Unicode
လော်ယွင်ရှီးရပ်နေသည်က ခမ်းနားထည်၀ါလှသည့် ခြံတံခါးရှေ့၌ပင်
အထဲရှိအဆောက်အအုံက ဘယ်လောက်ခမ်ူနားမလဲမတွေးခင် မျက်စိရှေ့မှာ မြင်နေရတဲ့ ခြံတံခါးကိုကြည့်ရုံနဲ့တင် အိမ်ရှင်တွေရဲ့ အဆင့်အတန်းကိုခန့်မှန်းဖို့မခက်ပါဘူး
လွန်ခဲ့တဲ့တစ်ပတ်က ကျတော့်ရဲ့ လုပ်ဖော်ကိုင်ဖက်က သူစာသင်နေတဲ့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားကို Guide ဆက်လုပ်ပေးဖို့ အကူအညီတောင်းလာတာနဲ့ တစ်ဖက်တစ်လှမ်းကနေကျောင်းစရိတ်ရတာပဲလေဆိုပြီး စာသင်ဖို့သဘောတူခဲ့လိုက်တယ်
ကျတော်ကပဲ ကံကောင်းတာလား ဒါမှမဟုတ်ရင် ဆေးကျောင်းနောက်ဆုံးနှစ်ဆိုတဲ့ ပညာအရည်အချင်းကြောင့်ပဲလားမသိ ကျောင်းသားမိဘတွေက အလွယ်တကူလက်ခံခဲ့တယ်
လက်မခံတာက ဆိုးတာလဲမဟုတ် လိမ္မာတာလဲမဟုတ်တဲ့ ဂျစ်ကန်ကန်ကာယကံရှင်ကျောင်းသား
တစ်အိမ်လုံးမှာ အငယ်ဆုံးဖြစ်နေတော့ လိုလေသေးမရှိအောင်ဖူးဖူးမှုတ်ခံရတယ်နဲ့တူပါတယ်
ကျတော် စာမသင်ခင် မိတ်ဆက်ဖို့သွားတုန်းက မျက်လုံးချင်းဆုံရုံလေးပဲရှိသေး ခြေတဆောင့်ဆောင့်နဲ့ အိမ်ပေါ်ထပ်ကိုတက်သွားတာဗျာ
ဒီနေ့က စာသင်ဖို့လာတာဆိုတော့ ဘယ်လိုနှစ်ပါးသွားမလဲကြည့်ရမှာပဲ
ငွေကြေးချမ်းသားတဲ့မိသားစုဆိုတော့လဲ စာသင်ဖို့အတွက်က သပ်သပ်တစ်ခန်းထားပေးသေးတယ်
စာသင်တဲ့အခန်းသာဆိုတာ ကျတော့်အခန်းထက်တောင်ကြီးနေသေး
"အစ်ကိုလေးက ရေချိုးနေလို့ ခဏစောင့်ပေးပါတဲ့"
စကားပြောသံကြားလို့ လှည့်ကြည့်မိတော့ အခန်း၀မှာ သူတို့၀န်ထမ်းတွေထဲကတစ်ယောက်
"ဟုတ်ကဲ့ ရပါတယ်"
စာဖတ်နေရင်းစောင့်လိုက်မယ်ဟုကြံလိုက်ပြီး ကျောင်းစာအုပ်ကိုထိုင်ဖတ်နေတာ ဘယ်လောက်ကြာသွားလဲမသိ စာအုပ်ပေါ် ရေစက်ကျလာမှ နံဘေးမှာ အဲ့ကလေးရောက်နေမှန်း သိလိုက်ရတယ်
YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo