Unicode
ညနေ ဂျူတီအချိန်ပိုမရှိလို့ အလုပ်ဆင်းတော့ ရှောင်ကျိုဆီ ဖုန်းဆက်ရတယ်။ ကျီအာ့ကို လာကြည့်ပေးပါလို့ တောင်းဆိုထားတာမို့ မေ့လို့မဖြစ်ဘူးလေ။ ရှောင်ကျိုနဲ့ ဖုန်းပြောပြီး ဆေးရုံအဆောက်အဦးထဲကထွက်တော့ ခပ်လှမ်းလှမ်းကနေ ချန်ဖေးယွီက ကားနဲ့ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။
... အရင်တုန်းက အတိုင်းပါပဲလား။ ကျွန်တော် final ပြီးတုန်းက သူလာကြိုတုန်းက အချိန်တွေကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ နှစ်တွေလည်း ကြာခဲ့ပြီ.... ဒါတောင် သူ ကျွန်တော့်ကို....
" ခင်ဗျား ဘာတွေစဉ်းစားနေတာလဲ? လာလေ ကလေး သွားကြည့်ရဦးမယ်မလား? လာလာ မြန်မြန်" ဆိုပြီး ကျွန်တော့်လက်ကောက်ဝတ်ကနေ ကားထဲ ဆွဲခေါ်သွားတယ်။ ဒီတစ်ခါတော့ ကျွန်တော် မလွန်ဆန်မိ။
အသက်တွေပဲကြီးလာလို့လား? စိတ်တွေပဲ မရေရာမှုတွေ များလာလို့လား? ဒီလို မနီးလွန်း မဝေးလွန်းတဲ့ အခြေအနေလေးက နှစ်ယောက်စလုံးအတွက် အဆင်ပြေပါတယ် ဖေးယွီရာ။ အတိုင်းအဆမရှိ ခုန်နေတဲ့ နှလုံးသားကိုတော့ တစ်ချက် မေ့ထားပါရစေ။
ရှောင်ကျို့ဆီရောက်တော့ ကျီအာက အိပ်နေတယ်။
"ရှောင်ကျို ကလေးရော?"
"သားလေး အိပ်နေတယ် ယွင်ရှီး။ သူက?"
ကျွန်တော့်ဘေးက ကပ်ပါလာတဲ့ ချန်ဖေးယွီကို မျက်နှာစိမ်းမို့ ရှောင်ကျိုက တအံ့တဩနဲ့မေးတယ်။
"ချန်ဖေးယွီ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ငါ့တပည့်။ နင်လည်းတစ်ခေါက်တွေ့ဖူးပါတယ်"
ကျွန်တော် သတိပေးတော့မှ ရှောင်ကျိုက သတိရသွားသလိုရုပ်ကနေ စပ်ဖြီးဖြီးဖြစ်လာတယ်။
"ဪ..... သူလား!?"
ရှောင်ကျို ငါသိတယ် နင် လိုက်မစနဲ့ ဆိုပြီး ဂျိုကြည့်ကြည့်ပေးလိုက်မှ ခွီးခနဲ ထရယ်ပါလေရော။ ကျွန်တော်က ကြားထဲက မျက်နှာတစ်ခုလုံးရဲပြီး ကျန်ခဲ့ရတယ်။
"လော်ယွင်ရှီး နေမကောင်းဘူးလား? မျက်နှာတစ်ပြင်လုံးရဲနေတာပဲ။ နားရွက်တွေရော။ လည်ပင်းပါ!"
YOU ARE READING
《𝐇𝐨𝐥𝐝 𝐌𝐞 𝐓𝐢𝐠𝐡𝐭》
Fanfictionခင်များကိုကျတော်ဘယ်လောက်ထိချစ်သလဲဆိုတာ ခင်များကလွဲလို့ တစ်လောကလုံးသိတယ် Collaboration With @Hyojoohyo