Unicode
ဒီနေ့က ဟိုကလေး ချန်ဖေးယွီ အမေရိကားသွားရမယ့်နေ့မို့ သူလာတွေ့မယ်ဆိုတာကြောင့် မားတို့အိမ်ကနေပြန်လာခဲ့တာ။ ဖြစ်ချင်တော့ ရှောင်ကျိုးက ကျွန်တော့်အိမ်ရှေ့ရောက်နေတာ။ ရပ်စောင့်နေရတာ ကြာပြီထင်တယ်။ သူကလည်း ဖုန်းဆက်လိုက်တာမဟုတ်ဘူး။
"ရှောင်ကျိုး ဖုန်းလည်းမဆက်ဘူး။ ဘယ်လိုဖြစ်လို့ မနက်အစောကြီး ရောက်လာတာလဲ?"
"ဪ ယွင်ရှီး နင်အိမ်မှာ မရှိဘူးလား? ငါက နင်အိပ်နေသေးတယ်မှတ်လို့ ဖုန်းမဆက်တော့ပဲ စောင့်နေတာ"
"ဪ... အိမ်ထဲဝင်ဦးလေ။ ငါအခုမှ မားတို့အိမ်က ပြန်လာတာမို့လို့ ဘာမှဧည့်ခံစရာတော့မရှိဘူး"
အိမ်တံခါးဖွင့်ဝင်ရင်း စကားပြောတော့ ရှောင်ကျိုးက "ရတယ်ရတယ် ကိစ္စမရှိဘူး။ ငါက ဒီတိုင်းပဲ လာခဲ့တာ"
ရှောင်ကျိုးရဲ့ ဒီတိုင်းပဲ လာခဲ့တာဆိုတဲ့ စကားရဲ့နောက်မှာ အဓိပ္ပါယ်အများကြီးကပ်ပါလာတယ်။
"အန်တီတို့ လာခိုင်းတာလား?"
ရှောင်ကျိုးက စိတ်ရှုပ်သလိုမျက်နှာမျိုးနဲ့ ပခုံးတွန့်ပြတယ်။
"နင်လည်း သိတဲ့အတိုင်းပဲဟာ"
ဟုတ်တော့လည်းဟုတ်ပါတယ်။ သူ့အိမ်နဲ့ ကျွန်တော့်အိမ်က ငယ်ငယ်ကတည်းက အမျိုးတွေလိုခင်နေကြတာဆိုတော့ ကြီးလာရင် ခမည်းခမက်တော်ကြမယ်ဆိုတဲ့ ကတိတွေထားခဲ့ကြတာကိုး။ ပြောရရင် အိမ်က အချင်းချင်းသဘောတူကြတာပေါ့။ ကျွန်တော်တို့နှစ်ယောက်ကတော့ သာမန်ပါပဲ.... အင်း ကျွန်တော့်ဘက်ကပေါ့။ ရှောင်ကျိုးလည်း အတူတူပါပဲ။ နှစ်ယောက်က တကယ့်မောင်နှမလိုဖြစ်နေတော့ ဘာစိတ်မှကိုမရှိကြတာ။
"ယွင်ရှီး"
ကျွန်တော် အိပ်ခန်းထဲမှာ အဝတ်လဲနေတဲ့အချိန် ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ရှောင်ကျိုးက လှမ်းခေါ်တယ်။
"ဘာလဲ ရှောင်ကျိုး?"
အိပ်ခန်းထဲက ပြန်ထွက်လာတော့ ရှောင်ကျိုးက တစ်ခုခုကို စဉ်းစားနေသလို...

YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanficခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo