိတ်ထဲရေထဲကျသွားသူကိုဆယ်ဖို့အရေးသာစိုးမိုးနေ၏။ဒီလိုနဲ့တော့လက်လွှတ်အဆုံးရှုံးခံလိုက်လို့မဖြစ်ဘူး

"ကပ္ပတိန် ဘာလုပ်မလို့လဲ"

"ငါဂျီမင်းကိုကယ်ရမယ်"

"မသွားနဲ့ဂျောင်ကု
သူအခုလောက်ဆိုအနက်ကြီးရောက်နေလောက်ပြီ
မင်းသူ့ကိုကယ်နိုင်တော့မှာမဟုတ်ဘူး"

ထယ်ယောင်းမှဆွဲပြီးတားသည်။
အခုချိန်ဘာကိုမှမမြင်နိုင်သောဂျောင်ကုသည်ထယ်ယောင်းစကားလည်းနားမဝင်နိုင်တော့ပါ။

"အသက်ကိုမကယ်နိုင်တောင်အလောင်းတော့ပြန်ရအောင်လုပ်ရမယ် ထယ်ယောင်း
ငါ့ကိုမတားပါနဲ့"

ထယ်ယောင်းလည်းသူငယ်ချင်းဖြစ်သူ၏ဖြစ်အင်ကိုသိသောကြောင့်ဆွဲထားသောလက်ကိုလွှတ်လိုက်သည်။
ဂျောင်ကု၏သဘောထားကိုဂျောင်ကုပြီးလျှင်အနားလည်ဆုံးကသူပဲမလို့အချည်းနှီးဖြစ်မည်ဆိုတာသိသော်လည်းလွှတ်ပေးလိုက်လေသည်။

ချက်ချင်းကိုခုန်ဆင်းသွားသောဂျွန်...
ညာဘက်လက်ကဒဏ်ရာကပင်လယ်ဆားငန်ရေနဲ့ထိတွေ့သောကြောင့်အလွန်စပ်ပြီးနာလှသော်လည်းတင်းခံထားမိသည်။

တဖြည်းဖြည်းရေငုပ်ရင်းငုပ်ရင်းကနေသတ္တဝါကြီး၏လက်တံတွေကြားငြိမ်သက်နေတဲ့ကိုယ်ငယ်လေးကိုရေထု၏အမြင်အာရုံဝါးဝါးကြားကတွေ့မြင်လိုက်ရသည်။
အသင့်ယူလာသောဓားကိုဆွဲထုတ်လိုက်ရင်းလက်တံတွေကိုဖြတ်ချလိုက်ပြီးနောက်ကိုယ်ငယ်လေးကိုဆွဲပွေ့ကာရေမျက်နှာပြင်ကိုပြန်တက်လာခဲ့တော့သည်။

ဗွမ်း!!!

"ကပ္ပတိန်ပြန်ရောက်လာပြီ
ကြိုးတွေချကြ"

ရေထဲခုန်ဆင်းသွားတုန်းကဒဏ်ရာကသွေးတွေကရေပြင်အနှံ့ပျံ့နှံ့သွားသောကြောင့်အဝေးတစ်နေရာကငါးမန်းတွေကသွေးနံ့ကိုရကာအနံ့ထုတ်လွှင့်ရာနေရာဆီသို့လာနေကြပြီ။

CAPTAIN JEON{Completed}Where stories live. Discover now