Unicode
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ချန်ဖေးယွီက လွန်ခဲ့တဲ့လေးနှစ်ကထက် ပိုပြီးကြည့်ကောင်းလာတယ် ပိုပြီးလည်း.....အင်း....ချောလာတယ်လို့ပြောရမှာပေါ့
"ဖေးယွီ U.S ကနေပြန်လာတာနဲ့ ယွင်ရှီးရောတွေ့ရအောင်ခေါ်လိုက်တာ မင်းတပည့်ကလူပျိုကြီးလုံးလုံးဖြစ်နေပြီ"
ကျတော်ဘာမှမပြောပဲ ရယ်သာနေလိုက်သည်။
ချန်ဖေးယွီကတော့ ဘာစကားမှမဆိုပဲ ထမင်းကိုသာစားနေ၏"ဆေးရုံကရော အလုပ်အရမ်းရှုပ်လား တခုခုဆိုရင် ငါ့ကိုပြော မင်းတို့ဆေးရုံအုပ်နဲ့က သူငယ်ချင်းတွေလိုဖြစ်နေတာ"
"ဟုတ်ရပါတယ် ဒီနေ့သာ ကျီအာက ဗိုက်အောင့်တယ်ဆိုလို့ရောက်လာတာနဲ့ နောက်ကျသွားတာ"
"ဟုတ်လား ကလေးကသက်သာရဲ့လား"
ကလေးဆိုတဲ့ အသံကြားပြီး ချန်ဖေးယွီ စားလက်စ ရပ်သွားတာကို ယွင်ရှီးသတိထားမိလိုက်ပါသည်။
"လေထိုးတာကြောင့်ပါ အထွေးအထူးရယ်တော့မရှိပါဘူး"
"အေးကွယ် ဘာမှမဖြစ်ရင်တော်သေးတာပေါ့ ငါလဲမြေးချီချင်နေတာ သားတွေက အခုထိဖန်တီးမပေးဘူးလေး ဟားဟား"
အချိန်အတော်ကြာတော့ ထမင်းစားပြီးပြန်ဖို့လုပ်တဲ့အခါ ချန်ဖေးယွီက သူလိုက်ပို့မည်ဟုပြောလာသည်။
"အိမ်မပြန်ခင် တစ်နေရာရာသွားပြီး စကားပြောကြရအောင်"
"အင်း သွားလေ"
ခေါ်လာတာက လွန်ခဲ့တဲ့လေးနှစ်က ပန်းခြံနေရာ
"လေးနှစ်ကြာတာတောင် ခင်များကိုမေ့မရခဲ့ရင်
ပြန်လက်ခံပေးမလား""မင်းရူးနေတာလား လူတစ်ယောက်က နောက်ထပ်လူတစ်ယောက်ကိုလေးနှစ်ကြာအောင် သတိတရရှိဖို့ဆိုတာမဖြစ်နိုင်ဘူး"
'ငါကလွဲလို့ပေါ့' ဆိုတဲ့စကားကိုတော့ထုတ်မပြောခဲ့ပါဘူး
"ဖြစ်နိုင်လို့ပဲ ကျတော်ခင်များရှေ့မှာရောက်နေပြီလေ လော်ယွင်ရှီးရယ်"
အားလျှော့သွားတဲ့အသံဖြင့်ပြောလာတော့ စိတ်ကမကောင်း တကယ်တမ်း စိတ်ထင်တိုင်းလုပ်လို့မရတဲ့အခြေအနေဆိုတာ သူ့ထက်ပိုပြီးကျတော်သိနေတာကြောင့်

YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo