9.2

3.4K 487 4
                                    

အပိုင်း- ၉.၂

"ဆရာပြီးပြီလား"

"လိုက်မပို့ပါနဲ့တော့ ရိပေါ်..ကိုယ် ဘတ်စ်ကားစီးသွားလည်းရပါတယ် မင်းအလုပ်.."

"စကားသိပ်‌များလာတယ်နော် ဆရာရှောင်းကျန့်ကလေ.."

ဝမ်ရိပေါ် ထိုသို့ ပြောတော့ ‌ရှောင်းကျန့်က ဝမ်ရိပေါ် လက်မောင်းကို တစ်ချက်ထိုးလိုက်ပြီး "အသက်ကြီးလာပြီလေ" တဲ့။

"ကျွန်တော့်မျက်လုံးထဲမှာတော့ ဆရာက ကျွန်တော် အားရပါးရချစ်ရမယ့် ယုန်ကလေး"

ခပ်တိုးတိုးပြောလိုက်သော စကားသံကို အရှေ့က ထွက်သွားနှင့်ပြီဖြစ်သော ဆရာရှောင်းကျန့်က သေချာပေါက် မကြားလိုက်ပါ။ ဝမ်ရိပေါ် စက်ဘီးသော့ကလေးကို ဝှေ့ရမ်းရင်း ဆရာ့လက်ကို ဆွဲလို့ စက်ဘီးအနားကို လျှောက်သွားလိုက်သည်။

"အမြဲတမ်းလိုက်ပို့မှာမို့ အခုတစ်ခေါက်ငြင်းတာ နောက်ဆုံးလို့ ကျွန်တော်သတ်မှတ်လိုက်မယ်" တဲ့။

ဝမ်ရိပေါ်က သူလုပ်ချင်တာကို ဇွတ်တရွတ် လုပ်တတ်တဲ့အမူအကျင့်ဟာ အခုထိမပျောက်သေးပေ။ ဝမ်ရိပေါ် စထွက်ကတည်းက အရှိန်ပြင်းပြင်းနဲ့ စက်ဘီးလေးကို နင်းလိုက်တာနဲ့ ဆရာရှောင်းကျန့် လက်တွေက သူ့ခါးဆီကို အလိုလိုရောက်လာလေသည်။

နှုတ်ခမ်းတစ်ဖက်ကို အလိုကျစွာ ပြုံးလိုက်ရင်း...
စိတ်ထဲကနေ အကျယ်ကြီး အော်ပြောပစ်လိုက်သည်။

ဆရာရှောင်းကျန့်ကို အရမ်းချစ်လွန်းလို့ ဘယ်လိုများ လုပ်ရပါ့မလဲ !!!
.......
ဝမ်ရိပေါ် ကအခုဆိုရင် အချိန်ပိုင်း အလုပ်တစ်ခုလုပ်ပြီး ကိုယ်ပိုင်ဝင်ငွေဆိုတာကို ဖန်တီးတတ်နေပြီ။ ဆရာရှောင်းကျန့် အိမ်မှာ မနေတော့ပဲ ခဏလောက် သူ့အိမ်သူပြန်နေပေမဲ့ ထမင်းကတော့ ‌ဆရာရှောင်းကျန့် အိမ်မှာပဲ သွားစားမြဲဖြစ်သည်။

သူ့အိမ်မှာနေတယ် ဆိုတာအလကား။ ညဘက် ကျောချပြီး အိပ်တဲ့အချိန်လေးပဲ။ ကျန်တဲ့အချိန်တွေတော်တော်များများက အချိန်ပိုင်းအလုပ်နဲ့ ဆရာရှောင်းကျန့် အိမ်မှာသာ ရှိနေတတ်သည်။

ဆရာရှောင်းကျန့်က အခုဆို ဝမ်ရိပေါ် စာမေးပွဲအ‌ဖြေလွှာတွေကို စစ်ရတဲ့ စာစစ်ဌာနထဲက ဆရာတစ်ယောက်ဖြစ်တာကြောင့် ဆရာရှောင်းကျန့်ရဲ့ အကြိုအပို့ကို တာဝန်ယူထားတဲ့ သူကတော့ ဝမ်ရိပေါ်ပဲဖြစ်သည်။ အရမ်းမဝေးတဲ့ နေရာမို့ ဝမ်ရိပေါ်ရဲ့စက်ဘီးအနက်ကလေးနဲ့ပဲ လိုက်ပို့ဖြစ်သည်။

肖老师 (Xiao Laoshi) •Complete•Donde viven las historias. Descúbrelo ahora