Unicode
"ယွင်ရှီး မင်းကိုကောင်လေးတစ်ယောက်ကလာရှာလို့ ခေါင်မိုးပေါ်မှာစောင့်နေမယ်လို့ပြောတယ်"
ဘယ်သူဘယ်၀ါဆိုတာမပြောပေမယ့် ယွင်ရှီးကတော့ ဘယ်သူလဲဆိုတာပြောစရာမလိုအောင် သိလိုက်ပါသည်။
ဆေးရုံကို သူ့အိမ်သူ့ယာလို့ ပိုင်စိုးပိုင်နင်းလုပ်နိုင်တာ ချန်ဖေးယွီအပြင်ဘယ်သူမှမရှိ
"လူနာကိုစစ်ဆေးနေတာနဲ့ကြာသွားတာ စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူး ခင်များကို လူနာ နားမှာတွေ့တာနဲ့ ဘေးနာကဆရာ၀န်တစ်ယောက်ကိုပြောပြီး ပိုင်ချောင့် အခန်းခဏသွားလိုက်တာ ကျတော်ကတောင် ခင်များစောင့်နေရပြီထင်လို့"
"အာ ဟုတ်လား ပိုင်ချောင်က ဒီမှာ အလုပ်သင်လာဆင်းနေပြီလား"
"ဟုတ်တယ် မကြာခင် Permanent ဖြစ်တော့မယ်ပြောတယ်"
"ဆေးရုံအုပ်သားဖြစ်ရတာကံကောင်းလိုက်တာ"
"ခင်များလဲ ကံကောင်းချင်ရင် ကျတော့်ကိုယူလိုက်လေ"
အားတိုင်း စကားနဲ့လာလာချုပ်နေတာ ဒီစကားတွေဘယ်ကသင်လာမှန်းမသိပေမယ့် ပြောတဲ့အခါတိုင်း ယွင်ရှီးမှာ ရှက်ပြီးပူထူလာရစမြဲ
သြော် ကိုယ့်ကိုယ်ကိုယ် ဆယ်ကျော်သက်ကလေးကျလို့
"နားရွက်တွေနီနေပြီ တော်တော်အရှက်သည်းတာပဲ"
"ပြောစရာမရှိရင် ပြန်တော့ ငါမအားဘူး"
"ဟာဗျာ လွမ်းလို့ အလုပ်ကနေ ထမင်းစားချိန်လေးထွက်လာတာကို ထမင်းမစားရသေးဘူးဟုတ်? လိုက်ကျွေးမယ်လေ"
"နီးနီးနားနားပဲသွားစားမယ် ခဏနေရင် Duty ၀င်ရမှာ"
"အဲ့တာဆိုဒီည အားတယ်ဆိုတဲ့သဘောပေါ့"
"အဲ့ရုပ်ကဘာဖြစ်တာလဲ"
အနားနားမျက်နှာကပ်လာလို့ ပါးကိုသာသာလေးလက်နဲ့ပုတ်တော့ လက်ကိုဖမ်းဆွဲလိုက်ပြန်သည်။
"အသားနာအောင်လုပ်ရက်တယ်ပေါ့"
ဘုရားစူး မရိုက်ရပါဘူး လက်နဲ့ပဲပုတ်မိတာ
ဒီကောင်လေးကို နာအောင်ရိုက်ရက်ပါ့မလား
YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo