8

3.6K 498 9
                                    

အပိုင်း-၈

ရက်တွေကို လစားလို့၊ လတွေကို နှစ်စား ဆိုတဲ့စကားနဲ့အညီပဲ အချိန်တွေက အင်မတန်အကုန်မြန်သည်။ အချို့သောကိစ္စတွေမှာ မနေ့တစ်နေ့ကလို ထင်မှတ်နေပေမဲ့‌ တစ်လ၊နှစ်လလောက် ကြာနေပြီဆိုတာမျိုးလည်း ရှိတတ်တယ်မလား။ အဲ့လိုပဲ... ဝမ်ရိပေါ်ကလည်း သူ့ဆရာရှောင်းကျန့်နဲ့ ရင်းနှီးမှုက မနေ့တစ်နေ့ကလိုပဲ သစ်လွင်မြဲဖြစ်နေဆဲ။

မနက်တိုင်းမှာ  စက်ဘီးအနက်လေးပေါ်မှာ စကားပြောသံအချို့ကိုကြားရသလို အရှေ့ခြင်းလေးက ထမင်းဘူးနှစ်ဘူးကလည်း ဂလုံဆန်အောင် လှုပ်ခါနေတတ်သည်။ အဲ့လိုတွေလှုပ်ခါတိုင်း ဟင်းအနှစ်တွေကျတဲ့အခါ ဝမ်ရိ‌ပေါ် ‌ခေါင်းကိုခေါက်လို့ ဆရာက အပြစ်ပေးမြဲ။ သူများတွေရှေ့ မလုပ်ပြဖူးတဲ့ ရှေ့သွားလေးနှစ်ချောင်းကို ခေါထုတ်လို့ ‌ဒေါသထွက်ပြမြဲပင်။

ဒါပေမယ့်လည်း... ဝမ်ရိပေါ်အတွက်က ဆရာရှောင်းကျန့်ဖြစ်သ၍ ရိုးအီသွားမှာမဟုတ်ဘူး။ အမြဲလိုလို အချိန်တိုင်းလိုလို သစ်လွင်နေမှာ...။

"ဝမ်ရိပေါ်... နင်းလေ မင်းဘာလုပ်နေတာလဲ"

ငြိမ်နေသည့်ဝမ်ရိပေါ်ကို ပုခုံးကိုခပ်စစပုတ်လို့ ပြောတော့မှ "ခါးကိုသေချာကိုင်ထား" ဆိုသည့် စကားလေးထွက်လာသည်။ နောက်တော့...စက်ဘီးလေးက လမ်းချိုးလေးအတိုင်း ကွေ့လို့ ထွက်လာတော့သည်။

"ရိပေါ်..."

လှည့်မကြည့်စတမ်း ဆက်နင်းလာခဲ့သည့် ဝမ်ရိပေါ်ကို တစ်ချက်ကြည့်လို့ အနောက်မှာကျန်ရစ်ခဲ့သည့် ကောင်မလေးကို ပြုံးပြလိုက်မိသည်။ သေချာပေါက် အားနာပြုံးပေါ့!

ကောင်မလေးအနားကို နောက်ထပ်အခြားကောင်မလေးနှစ်ယောက်ရောက်လာပြီး တစ်ခုခုပြောကာ ဆွဲခေါ်သွားသည်ကိုလည်း ရှောင်းကျန့်မြင်လိုက်ပါသေးသည်။ ဝမ်ရိပေါ်က တကယ့်ကို လူချောလေးပဲ! မိန်းကလေးကျောင်းမှာ သေချာပေါက် ရေပန်းစားမှာ!

အနည်းငယ်အလှမ်းဝေးသွားသည့် ကောင်မလေးကို မကြည့်တော့ပဲ ဝမ်ရိပေါ် ပုခုံးကိုဆက်ခနဲပုတ်လို့ ရှောင်းကျန့် ခေါ်လိုက်သည်။

肖老师 (Xiao Laoshi) •Complete•Hikayelerin yaşadığı yer. Şimdi keşfedin