အပိုင်း - ၁၀.၁
"ဆရာရှောင်း!"
"ဆရာရှောင်း! ခဏလောက် ရပ်ပါအုံးဗျ"
သူ့အနောက်ကနေပြေးလိုက်လာတဲ့ ကောင်လေးကို လှည့်ကြည့်ပြီး ထိုနေရာမှာတင် သူရပ်နေလိုက်သည်။ ထိုကျောင်းသားလေးကို သူမှတ်မိပါသည်။ နားနေခန်းထဲသို့ စာခဏခဏ လာမေးတတ်သည့် ဒုတိယနှစ်ကျောင်းသားလေး ကျိုးမင်ကျီ။
"မင်ကျီ ဖြေးဖြေးလာပါ ဆရာစောင့်နေပါတယ်ကွ"
ရှောင်းကျန့် ပြုံးကာပြောလိုက်တော့ ကျောင်းသားလေးက မောနေသည့်ကြားက ပြုံးပြလာသေးသည်။ ထို့နောက်...သူ့ကို စိုက်ကြည့်ကာ တစ်ခုခုကို ပြောချင်နေသည့်ဟန်ပင်။
"ဘာပြောစရာရှိလို့လဲ မင်ကျီ"
"ဟို..ဟို.."
"ဘာ တဟို ဟို ဖြစ်နေတာတုန်း"
"ကျွန်တော် ဆရာ့ကိုချစ်တယ်!"
မျက်လုံးကို မှိတ်ပြီး စက္ကူဘူးလေးတစ်ခုကို သူ့လက်ထဲထိုးပေးလာသော မင်ကျီ။ သူကြောင်အအနှင့်သာရပ်နေမိလိုက်တော့သည်။ ဒါဟာ ဘဝမှာ ဒုတိယအကြိမ်မြောက် ကောင်လေးတစ်ယောက်ဆီထံမှ ဖွင့်ပြောခံရခြင်းဖြစ်သည်။
"မင်ကျီ.. ဆရာက.."
"ဆရာ အလောတကြီး စဉ်းစားစရာမလိုပါဘူး ဖြေးဖြေးချင်း စဉ်းစားပါ ကျွန်တော်စောင့်နိုင်ပါတယ်"
"မဟုတ်..."
"မင်းကို စဉ်းစားမပေးနိုင်တာက မင်းရဲ့ ဆရာရှောင်းကျန့်မှာ ဝမ်ရိပေါ်ဆိုတဲ့ ငါရှိနေလို့ပဲ"
ခပ်ဩဩအသံနှင့်အတူ သူ့လက်မောင်းတစ်ဝိုက်ကနေ သိမ်းကြုံးဖက်လိုက်တဲ့ ဝမ်ရိပေါ်။ အရှေ့က ကျိုးမင်ကျီကို "You can Get Out" ဆိုသည့်အကြည့်မျိုးနှင့်ကြည့်နေသော ဝမ်ရိပေါ်ကို ရှောင်းကျန့်က တစ်လှည့်ပြန်ကြည့်လို့ တိတ်တိတ်ကလေး ခိုးပြုံးမိသည်။
"တောင်း..တောင်းပန်ပါတယ်"
ကသုတ်ကရုတ်ကလေး ထွက်ပြေးသွားသည့် ကျိုးမင်ကျီကို ကြည့်လို့ အနည်းငယ်တော့ သနားစိတ်ဝင်မိသည်။ ဝမ်ရိပေါ်က အတင်းပင် သူ့ကိုသိမ်းကြုံးဖက်လို့ ကျောင်းရှေ့ကို ခေါ်သွားတော့သည်။
BINABASA MO ANG
肖老师 (Xiao Laoshi) •Complete•