16

81 9 0
                                    

Unicode

ကျွီ!!!!!!!

သူတို့သွားနေတဲ့ကားက ရုတ်တရက် ဘရိတ်အုပ်လိုက်တာကြောင့် ကားပေါ်မှာအိပ်နေတဲ့ ယွင်ရှီးတစ်ယောက် ရှေ့ခုံကို မျက်နှာအပ်မိသွားလေသည်။

"ဟယ် ဒီတစ်ယောက်ကသေချင်နေတာလား"

"ကားရှေ့ဖြတ်ဝင်တာတော်တော်မိုက်ရူးရဲဆန်တာပဲ"

"ရူးနေတာလားသူက"

ကျွတ်စီကျွတ်စီအသံများကြောင့် ရှေ့ကိုလှမ်းကြည့်တော့ Express ကားရှေ့မှာပိတ်ရပ်ထားတဲ့ ကားအနက်လေးတစ်စီး

မဟုတ်မှ.....

"ဒေါက်တာလော်ယွင်ရှီး ပါလားမသိဘူး"

ကြားလိုက်ရတဲ့အသံက လော်ယွင်ရှီးကို တွင်းနက်ကြီးတစ်ခုထဲ ပြုတ်ကျသွားသလိုခံစားလိုက်ရသည်။
မတ်တပ်ရပ်နေရာမှ ချက်ချင်းထိုင်ချပြီး သူမမြင်အောင် အတတ်နိုင်ဆုံး ကိုယ်ကိုကျုံ့ထားမိလိုက်သည်။

"ဒေါက်တာလော်က ဟိုထောင့်မှာ"

ဖေးယွီမတွေ့ပါစေနဲ့လို့ဆုတောင်းနေတဲ့ သူ့ဆုတောင်းများက မပြည့်ဝလိုက်ပါ။

"ဒေါက်တာ ကျတော်နဲ့အတူလိုက်ခဲ့လို့ရမလား"

အပြောအဆိုကနူးညံ့နေပေမယ့် အကြည့်တွေကတော့ ကားပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်မသွားချင်ရင် အသာတကြည်လိုက်ခဲ့လို့ပြောနေသယောင်

ဒီကလေးအကြောင်းကို သူသာအသိဆုံးမို့ ပါလာတဲ့ ဝန်ထမ်းတွေကိုအတတ်နိုင်ဆုံးတောင်းပန်ရင်း  ကားပေါ်ကနေဆင်းလာလိုက်သည်။

Luggage ကိုထုတ်ပြီး သူ့ကားပေါ်တင်နေသည့်ပုံရိပ်တွေက မိသားစုအရေးကြီးကိစ္စအတွက် လော်ယွင်ရှီးကို ဆေးလာကုဖို့ခေါ်သယောင်ဖြစ်နေတာမို့ ဘယ်သူကမှအပိုမပြော

"အရေးကြီးလို့နေမှာပါ ဒေါက်တာကပဲ သူ့လူနာကိုသေချာဂရုစိုက်ပေးလိုက်ပါ"

"ဟုတ်တယ် ဒီပရဟိတလုပ်ငန်းစဥ်က ဒီတစ်ခေါက်မလိုက်ရလဲ နောက်တစ်ခေါက်ပေါ့"

"နားလည်ပေးလို့ အကုန်လုံးကိုကျေးဇူးတင်ပါတယ် ကျတော်တို့ကိုသွားခွင့်ပြုပါဦး"

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now