Chapter14

2.6K 383 38
                                    

Unicode

"ဦးလေးလူးကပ်စ်"

"ဘယ်တုန်းကမှမထင်ထားခဲ့ဘူးမလား
ငါ့တူလေး"

"ဒါပေမယ့်ဖေဖေကရော
သူလည်းဦးလေးနဲ့အတူပျောက်ဆုံးသွားတာမဟုတ်လား"

"မင်းရဲ့အဖေအကြောင်းကိုပြောရရင်တော့အဲ့ဒီနေ့ညကသူမူးနေခဲ့တယ်၊ငါကတော့သိပ်မသောက်ဖြစ်လို့မူးမနေခဲ့ဘူး၊ငါတို့နှစ်ပေါင်းများစွာအတွက်ကြိုးစားခဲ့ရတဲ့ဒီရတနာအတွက်သူကရှိသမျှကိုဖုံးကွယ်ထားခဲ့တယ်။

သူရှာဖွေတွေ့ရှိသမျှအားလုံးကိုဖုံးကွယ်ထားခဲ့တာ
ပြီးတော့ပြောပါရောလား
ဒီဟာကိုရှာဖွေနေရတာစိတ်ပျက်လာပြီ၊
ဓားပြဘဝကိုစွန့်လွှတ်ပြီးကောင်းကောင်းမွန်မွန်နေကြရအောင်တဲ့၊

အဲ့ဒါတွေအားလုံးကမင်းကြောင့်...
မင်းကြောင့်မင်းအဖေကစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တာ
ဒါကြောင့်ငါသူ့ကိုပင်လယ်ထဲတွန်းချခဲ့ပြီးစာတစ်စောင်ကိုရေးလို့ချန်ထားခဲ့တယ်။မင်းရှာတွေ့ခဲ့တဲ့စာလေးဖြစ်မှာပေါ့၊မင်းမသိခဲ့တာကမင်းအဖေ၊ငါ့အစ်ကိုနဲ့ငါကလက်ရေးအတူတူပဲဆိုတာ"

"ခင်ဗျားရတနာအတွက်နဲ့ကိုယ့်အစ်ကိုအရင်းကိုတောင်သတ်ပစ်ခဲ့တယ်"

"ချမ်းသာကြွယ်ဝမှုအတွက်နဲ့ဆိုငါ့သားတောင်သတ်နိုင်တယ် မင်းတောင်မကဘူးသိဖို့...
ပြီးတော့လေမင်းကမင်းအဖေလိုပဲပျော့ညံ့တဲ့ကောင်
အရှူံးသမား အချစ်အတွက်အရာရာကိုစွန့်လွှတ်ခဲ့တဲ့ကောင်
မင်းကငါ့အတွက်တော့ဘာမှမဟုတ်ဘူး
ငါ့ရဲ့ပန်းတိုင်ကိုသွားဖို့အတွက်ကူညီပေးခဲ့တဲ့ငတုံးတစ်ကောင်သက်သက်ပဲ"

"ခင်ဗျားကမှလူစိတ်မရှိတဲ့သူ"

"စိတ်လျှော့ပါဦးမင်းသားလေး၊မင်းကငါ့လက်ထဲမှာဆိုတာသတိထားဦးနော်"

"ခင်ဗျားလက်ထဲမှာပဲဖြစ်ဖြစ်အခုဂရုမစိုက်တော့ဘူး၊သေရမှာလည်းမကြောက်တော့ဘူး၊ခင်ဗျားမှာသတ္တိရှိတယ်ဆိုရင်အခုပဲသတ်ပစ်လိုက်"

"သတ်လို့မဖြစ်ဘူး၊ဘာကြောင့်လဲဆိုဗြိတိန်ကိုပြန်တဲ့အခါလက်ဆောင်အဖြစ်မင်းကိုရော၊ငါ့ရဲ့တူလေးကိုရော၊ဟောဒီ့ကဒုကပ္ပတိန်လေးကိုရောဆက်သရမယ်"

CAPTAIN JEON{Completed}Tempat cerita menjadi hidup. Temukan sekarang