အပိုင်း-၆
မားမား>>> ရှောင်းလေးထမင်းစားပြီးပြီလား..
"ဒီနေ့ ထမင်းမချက်ဘူးမား"
မားမား>>> ဟင်းစားကုန်သွားလို့လား ကြိုဝယ်ထားလေ
"ဟုတ်...မနက်ဖြန်တော့ ပင်မဈေးကို သွားကြည့်ပါအုံးမယ်"
အမှန်တော့ ရှောင်းကျန့် မနက်ဖြန် ပင်မဈေးကိုသွားဖို့ အစီအစဉ်မရှိပါ။ သူဘယ်ကသွားလို့သွားရမှန်းမှမသိပဲ....ဆရာဖန်းကိုပြောဖို့တောင် မေ့လာသည်လေ။ သို့ပေမဲ့ မားစိတ်ပူနေမှာစိုး၍ မုသားမပါ လင်္ကာမချော ဆိုသည့်ဆောင်ပုဒ်ကိုလက်ကိုင်ထားလိုက်သည်။
မားမား>>> ပြီးတာပဲ...ကျန်းမာရေးဂရုစိုက် ဒီပိတ်ရက်ကို ပြန်လာမှာလား မင်းအပါးကတောင်မေးနေတာ
"မသိသေးပါဘူးမား..သားပြန်ပြောမယ်လေနော့်"
ညှိုးငယ်သွားသော မားမျက်နှာကို ဘေးကပါးကရိပ်မိဟန်တူသည်။ ဖုန်းချဖို့ စကားလမ်းကြောင်းလွှဲပြီးဖုန်းချလိုက်သည်။ နေကောင်းအောင်နေဖို့နှင့် ပြန်မလာနိုင်လည်း စိတ်မကောင်းမဖြစ်ဖို့ ပါးကစာလှမ်းပို့သေးသည်။ ရှောင်းကျန့် Video Call ပြောအပြီး ဖုန်းကို အိပ်ရာပေါ်ပစ်ချကာ လူပါ အိပ်ရာပေါ်ကို ပစ်လှဲလိုက်သည်။
ဒီနေ့ ဗိုက်သိပ်မတင်းနေ၍ စောစောအိပ်မပျော်ပေမဲ့ ကောင်လေးဝယ်လာပေးသည့် ဖက်ထုပ်က တကယ်စားလို့ကောင်းသည်။ နောက်များမှ သူ့ကိုဆိုင်မေးထားရန် ကြံရွယ်လိုက်သည်။
ရုတ်တရက်ရှောင်းကျန့်ထလို့ လိုက်ကာကို လှပ်ကြည့်လိုက်တော့ ဝမ်ရိပေါ် အခန်းဟု ထင်ရသောအခန်းလေးသည် မီးမှိန်မှိန်လေးလင်းလို့ ငြိမ်သက်နေသည်။ ကောင်လေးက အဲ့လိုပဲတစ်ယောက်တည်း နေသားကျသွားတာလား။ ဘယ်တုန်းကတည်းကများ သူဒီလို တစ်ယောက်တည်း နေလာရတာလဲ ဆိုတာ ရှောင်းကျန့် သိချင်စိတ်များ ကိန်းအောင်းလာသည်။
အကြောင်းပြချက်ဟူ၍ မယ်မယ်ရရ မရှိ။ ဒီအတိုင်း...ဒီအတိုင်းလေး....သိချင်ရုံပင်ဖြစ်သည်။
ထိုနေ့က ရှောင်းကျန့် အိပ်ရာဝင်နောက်ကျခဲ့သည်။ ဟိုတွေး၊ဒီတွေးဖြင့် အိပ်နေကျအချိန်ထက် နှစ်နာရီလောက်နောက်ကျပြီးမှ အိပ်ပျော်ခဲ့သည်။
YOU ARE READING
肖老师 (Xiao Laoshi) •Complete•