Unicode
မနေ့ကအိမ်ရောက်တော့ ပင်ပန်းတာနဲ့တန်းအိပ်လိုက်တာ မနက်၈နာရီမှနိုးလာတယ်
ဖုန်းကိုကြည့်လိုက်တော့ မားခေါ်ထားတဲ့ missed call တွေနဲ့ စာတစ်စောင်မားဆီကို စာမေးပွဲဖြေနိုင်ကြောင်းနဲ့ ညနေကျရင် အိမ်လာခဲ့မယ့်အကြောင်း လှမ်းဖုန်းဆက်ရသေး
:မနက်ဖြန် ခင်ဗျား ကျွန်တော့်ကို စာလာသင်ပေးဖို့ အိမ်လာမယ်မလား?:
မားဆီကို အကျိုးအကြောင်းလှမ်းပြောပြီး ဖုန်းကိုကြည့်မိလေတော့ ၀င်ထားတဲ့စာက ဖေးယွီဆီမှဖြစ်နေသည်။
စာကိုစောစောမြင်လိုက်ရရင်အကောင်းသား
အခုတော့ မားကိုလဲ ညနေလာမယ်ပြောပြီးသားဖြစ်နေပြီဖေးယွီမှာ မွေးချင်းအစ်ကိုရှိနေပေမယ့် အတူတူမနေတဲ့အတွက် ကျတော်ကပဲ ဖေးယွီအတွက်က အစ်ကိုတစ်ယောက်လိုဖြစ်နေတယ်
ကိုယ်တိုင်ကစာမေးပွဲအတွက်လုံးပန်းနေရတာနဲ့ စာသွားမသင်နိုင်တော့ သူကပဲ စာမေးပွဲဖြေပြီးမယ့်နေ့ကို ရအောင်စုံစမ်းပြီးကျောင်းပေါက်၀ကိုအရောက်လာခဲ့သေးတယ်
Ding Dong
တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတာက ချန်အမျိုးကောင်းသားလေး
ကျတော့် လက်ထဲကဖုန်းကိုလှမ်းမြင်တော့ မျက်ခုံးတွေကပိုပြီး တွန့်ချိုးသွားသယောင်
"ခင်များ ကျတော့်စာကိုမြင်ရင်လဲ အကျိုးအကြောင်းစာပြန်လေ အခုက ဘာများဖြစ်နေလဲဆိုပြီး စိတ်ပူပြီးရောက်လာရတယ်"
ခက်ပါတယ် အထဲမ၀င်သေးပဲ အပေါက်၀ကနေ စွတ်အော်နေတာ ဘေးအခန်းတွေကထွက်ကြည့်ကုန်တော့မှာပဲ
"လာလာ အထဲ၀င်ပြော"
အခန်းထဲရောက်တော့ကျ ဘာမှမပြောပဲ ဟိုကြည့်ဒီကြည့်နဲ့ တယ်စပ်စုတဲ့သောက်ကလေး
"လော်ယွင်ရှီး ခင်များ ကျတော်နဲ့လိုက်နေပါလား"
"ဟမ် ဘာပြောလိုက်တယ်? ငါကမင်းအိမ်လိုက်နေရမယ်? ဘာဆိုင်လို့လဲ? "
"ခင်များတစ်ယောက်ထဲ ဒီအခန်းမှာနေလို့မဖြစ်ပါဘူး ပါးကိုပြောပြီး ခင်များလာနေဖို့ တစ်ခန်းစီစဥ်ပေးပါလို့ပြောလိုက်မယ်"
YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo