Unicode
ကျီအာ့ကို ချီထားရင်း ချန်ဖေးယွီက စကားစလာတယ်။
"ယွင်ရှီး... ကိုယ့်ကို ကျီအာလို ကလေးလေးမွေးပေးပါလား?"
ကလေးတအားချစ်တတ်တဲ့ သူရယ် ကလေးမွေးပေးဖို့မပြောနဲ့ ကိုယ်ဝန်ဆောင်ဖို့တောင်မဖြစ်နိုင်တဲ့ ကျွန်တော်လို ယောက်ျားတစ်ယောက်ရယ်..... ။
ကျွန်တော့်ဆီက အဖြေပြန်မလာတော့ ဖေးယွီက ကလေးချီရင်းနဲ့ ကျွန်တော့်ဆီလျှောက်လာတယ်။
"ယွင်ရှီး.... ဘာဖြစ်လို့လဲ? ဘာတွေစဉ်းစားနေတာလဲ?"
"အင်း.... ဘာမှမစဉ်းစားပါဘူး"
"ကျွန်တော် နောက်လိုက်တာနော်။ စိတ်ဆိုးသွားတာလား?"
"မဆိုးပါဘူး ဖေးယွီရဲ့"
"အင်းပါ ဟုတ်ပါပြီ"
ရှောင်ကျိုး ဆရာဝန်နဲ့ သွားတွေ့ပြီး ပြန်လာတော့ မျက်နှာက နည်းနည်းညှိုးနေတယ်။
"ရှောင်ကျိုး ဘာဖြစ်တာလဲ?"
"ဆေးရုံ တစ်ပတ်လောက်တက်ရမယ်တဲ့"
"ငါ လာစောင့်ပေးရမလား ရှောင်ကျိုး"
"ရပါတယ်။ ကိစ္စမရှိဘူး ငါတစ်ယောက်တည်း အဆင်ပြေအောင် ကြည့်စီစဉ်လိုက်မယ်"
"ယွမ်ချောင့်ကို အကြောင်းမကြားဘူးလား? ကလေး ဆေးရုံတက်ရတာ သူလည်း တာဝန်ယူသင့်တာပေါ့!"
"ယွင်ရှီး ငါ သူ့နာမည်မကြားချင်ဘူး"
"အင်း... ဆောရီး ငါ ဒေါသထွက်သွားလို့"
"ရပါတယ် ထားလိုက်။ ငါ တစ်ယောက်တည်းအဆင်ပြေတယ်။ နင်လည်းကိစ္စရှိသေးတယ်မလား? သွားတော့လေ"
"ငါ့ မားကို အကြောင်းကြားလိုက်မယ်။ ငါမအားရင်တောင် မားတော့ လာစောင့်ပေးလို့ရတာပဲ"
"ယွင်ရှီး အန်တီ့ကို အားနာစရာကြီး"
"မလိုပါဘူး နင်ကလည်း။ မဟုတ်တောင် ငါ့မားက မြေးလိုချင်နေတာ ဘယ်တော့မိန်းမယူမှာလဲချည်း မေးနေတာ"
"ယွင်ရှီး!"
ရှောင်ကျိုးရဲ့ သတိပေးလိုက်တဲ့လေသံကြားမှ ကျွန်တော် သတိရတယ်..... သွားပြီ......။ ကျွန်တော် ချန်ဖေးယွီကို လုံးဝမေ့သွားတာ။ ပြောလိုက်မိပြီးမှ ပြန်ရုတ်သိမ်းလို့လည်းမရ။ လော်ယွင်ရှီးတို့တော့ ကင်းကိုက်ပြီ။
YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo