5

866 134 9
                                    

Unicode

အရင်တစ်ပတ်က ကိစ္စကြောင့် လော်ယွင်ရှီးက ဖုန်းကိုတောင် ပြန်မဖြေတော့ဘူး
တခါတခါစိတ်ကပေါက်ကွဲသွားရင် ထိန်းလို့မရတဲ့အခြေအနေကလဲ မကောင်းတာသိတယ်
ဒါပေမယ့် ပြင်လို့ကမရနိုင်သေးဘူး

သူပြောသလို ခဏလေးတွေ့ရတဲ့အချိန်ဆိုပေမယ့် ဘာလို့အဲ့လောက်ထိ သံယောဇဥ်တွယ်မိမှန်းလဲကိုယ့်ကိုကိုယ်နားမလည်တော့ဘူး

သူ့ကိုမြင်တိုင်း အနားမှာအမြဲတမ်းထားချင်စိတ်ကထိန်းမရအောင်ပေါ်လာတယ် အဲ့တာကို မရိပ်မိအောင်နေရတာလဲ ဆိုးရွားလွန်းတယ်

အရင်တုန်းက သုံးပတ်လောက်မတွေ့ရတုန်းက သတိရတာထက်ပိုပြီး အခုတစ်ပတ်မတွေ့ရတာကပိုဆိုးနေတယ်

အဲ့နေ့ကလွန်သွားတယ်ဆိုတာ၀န်ခံပေမယ့် သူ့ဘက်ကခါးခါးသီးသီး မငြင်းခဲ့သင့်ဘူး
မျှော်လင့်ချက်တွေပေးနေပြီးမှလို့ပြောရအောင်လဲ မျှော်လင့်ချက်တွေလို့ထင်ခဲ့တာက ကိုယ်တိုင်ပဲမို့

နောက်တစ်ပတ်နေရင် U.S ကို ကျောင်းသွားတက်ရတော့မယ်
ကျောင်းသွားတက်တာအပြင် သင်ယူရမှာတွေလဲ သင်ယူနေရမှာ သူ့ကိုလွမ်းဖို့ သတိရဖို့ အချိန်တောင်ရှိပါ့မလားမသေချာဘူး

"အန်တီချန် အပြင်သွားဖို့ ကားပြင်ထားပေးပါဦး"

"ဟုတ်ကဲ့ အစ်ကိုလေး"

တစ်ခါလောက်တော့ တွေ့လို့ရမယ်မလား မသွားခင်လေးလေ

ဦးလေး၀မ်ကို လော်ယွင်ရှီးတိုက်ခန်းဆီကိုမောင်းခိုင်းပြီး အပေါ်ထပ်ကိုတစ်ယောက်ထဲတက်လာခဲ့တယ်

"ဘယ်သူလဲ လာပြီ ခဏလေး"

အသံတစာစာအော်ပြီး တံခါးဖွင့်လာဖွင့်တာက ကျတော်မြင်ချင်နေတဲ့မျက်နှာလေး

"​လာပြီလား"

မေးတဲ့အမေးရဲ့အဓိပ္ပာယ်က သူရောကျတော့်ကိုစောင့်နေတာလား

............

တံခါးဖွင့်လိုက်တဲ့အခါ မျက်နှာငယ်လေးနဲ့ဖေးယွီကိုတွေ့လိုက်ရတော့ စိတ်မကောင်းသလိုဖြစ်ရပြန်တယ်

လူငယ်သဘာ၀ စိတ်ကစားတာမျိုးဆိုပြီး နားလည်အောင် ရှင်းပြရမယ့်အစား ကိုယ်ထိလက်ရောက်ပြန်ထိုးမိလိုက်တာက အပြစ်လိုခံစားနေရတယ်

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now