10

856 126 14
                                    

Unicode

"မန်နေဂျာချုပ် ညနေကြရင် SH companyက MD Zack နဲ့ ညစာစားပွဲရှိတယ်နော်"

ချန်ဖေးယွီ တစ်ယောက် စာချုပ်စာတမ်းတွေလက်မှတ်ထိုးနေရာက မော့ကြည့်ပြီး

"ဘယ်အချိန်ချိန်းထားတာလဲ?"

"ညနေ ၆နာရီခွဲပါ မန်နေဂျာချုပ်"

"အင်း သိပြီ။ အပြင်ထွက်လို့ရပြီ"

"ဟုတ်ကဲ့ မန်နေဂျာချုပ်"

ဟူးးး ဒီည လော်ယွင်ရှီးဆီ သွားလို့မရတော့ဘူးပေါ့။ ဟားးးး အလုပ်တွေကလည်း ရှုပ်လိုက်တာ တအားပဲ။ ဘာပဲဖြစ်ဖြစ် ဖုန်းတော့ ဆက်လိုက်ပါဦးမယ်။

ချန်ဖေးယွီ ဖုန်းကို ဟန်ပါပါနဲ့ ကိုင်ပြီး လော်ယွင်ရှီးဆီ ဆက်လိုက်တယ်။

"ယွင်ရှီး ဒီည ကျွန်တော် မလာဖြစ်ဘူး။ အလုပ်ကိစ္စနဲ့ dinnerရှိလို့"

"... ဪ အင်းပါ အတော်ပဲဖြစ်တာပေါ့။ ငါလည်း ဒီနေ့ 24ဆင်းရမှာ"

"အင်း မျှော်နေမှာစိုးလို့ ဖုန်းဆက်လိုက်တာ။ အရမ်းလည်းလွမ်းမနေနဲ့ဦးနော်"

"မင်း ဘာတွေပြောနေတာလဲ!! ငါက ဘာလို့လွမ်းရမှာလဲ!!"

"ရှက်ရမ်းတွေရမ်းနေပြန်ပါပြီ ဟဟ"

ကျွန်တော် ခပ်ဖွဖွရယ်တော့ လော်ယွင်ရှီးက ရှက်သွားပုံပဲ။ အသံတိတ်သွားပြီး အသက်ရှူသံပဲကြားရတော့တယ်။

"အဲ့ဒါ အကြောင်းကြားတာ။ အချိန်ရရင် ရသလိုတော့ ဖုန်းဆက်မယ်လေ။ ရတယ်မလား..... အချစ်?"

"ဘယ်လိုတွေခေါ်နေတာလဲ!!!!???"

တစ်ဖက်က လော်ယွင်ရှီးရဲ့အသံကို နားထောင်ရင်း နီရဲနေမယ့် မျက်နှာလေးကို မြင်ယောင်မိပြီး ပီတိတွေဖြာမိသေးတယ်။

"မနောက်ဘူး အတည်ပြောနေတာ အချိန်ရရင် ရသလို ဖုန်းဆက်မယ်နော်"

လော်ယွင်ရှီးက နည်းနည်း မူသလိုမျိုးနဲ့ စိုးရိမ်ဟန်ပြတယ်။

"အင်း ရတယ်။ Dinnerမှာ အများကြီး မသောက်နဲ့ဦး"

"စိတ်ချပါ။ အများကြီးမသောက်ပါဘူး။ ဟုတ်ပြီလား?"

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now