Chapter7

3.5K 453 20
                                    

Unicode

"ခြေထောက်ကလည်းနာနေတယ်ဆိုတော့ဒီနေ့လည်းဘာမှမလုပ်နဲ့တော့"

"ရေး"

"ဘာရေးလဲ ငါကောက်ထုလိုက်ရ"

"အလုပ်မလုပ်ရလို့ပျော်တာဘာဖြစ်ချင်လဲ"

"ထပြီးအလုပ်လုပ်လို့မရပေမယ့်ထိုင်ပြီးလုပ်ရမယ့်ဟာတစ်ခုတော့ရှိပါတယ်"

"ဘာလဲ"

"ရော့ ငါ့အကျႌတွေခေါက်ပေး"

"ခေါက်ပေးစရာလား
ကိုယ့်ဘာသာခေါက်"

"မခေါက်ဘူးလား"

"နှစ်လုံးတည်းပြောမယ်..N..Oနိုး"

"အေးငါကလည်းပြောမယ်..ပင်လယ်..ထဲ..သွား"

"ကျစ်
နည်းနည်းပါးပါးလေးသနားငဲ့ညှာမယ်မရှိဘူး...
ကြည့်နေခင်ဗျားကိုလေဗြိတိန်ပြန်ရောက်တဲ့အခါအစိတ်စိတ်အမွှာမွှာဆွဲခြေပစ်မယ်"

"မင်းရဲ့အားလေးနဲ့လား"

"ခင်ဗျား..ဒါ..ဒါစော်ကားလိုက်တာပဲပင်လယ်ဓားပြစုတ်ရဲ့"

"ဟာ ဘာလဲ
မင်းရဲ့အားနဲ့လားမေးတာလေမမေးရဘူးလား"

"မမေးနဲ့!!
ကျွန်တော့်မှာလည်းအားရှိတာပေါ့
ခင်ဗျားတစ်ယောက်တည်းရှိနေတယ်လို့ထင်နေလား"

"ထုတ်ပြလေ ရှိရင်"

"ခင်ဗျားအရိုက်ခံနိုင်လား"

"ရိုက်ပေါ့ မင်းလောက်ကတော့အပျော့ပဲ"

ဖြန်း!!!!

"အောင်မလေးနာလိုက်တာဗျ
မင်း..မင်းတကယ်ရိုက်တယ်ပေါ့"

"ဟင်းးဟင်းးအားမရှိဘူးဆို"

ခုနကစဉ်းစားနေသောအတွေးများအကုန်လွင့်စဉ်သွားပြီ
ဒီကလေးအရိုးထဲကအားထွက်သည်ထင်ပါ့
ရိုက်ချလိုက်တာစပ်ဖြင်းသွားတာပဲ
ဘယ်ရမလဲဂျွန်ဂျောင်ကုလေ
ဒီကိစ္စတော့အသာလေးကိုင်တွယ်လို့ရတယ်။

ထိုင်ခုံရဲ့နောက်ကျောမှီဘက်ကိုလက်တစ်ဖက်ဖြင့်ထောက်လိုက်ရင်းအပေါ်စီးမှငုံ့ကြည့်လိုက်သည်။
ထိုကောင်လေးတော့အပေါ်ကိုမျက်လုံးလှန်ပြီးပေကလတ်ပေကလတ်ဖြင့်ကြည့်နေလေရဲ့။အနေအထားကသူ့ရဲ့မျက်နှာနှင့်လည်းနီးကပ်တော့မျက်လုံးပြူးမျက်ဆံပြူးနှင့်တုန်လှုပ်စွာပြန်ကြည့်နေလေသည်။

CAPTAIN JEON{Completed}Where stories live. Discover now