အပိုင်း-၂
မနက်ခင်းရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အိပ်ရာပေါ်သို့တိတ်တိတ်ကလေး တိုးဝင်လာသည်။ အိပ်ရာထက်ရှိ လူလတ်ပိုင်းကောင်လေးတစ်ယောက်ကတော့ နေရောင်ခြည်ကြောင့် လူးလွန့်ကာ လိုက်ကာကို လက်လှမ်းကာပိတ်လိုက်သည်။ ထို့နောက် အပျင်းကြောတစ်ချက်ဆန့်လို့ သန်းဝေပြီး စားပွဲပုကနာရီကို ကြည့်လိုက်တော့ ၆နာရီတိတိကို ညွှန်ပြနေပြီဖြစ်သည်။
ရှောင်းကျန့် အိပ်ရာနှင့် မနီးမဝေးတွင်ရှိသော ပင်မတံခါးကြီးကိုတွန်းဖွင့်ကာ ဝရံတာကိုအလောတကြီးထွက်လာသည်။ မျက်လုံးတို့ကိုပွတ်ကာ မလှမ်းမကမ်းရောက်နေပြီဖြစ်သော နွားနို့သည်ကိုဦးလေးကြီးကို အော်ခေါ်လိုက်သည်။
"ဦးလေး ဗျို့! ဦးလေး!! နွားနို့လိုချင်လို့ပါ!"
အရှေ့အိမ် ဝရံတာက ပန်းပင်ရေလောင်းနေသည့် အန်တီကြီးက သူ့ကိုအံ့ဩသလိုကြည့်လာသေးသည်။ ဒါသည် အရင်ကတော့ ဘာကြောင့်မှန်းမသိပါ။ ဦးလေးကြီးသည် ရွှင်ပျသောမျက်နှာနှင့် ရှောင်းကျန့်ခြံဝန်းဘက်ကို ပြန်လှည့်လာတော့ အိတ်ကပ်ထဲမှ ပိုက်ဆံအချို့ယူပြီး လှေကားထစ်များကို ကျော်ခွကာ ဆင်းလာတော့သည်။
"လူလေး ဘယ်နှဘူးလဲ"
"နှစ်ဘူး ဦးလေး"
ရှောင်းကျန့်က နွားနို့ကို အရမ်းကြိုက်သည်။ အရင်ဘဝက နွားနို့မသောက်ရပဲ တမလွန်ရောက်လာသလား မသိပေမဲ့ နွားနို့ကို မသောက်ရရင်မနေနိုင်ပေ။ သို့သော် နွားနို့နှစ်ဘူးကို တစ်နေ့ထဲကြိုလို့မကုန်ပေမဲ့ ထိုဦးလေးကြီးဆီမှ ဝယ်မည်ဆိုလျှင် နှစ်ဘူးဝယ်ရလိမ့်မည်။ ဘာလို့ဆို...နှစ်ဘူးပေါင်းမှ နွားနို့အရသာသည် တစ်ဘူးသာထွက်သောကြောင့်ပင်။
ထို့ကြောင့် မည်သူမျှမဝယ်သည့် ထိုဦးလေးကြီးကို ရှောင်းကျန့်က နေ့တိုင်းနှစ်ဘူးဝယ်ဝယ်ယူနေ၍ အိမ်ရှေ့က အဒေါ်ကြီးမှ တအံ့တဩကြည့်ခြင်းဖြစ်သည်။
နွားနို့မသောက်ရမနေနိုင်ဖြစ်သည့်အပြင် ကြိုသောက်ရသည်ကိုသာကြိုက်သော ရှောင်းကျန့်နှင့် အိမ်ဝင်ငွေရှိသေးသော နွားနို့သည်ဦးလေးကြီးတို့မှာ ချောချောမွေ့မွေ့အဆင်ပြေသည်မဟုတ်သော်လည်း အပြန်အလှန်ကူညီသလိုပေါ့ ဟုပင် ရှောင်းကျန့်သတ်မှတ်လိုက်သည်။
YOU ARE READING
肖老师 (Xiao Laoshi) •Complete•