Chapter19(Final)

5.3K 486 91
                                    

Unicode

မရေတွက်နိုင်သောခြေလှမ်းပေါင်းများစွာနှင့်အတူပြေးသာထွက်လာခဲ့မိသည်။
ဂျွန်ရဲ့ဒီပုံစံကိုသာထပ်မြင်ရရင်အဲ့နေရာမှာတင်သူငေါက်ခနဲသေသွားမိလိမ့်မယ်...
မျက်ရည်တွေသည်ခြေလှမ်းတစ်လှမ်းပြီးတိုင်းတစ်စက်ကျ၍ကျန်နေခဲ့သည်။

"မင်းသား ဆယ်လာ
စိတ်မကောင်းပါဘူး"

"မင်းရဲ့အမှားမှမဟုတ်တာရပါတယ်"

"မင်းသားဒီအခန်းမှာကောင်းကောင်းအနားယူခဲ့ပါ
ဆယ်လာတခြားအခန်းမှာသွားအိပ်လိုက်မယ်"

"အင်းးးး"

တစ်ရွေ့ရွေ့ထွက်သွားသောဆယ်လာကိုလည်းမတားချင်တော့ပါ။ဘာတွေပဲဖြစ်လာဖြစ်လာသူနဲ့မဆိုင်တော့တာမို့လို့
မနက်ဖြန်ဆိုသူကသေလူပဲ...
ဂျွန်မရှိတဲ့ဘဝမှာတစ်စက္ကန့်လေးတောင်အသက်ရှင်လျက်ရှိမနေနိုင်တော့တာကြောင့်ကျွန်တော့်ဆုံးဖြတ်ချက်ကမှန်လောက်မှာပါ။
အဆမတန်နာကျင်နေသောရင်ဘတ်ကိုဖိကာခေါင်းအုံးကိုမျက်နှာနှစ်ပြီးအားပါးတရငိုကြွေးနေမိသည်။

ဒီအချိန်နာကျင်နေတဲ့နှလုံးသားကိုရင်ဘတ်ဓားနဲ့ခွဲပြီးသာအစိမ်းလိုက်ထုတ်ယူပစ်လိုက်ချင်တယ်။
နာကျင်ရလွန်းလို့...အဲ့လိုလုပ်လိုက်တာမှအခုထက်နေသာမှာသေချာပါသည်။
မွန်းကျပ်လိုက်တာဆိုတာလေ...
ဒါပေမယ့်ဂျွန့်ကိုတော့ချစ်နေရတုန်း...

ငိုကြွေးပြီးတစ်ညလုံးကိုကုန်ဆုံးခဲ့ရသည်။
ငိုရလွန်းလို့သူ့မှာမျက်ရည်ရော၊အားပါလက်ကျန်မရှိတော့သည်အထိ...
မနက်ခင်းပေမယ့်သာသာယာယာမရှိ...
နတ်ဘုရားဇူးစ်ကတောင်ကံကြမ္မာကိုသိနေသည့်အလားမိုးတွေကိုအုံ့ဆိုင်းပေးထားသည်။
ဤနေ့တွင်ကပ္ပတိန်ဂျွန်အားကြိုးပေးတော့မည်ဖြစ်သည်။

မိုးအုံ့နေပေမယ့်လည်းကြိုးစင်ဘေးတွင်တော့ကိုယ်စီကိုယ်စီရောက်ရှိနေကြသည်။
အဆင့်မြင့်မျိုးနွယ်တွေထိုင်ဖို့ရာမဏ္ဍာပ်ကြီးကိုဆောက်လုပ်ထားသည်။
အပြစ်သားတစ်ယောက်ကြိုးပေးတိုင်းလူများအုံနေအောင်လာရောက်ကြည့်ရှုကြသည့်အပြင်ဒီတစ်ခါအပြစ်သားသည်နိုင်ငံတော်ပြစ်မှုအားကြူးလွန်ထားသည့်အတွက်ဘုရင်ကြီးပါရောက်လာခဲ့သည်။

CAPTAIN JEON{Completed}Where stories live. Discover now