Unicode
"အဆင်ပြေရဲ့လား"
နာရီကျော်ကျော်လောက်ရေချိုးနေပြီး အပြင်ထွက်လာလာချင်း တဘက်ကိုင်ပြီးစောင့်နေတဲ့ လော်ယွင်ရှီးကိုမြင်လိုက်ရတော့ ငြိမ်နေတဲ့စိတ်ရိုင်းက ထကြွလာသည်။
"လော်ယွင်ရှီး....."
"ရေစိုနေတဲ့ကိုယ်နဲ့ မဖက်စမ်းနဲ့ ငါ့ကိုပါစိုကုန်မယ်"
ချွဲသလိုလိုနှင့် လှမ်းဖက်မလို့ပြင်တော့ ဆူပူသံကထွက်လာပြန်တယ်
"ရေမစိုရင်တော့ ဖက်လို့ရမယ်ဟုတ်?"
"အာ့!"
"နည်းနည်းလေးလောက် စမိလိုက်ပြီဆိုရင် လူကိုထုရိုက်ဖို့လောက်ပဲ သိတာလား"
"မင်းအခန်းထဲအိပ်လိုက် ငါဆိုဖာပေါ်သွားအိပ်မယ်"
"အတူတူအိပ်မယ်လေ ၂ယောက်အိပ်ကုတင်ပဲ ဆန့်ပါတယ်"
"မင်းအခြေအနေကယုံရတာမဟုတ်သေးဘူး အဲ့တာကြောင့် ငါ့ဘာသာတစ်ယောက်ထဲအိပ်မယ် ဆိုတော့ကား မင်းဒီကုတင်ပေါ်အိပ်ရင်အိပ် မအိပ်ရင် အိမ်ရှေ့ကဆိုဖာက မင်းအိပ်ဖို့နေရာဖြစ်သွားလိမ့်မယ်"
ဘယ်လိုပဲနေနေ ကိုယ့်ကောင်လေးကိုတော့ ဆိုဖာပေါ်မှာ မအိပ်စေချင်တာတော့အမှန်ပင်
အတူတူအိပ်မရသည့်အဆုံးတော့ ဖေးယွီပဲအလျှော့ပေးလိုက်ရတော့သည်။"ကျတော်ပဲဆိုဖာပေါ်သွားအိပ်မယ် ခင်များကဒီမှာပဲအိပ်"
"အေး ပြီးတာပဲ ဒီမှာအ၀တ်အစား လဲပြီးရင်
သွားအိပ်တော့""လော်ယွင်ရှီးက ရက်စက်လိုက်တာဗျာ"
"အိပ်နှင့်ပြီ ကောင်းသောညပါ အိပ်မက်ထဲမှာ ခွေးလိုက်ဆွဲပါစေ"
ပြောပြီးပြီးချင်း ကုတင်ပေါ်တက်ပြီးခေါင်းမြီးခြုံသွားတာဗျာ
ဘယ်လိုတောင်ရက်စက်လိုက်တဲ့လော်ယွင်ရှီးပါလဲ..........
အအိပ်ဆတ်သည့်သူပေမို့လားမသိ ကုတင်ပေါ်မှ မွေ့ယာအိကျသွားသည့်အသိကြောင့် အိပ်ပျော်ရာမှနိုးလာခဲ့သည်။
အကြောင်းအရင်းက အထူးတလည်စဥ်းစားစရာမလို သေချာပေါက်ချန်ဖေးယွီသာ

YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanficခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo