4

4.2K 586 16
                                    

အပိုင်း-၄

ရှောင်းကျန့် ပုံမှန်အချိန်တိုင်းပဲနိုးလို့ ပုံမှန်အတိုင်းပဲ နွားနို့သည်ဦးလေးကြီးထံမှ နွားနို့ဝယ်နေခြင်းဖြစ်သည်။ ဘေးခြံက အရင်ကလူမရှိဘူးလို့ ထင်ခဲ့ရသည်အထိ တိတ်ဆိတ်နေဖူးသည်။ မီးအလင်းခပ်ပျပျရပေမဲ့ စကားပြောသံ၊ ချက်သံ၊ပြုတ်သံမကြားရတော့ ညဘက်ပဲ လာအိပ်တတ်တဲ့ လုပ်ငန်းခွင် ရှောင်းကျန့်နှင့် ရွယ်တူ လောက်လို့ ထင်ခဲ့ဖူးသည်။ အခုတော့ ရှောင်းကျန့်ရဲ့ အိမ်နီးချင်းက ကျောင်းက ကျောင်းသားလေး ဝမ်ရိပေါ် တဲ့လေ။

"လူလေး ပိုထည့်ပေးလိုက်တယ်နော်"

ဦးလေးကြီးသည် ပြောနေကျစကားကိုပြောလို့ စက်ဘီးလေးကို ထောက်ဖြုတ်ကာ ဆက်၍နင်းသွားပြီဖြစ်သည်။ ရှောင်းကျန့်လည်း ငုတ်တုတ်ကလေးထိုင်နေရာမှ နို့ပုလင်းနှစ်ဘူးကို ယူကာ ထတော့မည်အလုပ်~

"ဆရာ.. ဘာလို့ အဲ့လူဆီကဝယ်နေတာလဲ"

လေသံခပ်တိုးတိုးပေမဲ့ ခြံအနီးအနားကို လာပြောတာကြောင့် ရှောင်းကျန့်လန့်၍ ကျောတောင်တွန့်သွားမိသည်ထင်။ ရှောင်းကျန့်ထပြီး မတ်တပ်ရပ်ကာ ကောင်လေးဘက်လှည့်လိုက်တော့ စူပုတ်ပုတ်မျက်နှာက တန်းခနဲ။ မနက်မိုးလင်းကတည်းက ဆူပုတ်နေရင် တစ်နေ့လုံး ကံမကောင်းတတ်ဘူး လို့ ရှောင်းကျန့်အဘွား ပြောခဲ့ဖူးတဲ့‌စကားကြောင့် ကောင်လေးရဲ့ မျက်မှောင်တွေကို လက်နှင့်ပင်ဆွဲလို့ ဖြေပေးချင်စိတ်ပေါက်သွားသည်။

"ကိုယ်က အဲ့မှာမဝယ်လို့ ဘယ်မှာမှ ဆိုင်မရှိတာ"

"ကျစ်!"

အသံထွက်လို့ မကျေနပ်ဟန်လေးပြုတော့ ရှောင်းကျန့် ကောင်လေးကို ရုပ်တည်လေးနှင့် ပြန်ကြည့်လိုက်သည်။ နောက်တော့ ပါးချိုင့်ရေးရေးပေါ်အောင် ပြုံးပြလိုက်သည်ထင်။ ကောင်လေးကတော့ ဘာမှမပြောပဲ သူ့ကိုကျောပေးကာ အိမ်ထဲဝင်သွားချေပြီ။

ဒီကောင်လေး ဆရာကို မရိုမသေနဲ့!
မိုးနတ်မင်းက ဒဏ်ခံအုံးမယ် မင်းကို...

ရှောင်းကျန့် အိမ်ထဲကိုမဝင်သေးပဲ နွားနို့နှစ်ဘူးကို အပေါက်ဝတွင်ချကာ ဟိုးတစ်နေ့က‌မှ ဆရာ‌ဖန်း မျိုးစေ့ပေးလိုက်သော ပန်းပင်လေးက အညွှန့်တလူလူတက်လာပြီမို့ ရေလောင်းဖို့ပြင်ဆင်လိုက်သည်။

肖老师 (Xiao Laoshi) •Complete•Donde viven las historias. Descúbrelo ahora