Unicodeမနက်နိုးတော့ ညက ဖုန်းမကိုင်မိတာကို သတိရမိလို့ ဖုန်းကိုကြည့်မိတော့ ပို့ထားတဲ့ msgက ရေခဲရေနဲ့လောင်းချလိုက်သလိုပဲ။
ဘာလို့လဲ?
ဘာလို့ ကျွန်တော်မှလဲ?
ဖေးယွီကို ကြည့်လိုက်တော့ အိပ်မောကျနေတုန်း။
ဘယ်လိုလုပ်ရမလဲ? ပါး စကားကို လွန်ဆန်လို့မရဘူး။ ဖေးယွီကိုလည်း အဆက်အသွယ်မဖြတ်နိုင်ဘူး။
စိတ်တွေတအားရှုပ်လာလို့ ရေချိုးဖို့ အိပ်ယာကထဖို့ပြင်တော့ ဖေးယွီက မျက်လုံးမှိတ်ထားရင်း ခါးကိုဖက်လာတယ်။
"ယွင်ရှီး... ဘယ်သွားမလို့လဲ?"
"ရေချိုးမလို့။ ဖယ်တော့ လိမ္မာတယ်နော် ဖေးယွီ"
ကျွန်တော့်ခါးကို ဖက်ထားတဲ့လက်တို့က ပိုလို့တောင်းတင်းကျပ်လာတယ်။
"ရေအတူတူချိုးမလား"
ပြောရင်း ညစ်ကျယ်ကျယ်ပြုံးလာတဲ့ ချန်ဖေးယွီ။
"ဆိုးလိုက်တာ"
ကျွန်တော် သူ့နှာခေါင်းကို ညှစ်တော့ ရယ်တယ်။
ဒီလို ဖြူစင်ပြီး နွေးထွေးမှုတွေပေးတဲ့ ယောက်ျားတစ်ယောက်နဲ့ ကျွန်တော် ဘယ်လို ရှေ့ဆက်လျှောက်လှမ်းရမှာလဲ? ဘယ်လိုရင်ဆိုင်ရမလဲ? ရင်ထဲလှိုက်တက်လာတဲ့ ခံစားချက်ကြောင့် မျက်ရည်ဝဲတက်လာတာကို ဖေးယွီကိုမမြင်စေချင်တာမို့ နောက်ကျောပေးရင်း လွတ်အောင်ရုန်းမိတယ်။
"ကဲ တော်ပြီ။ ငါ ရေချိုးတော့မယ် ဖယ်တော့"
"ဟုတ်ပါပြီ"
ကျွန်တော် ရေချိုးနေတုန်း ကျွန်တော့်ဖုန်းကို ဖေးယွီ ယူကြည့်မှာစိုးလို့ ဖုန်းကိုပါ တစ်ခါတည်း ရေချိုးခန်းထဲ ယူလာရတယ်။
ရေမိုးချိုးပြီး ထွက်လာတော့ ဖေးယွီက ပေါင်မုန့်မီးကင်ကို စတော်ဘယ်ရီယိုသုတ်ပြီး ဘလက်ကော်ဖီနှစ်ခွက်ဖျော်ရင်း ကျွန်တော့်ကို စောင့်နေတယ်။
ဒါ .... ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဆိုတဲ့ အသိတစ်ခုကြောင့် ဖေးယွီကို အနောက်ကနေ ခပ်တင်းတင်းဖက်ထားမိတယ်။
YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo