13

786 109 2
                                    

Unicode

"ဒါကဘယ်လိုဖြစ်နေကြတာလဲ!!"

နှစ်ယောက်သားမလွတ်တမ်းဖက်ထားရာကအော်သံတစ်ခုကြောင့် အလန့်တကြားဖယ်ခွာရင်းကြည့်မိတော့ ပါးနဲ့မား

ဖေးယွီက အလုပ်ကိစ္စနဲ့ ရှန့်ဟိုင်ကိုသွားရမှာမို့ ခဏလာတွေ့ရင်း တစ်ပတ်လောက်ခွဲနေရမှာဆိုပြီးလာဖက်နေတော့ မဖယ်ရက်တာနဲ့ငြိမ်ငြိမ်လေးနေမိလိုက်တာ

"ပါး...ပါး... ဒါကလေ .... သူက..."

"ကျတော်က လော်ယွင်ရှီးရဲ့ချစ်သူပါ..."

ချန်ဖေးယွီပြောလိုက်တဲ့စကားကိုတားဖို့အချိန်လဲမရ
မားက အံ့သြတကြီးနဲ့ကြည့်ပေမယ့် ပါးကတော့ ထုံးစံအတိုင်း ဟန်မပျက်တည်ငြိမ်နေလျက်ပဲ

"ဟုတ်ပြီ မင်းပြန်လိုက်တော့ ငါ့သားနဲ့ငါပဲစကားပြောမယ်"

"ကျတော်ရှင်းပြပါ့မယ်"

"မင်းရဲ့အိမ်ကိုပဲ မင်းပြန်လိုက်ပါ မင်းအဖေက အိမ်ပြန်လာဖို့ပြောပေးပါလို့မှာလိုက်တယ်"

ဘယ်လိုကြီးလဲ ချန်ဖေးယွီအဖေပြောတဲ့စကားကို ဘာလို့ ပါးက တဆင့်ပြန်ပြောရတာလဲ
ဒါမှမဟုတ် ပါးနဲ့တွေ့ကြတာလား အကုန်သိသွားကြတာလား

ဖေးယွီကိုကြည့်မိလိုက်တော့ ဘာမှမဖြစ်သလို ခပ်တည်တည်နဲ့

"လော်ယွင်ရှီး တံခါးဖွင့်ပြီး အထဲ၀င်"

"ဟုတ်"

အခြေအနေတင်းမာနေတဲ့ အနေအထားမို့ အပိုစကားမဆိုတော့ပဲ ပြောတဲ့အတိုင်းလုပ်ဖို့ပြင်တော့ ကျတော့်လက်ကိုကိုင်ထားတဲ့ ဖေးယွီရဲ့လက်ကပိုပြီးတင်းကျပ်လာတယ်

"အဆင်ပြေသွားမှာပါ"

"အင်း"

"အရမ်းအတိုက်အခံမလုပ်နဲ့ တဖြည်းဖြည်းချင်းနား၀င်အောင်ပြောကြတာပေါ့"

"အင်း ကောင်းကောင်းပြန်"

ပါးနဲ့မား၀င်ပြီးလို့ တံခါးပေါက်ပိတ်ကာနီးမှာတောင် အားပေးစကားတောက်လျှောက်ပြောနေခဲ့တဲ့ကောင်လေးကို ဘယ်သူကရော လက်လွှတ်ချင်ပါ့မလဲ

" မင်းကြောင့် ငါဘယ်လောက်မျက်နှာပျက်ရသလဲသိလား"

အိမ်ထဲကိုရောက်တော့ ပြောလာတဲ့စကားက စိုးထိတ်စရာ

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now