15

478 41 4
                                    

Unicode

မနက်တိုင်းလိုလို အိမ်နားလေးမှာ ကားအမည်းတစ်စီးရောက်နေတတ်တယ် ကျတော်ထွက်လာပြီဆိုတာနဲ့ စက်နှိုးပြီးမောင်းထွက်သွားရော

အစကတော့ သတိမထားမိပေမယ့် ၁၀ရက်လောက်ကြာတဲ့အခါမှာတော့ မသိစိတ်ကအလိုအလျှောက်တုန့်ပြန်လာတယ်ထင်ပါရဲ့

သိချင်စိတ်ကပျင်းပြနေတော့လဲ အရင်နေ့တွေကထက် စောစောအလုပ်သွားဖို့ပြင်ပြီး မျက်စောင်းထိုးက Cafe ထဲမှာ၀င်ထိုင်နေလိုက်တယ်

၈နာရီခွဲ.......

ဘေးအိမ်ကနေလူတစ်ယောက်ထွက်လာပြီးတော့
အဲ့ဒီကားအမည်းထဲကို၀င်ထိုင်လိုက်တယ်

အရပ်ရှည်ရှည် ထောင်ကောင်းကောင်းနဲ့ သြဇာအာဏာပြည့်၀နေသည့်မျက်နှာထား

အတိအကျပါပဲ သူကချန်ဖေးယွီ

ရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားခဲ့တဲ့အပြင်သောက်လက်စကော်ဖီခွက်ပါကမန်းကတမ်းလွှတ်ချမိလိုက်သည်။

သူကဘယ်လိုဖြစ်ပြီးဘေးအိမ်ကလူဖြစ်နေခဲ့တာလဲ?

ပြီးတော့ ဘာအတွက်ကြောင့် သူထွက်လာမှ ကားကိုမောင်းထွက်သွားတဲ့ သူဖြစ်နေခဲ့တာလဲ?

ဘာကြောင့်သူ့ကိုကြည့်နေသည့်သူက ချန်ဖေးယွီဖြစ်နေခဲ့တာလဲ?

မေးခွန်းပေါင်းမြောက်များစွာပေါ်လာပြီးတဲ့အခါမှာတော့ အရင်ဆုံး စိတ်တည်ငြိမ်အောင်ကြိုးပန်းပြီး cafe ထဲကထွက်လာခဲ့လိုက်တယ်။

ကားတံခါးနားကိုလျှောက်သွားလိုက်တော့ တံခါးဖွင့်ကာထွက်လာခဲ့တဲ့ ချန်ဖေးယွီနဲ့ ထိပ်တိုက်ဆုံရသည်။

"နောက်ဆုံးတော့ ကိုယ်တိုင်လာခဲ့ပြီပေါ့ လော်လောင်ရှစ်ကို ဒီလောက် အကဲခတ်နှေးလိမ့်မယ်လို့ထင်မထားခဲ့တာ အမှန်ပဲဗျာ "

" နေကောင်းတယ်မလား "

မထိတထိပြောနေတာတွေကို ရပ်စေချင်တာနဲ့ ပြောမိလိုက်သည်

"ခန္ဓာကိုယ်က အလတ်ကြီးရှိသေးတာမြင်ရဲ့သားနဲ့ စကားခင်းမနေပါနဲ့"

"ဘေးအိမ်မှာလူသစ်ရောက်နေတယ်လို့ ရှောင်ကျိုကပြောတယ် မင်းဖြစ်လိမ့်မယ်လို့မထင်ထားခဲ့ဘူး "

《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》Where stories live. Discover now