အပိုင်း-၇
"ကလင်! ကလင်! ကလင်!"
"ကလင်! ကလင်! ကလင်!"
စက်ဘီးဘဲလ်ကို ဆက်တိုက်တီးနေတာကြောင့် ရှောင်းကျန့် ထမင်းဘူးကိုအမြန်ထုပ်ကာ အိမ်ရှေ့ကို ပြေးလာရသည်။ တံခါးဖွင့်လိုက်သည်နှင့် ခြံပြင်မှာ စီးကြိုနေသော စက်ဘီးအနက်လေးတစ်စီး။ ထို့နောက် စက်ဘီး နင်းသူနေရာတွင် ထိုင်နေသော ခပ်တည်တည်မျက်နှာနှင့် ကောင်လေး။ လက်ကိုလည်း ဘဲလ်ကို အဆက်မပြတ် ဆက်၍တီးနေသေးသည်။
"ဝမ်ရိပေါ်! ထွက်လာမှာပေါ့ မင်းဘာလို့ တအားတီးနေတာလဲ"
"လက်ကအကျင့်ပါနေလို့!"
"အ့!"
ထမင်းဘူးနဲ့ ခပ်ဖွဖွအထုခံလိုက်ရသည့် ဝမ်ရိပေါ်က ဆူပုတ်ပုတ်နှင့် ဆရာရှောင်းကျန့်ကိုကြည့်လိုက်သည်။ ဝမ်ရိပေါ်နှင့် ရှောင်းကျန့် အနေနည်းနည်းနီးလာတော့ ရှောင်းကျန့်ဆီကနေ ပိုလို့ရလာတာက ခေါင်းကို ခေါက်သံများနှင့် ဆူပူမာန်မဲသောအသံများပဲဖြစ်သည်။
"တက်လေ..ဆရာ့ကိုစောင့်နေရတာ"
"မင်းဆရာကို မင်းက မစောင့်ချင်ဘူးလား"
ဝမ်ရိပေါ် အရှေ့ခြင်းထဲ ထမင်းဘူးကိုထည့်လို့ သက်ပြင်းတိုးတိုးချလိုက်သည်။ ဒါကိုကြားသည့် ရှောင်းကျန့်က မျက်လုံးလေးပင့်ကြည့်တော့ ဝမ်ရိပေါ် "တက်"ဟူသည့် အမူအရာကိုပဲပြလိုက်သည်။
"ဝမ်ရိပေါ်"
"ဗျ"
"သက်ပြင်းအရမ်းချရင် အသက်တိုတတ်တယ်တဲ့ ငယ်ငယ်လေးဖြစ်ပြီး ဘာတွေတွေးပူစရာများနေလဲ"
ဆရာရှောင်းကျန့်ကို ဘာမှပြန်မပြောတော့ပဲ စက်ဘီးကိုသာ မနှေးမမြန်စတင်နင်းလိုက်တော့သည်။ ခါးတစ်ဝိုက်ကို သွယ်ယှက်ထားသော လက်သွယ်သွယ်တို့က နွေးနေသော်လည်း ဝမ်ရိပေါ်ရင်ကတော့ အဆမတန်ခုန်ကာ သွေးတွေပြောင်းပြန်စီးဆင်းနေသည်ဟုပင် ထင်ရသည်။
ရှောင်းကျန့်နှင့် ဝမ်ရိပေါ်သည် အပေးအယူစလုပ်ပြီးကတည်းက သံယောဇဉ်ပိုတွယ်လာသည်။ အခုဆို...ရှောင်းကျန့်သည် မလိုင်များပြည့်လျှံလုနီးပါး နွားနို့ကို နေ့စဉ်သောက်နေရပြီဖြစ်သလို ဟင်းစားဖိုးလည်း ပိုလို့ ချွေတာနိုင်သည်။ ဝမ်ရိပေါ်က သူ့အတွက် ထမင်းဖိုးကို ပေးမည်ဟု ပြောသော်လည်း ရှောင်းကျန့်က မယူချေ။ ဒီကျောင်းသားလေးဆီက ယူရလောက်အောင်ထိ သူဆင်းရဲမနေဘူးလေ။
CZYTASZ
肖老师 (Xiao Laoshi) •Complete•