17

80 12 2
                                    

Unicode

ဒီနေ့နဲ့ဆို လော်ယွင်ရှီးကို အကျဉ်းသားတစ်ယောက်လို အခန်းတံခါးပိတ်ပြီး ချုပ်ထားတာ ၃ရက်ရှိပြီ။ ဒီ ၃ရက်အတွင်း သူ အစားမစားဘူး။ လူက နဂိုကတည်းက မဝပါဘူးဆို အခုက ဆရာဝန်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တောင်မညီနိုင်လောက်တော့အောင် တော်တော်ကို ပိန်ချုံးသွားပြီ။ ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကို မနှိပ်စက်ချင်ပါဘူး နှိပ်လည်းမနှိပ်စက်ရက်ပါဘူး။ ဒါပေမယ့် သူက ကျွန်တော် အခန်းတံခါးဖွင့်လိုက်တိုင်း အတင်း ထွက်ပြေးဖို့ပဲ ကြံစည်နေတော့တာ။ လူက သူရဲ့ပုံစံကိုကြည့်ပြီး ရူးချင်နေပြီ ရင်ဘတ်ထဲမှာ ဖြေမဆည်နိုင်အောင်ကို နာကျင်ရတယ်။

ခင်ဗျားကို ချစ်ရတာ ခက်ခဲလိုက်တာ လော်ယွင်ရှီးရာ။

ငါးရက်မြောက်နေ့မှာ အစားမစားပဲ အားရှိအောင်ချည်း ထိုးအိပ်နေတဲ့ လော်ယွင်ရှီးပါးကို တစ်ချက် နမ်းရှိုက်မိတော့ သူ နိုးလာတယ်။

"ချန်ဖေးယွီ မင်းငါ့ကို လွှတ်ပေးပါတော့ ရှောင်ကျိုး စိတ်ပူနေလိမ့်မယ် "

နိုးနိုးချင်းပြောတဲ့စကားတစ်ခွန်းက ကျွန်တော့်ရင်ဘတ်တစ်ခုလုံးကို ဓါးနဲ့ မွှန်းချသွားသလိုပဲ။

"ကျွန်တော်ကရော? ခင်ဗျားရင်ဘတ်ထဲမှာ ခင်ဗျား ဦးနှောက်ထဲမှာ ကျွန်တော့်အတွက်နေရာက အစကတည်းက ရှိမနေခဲ့တာလား?"

"....."

"‌ဖြေပါဦး။ ကျွန်တော်က ခင်ဗျားဘဝထဲက အစိတ်အပိုင်းလေးတစ်ခုအဖြစ်တောင် ပါဝင်ခဲ့ရဲ့လား?"

"....."

သူ့ရဲ့ ဖျော့တော့နေတဲ့အသားအရည်နဲ့ ပါးရိုးငေါထွက်နေတဲ့ပုံစံကို ကြာကြာမကြည့်ရက်တော့တာမို့ အမြန်မျက်နှာလွှဲရတယ်။

"မဖြေချင်ရင်လည်း နေပါတော့။ အစားလေးတော့ စားပေးပါ။ ကျေးဇူးပြုပြီး"

ကျွန်တော်ကိုယ်တိုင် ပြင်ဆင်ထားတဲ့ မနက်စာဗန်းလေးကို စားပွဲပေါ်တင်ပေးတော့ တစ်ချက်ကြည့်ပြီး စိတ်မဝင်စားသလိုနဲ့ ပြန်အိပ်သွားတယ်။

You've reached the end of published parts.

⏰ Last updated: Feb 26 ⏰

Add this story to your Library to get notified about new parts!

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now