Zawgyi
"မင်းသားလေးအဲ့လိုလျှောက်ပြေးနေလို့မရဘူးလေ
ပွဲကနီးနေပြီ""အထိန်းတော်ကြီးမိအောင်ဖမ်းလေ"
"ဒီလိုနဲ့ပွဲမမှီရင်ကျွန်တော်မျိုးကြိုးစင်တင်ခံရလိမ့်မယ်"
"အဲ့တာကြောင့်ရအောင်ဖမ်းလို့ပြောတာလေ"
"မင်းသားလေးကျွန်တော်မျိုးကိုမသနားဘူးလားဟင်
လုပ်ပါ လျှောက်ပြေးမနေပါနဲ့တော့
အင်္ကျီလဲရမယ့်အချိန်ရောက်နေပြီ"အထိန်းတော်ကြီးကိုအနည်းငယ်တော့သနားသွားတာနဲ့လျှောက်ပြေးနေတာကိုရပ်လိုက်သည်။
ပြီးတော့မှထိုင်ခုံလေးမှာကျုံ့ကျုံ့လေးလာထိုင်နေပြီးဆူပုတ်နေသောမျက်နှာထားလေးနှင့်..."ဒီလိုမှပေါ့ မင်းသားလေးရယ်
သွားပါ ဆူပုတ်မနေနဲ့တော့
အင်္ကျီသွားလဲလိုက်တော့ ပွဲကနီးနေပြီလေ""တစ်နှစ်တစ်နှစ်ပွဲချည်းပဲလုပ်နေတာပဲ
အဲ့လိုရှုပ်ရှုက်ခတ်နေတဲ့မင်းသားအဆောင်အယောင်တွေလည်းဝတ်ရတာစိတ်ကုန်နေပြီ""မဝတ်ချင်လို့မရဘူး မင်းသားလေးရဲ့
ဗြိတိန်ရဲ့လက်ဆောင်လေးကမင်းသားလေးမလို့""ဟင်းးးးအထိန်းတော်ကြီးကလည်း
ခမည်းတော်တို့ကိုမဝတ်ရအောင်ပြောပေးပေါ့""မပြောရဲပါဘူး"
"အထိန်းတော်ကြီးကဘာမှလည်းအားမကိုးရဘူး
တော်ပြီ အင်္ကျီပဲသွားလဲတော့မယ်"အဲ့နေရာကနေထကာခြေဆောင့်ပြီးအဝတ်လဲခန်းထဲသို့ဝင်သွားတော့သည်။
ထိုအဖြစ်အပျက်အားလုံးကိုတံခါးရှေ့တွင်ရပ်ကြည့်နေသောမိဖုရားကြီးကအားလုံးကိုမြင်ပါ၏။သူမရဲ့သားငယ်ဟာအခုချိန်ဆိုပဲ၁၉နှစ်ကျော်လို့
ဒီနေ့ပဲ၂၀ပြည့်တော့မယ်။
အခုချိန်ထိမရင့်ကျက်သေးဘူး။ကလေးတစ်ယောက်လိုပဲဆော့ကစားတုန်း...
တစ်ခါတစ်ရံဂျီတိုက်သည့်အချိန်ကတိုက်သေးသည်။
နန်းတော်တစ်ခုလုံးကလက်မြှောက်အရှုံးပေးထားကြရသည်။အစ်ကို၃ယောက်ကလည်းကိုယ့်ရဲ့ညီလေးအတွက်
ရင့်ကျက်အောင်ပြောဆိုဆုံးမမယ်မရှိဘူး။
သူတို့ကပါလိုက်ကစားပေးနေတော့ခက်ချေပြီ။
ESTÁS LEYENDO
CAPTAIN JEON{Completed}