Unicode
ရုတ်တရက်ကြီး ရင်ခွင်ထဲ ထည့်ပြီး ရည်းစားစကားအပြောခံလိုက်ရတာမို့ လူက အကြောင်သား။
"လော်လောင်ရှစ်?"
ချန်ဖေးယွီ ခေါ်မှ သတိပြန်ကပ်မိပြီး ရင်ခွင်ထဲကထွက်မိတော့တယ်။ နေရခက်လိုက်တာ။ ဒီကလေးနဲ့ ဘယ်လိုလုပ်ရပါ့?
"အမ်.... အိမ်ပြန်ကြစို့လေ"
ကိုယ့်ထက် ခြောက်နှစ်လောက်ငယ်တဲ့ ကလေးဆီက ရည်းစားစကားအပြောခံရတာမို့ သိပ်တော့အဆင်မပြေ။ ပိုဆိုးတာက ယောက်ျားလေးတစ်ယောက်ဆီက အပြောခံရတာပဲ။
"ချန်ဖေးယွီ... အင်း..... ခုနက စကားကို မင်းမပြောခဲ့ဘူးလို့ သတ်မှတ်လိုက်မယ်။ မင်းလည်းမပြောခဲ့ဘူး ငါလည်းမကြားခဲ့ဘူး။ ဟုတ်ပြီလား?"
ချန်ဖေးယွီဆီက ဘာတုန့်ပြန်မှုမှမလာ။
ကားပေါ်တက်တော့လည်း ကားက ကိုယ်ထည်မြင့်တဲ့ ကားမျိုးမို့ တစ်ခါမှမလုပ်ဖူးတဲ့ လက်ကမ်းတာတွေဘာတွေပါလုပ်လို့။အဆင်ပြေမနေဘူး။ ဒီကလေး ကျွန်တော့် စကားကို ဂရုမစိုက်တာလားပဲ။ အပြုအမူတွေက ပိုပြီးတော့တောင် ရဲတင်းလာသေးတယ်။ နှစ်ယောက်စလုံး ကားနောက်ခန်းမှာ ထိုင်တာမို့ မသိမသာနဲ့ ကျွန်တော့်လက်ကို သူ့လက်နဲ့လာကိုင်ထားတာများ ဦးလေးဝမ်မသိအောင် မျိုးစုံကြိုးစားပြီး လွှတ်အောင်လုပ်လည်း ကိုင်မြဲကိုင်စဲပဲ။ ဆယ်ကျော်သက်မို့လို့လည်း ဘာကိုမှ အကြောက်အလန့်မရှိ လက်ရဲဇက်ရဲနိုင်လွန်းတာဖြစ်မယ်။ အာ.... ကျင့်ရီ အိမ်ရှေ့သာ မြန်မြန်ရောက်ပါစေတော့ပဲ ဆုတောင်းမိတော့တယ်။ မဟုတ်ရင် ဒီကောင်လေး ဘယ်နေရာတွေအထိပါ ကိုင်လာမလဲဆိုတာ သူကလွဲ ဘယ်သူမှ မသိနိုင်ဘူး။
"ဒါနဲ့ ခင်ဗျား မနက်ဖြန်အားလား?"
ကားပေါ်မှာ တိတ်ဆိတ်နေတာမို့ အသံနဲ့ဖြိုခွင်းလိုက်တာက ချန်ဖေးယွီ။
"ဘာလုပ်မလို့လဲ?"
ကျွန်တော်မေးတော့ ဦးလေးဝမ် ကပါ ကားနောက်ကြည့်မှန်ကနေ လှမ်းကြည့်တယ်။
"ဪ... မဟုတ်ပါဘူး...ဒီတိုင်း မေးကြည့်တာ။ မနက်ဖြန်က စပြီး ပါးရဲ့ ကုမ္ပဏီမှာ အလုပ် ဝင်ရတော့မှာဆိုတော့ အလုပ်မသွားခင်လေး ခင်ဗျားဆီက ဆုတောင်းပေးတာခံချင်လို့"

YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo