3

4.4K 582 2
                                    

အပိုင်း-၃

"ဝမ်ရိပေါ်!"

ခုံပေါ် တောက်ကနဲ မြည်အောင်ကျသွားတဲ့ မြေဖြူခဲလေးကို ဝမ်ရိပေါ်ကြည့်ပြီး ခေါ်လာတဲ့စိတ်တိုနေတဲ့ဆရာ့ဆီကို အကြည့်ပို့လိုက်သည်။ အကြည့်ပို့လိုက်တာနဲ့တစ်ပြိုင်နက်ပဲ ဝမ်ရိပေါ် အလိုက်သိစွာဖြင့် မတ်တပ်ရပ်လိုက်သည်။

"မင်းအပြစ်လုပ်ထားတာ မင်းသိတယ်မလား"

"ဟုတ်ကဲ့"

"ညနေကျရင် မင်းတို့အသင်းသန့်ရှင်းရေးရှိတယ် မင်းအခန်းကိုပါမက ဆရာများနားနေခန်းကိုပါ သန့်ရှင်းရေးလုပ်"

"ဟုတ်ကဲ့"

ဝမ်ရိပေါ် ပြန်ထိုင်ပြီး စာအုပ်ကိုအကြည့်ပို့ကာ ဆရာစာရှင်းသည်များကို အာရုံစိုက်လိုက်သည်။ ဒီဆရာ..တရုတ်ဘာသာသင်တဲ့ဆရာသည် သူ့အချိန်တွင် ဟိုငေး၊ဒီငေးသည်ကိုမကြိုက်။ အတွေးထဲဝင်လာသည် လက်တစ်စုံ‌ကြောင့် ဝမ်ရိပေါ် ငိုင်သွားမိရာ ချက်ချင်းပင် အပြစ်ပေးခံရတော့သည်။

မကောင်းလိုက်တဲ့လက်ပိုင်ရှင်!
.
.
.
.
"ရိပေါ်..မင်း ဒီနေ့ဘာတွေတွေးနေတာလဲ"

"ဘာကိုလဲ"

"အမယ်..သူကပဲတစ်ပြန်ကြီး မင်းကိုဆရာ မ‌တွေ့ခင်ကတည်းက အ‌နောက်ကနေ ကျောကိုပေတံနဲ့ ထောက်ခေါ်နေတာ မင်းမကြားဘူးမလား ယီးကောင်ရ"

"မကြားဘူးလေ..မကြားလို့ အပြစ်ခံရပြီပေါ့! မင်းတို့လည်း ငါနဲ့အတူတူသန့်ရှင်းရေးလုပ်"

"ဆောတီးပဲ ဖေ့သား"

ထမင်းတစ်လုပ်ကို ပါးစပ်ထဲထိုးသွင်းလို့ တစ်ညီတည်းပြောလာတဲ့ ဟောက်ရွှမ်းနဲ့ ကျိုးရှီးကို ခပ်တိုးတိုးလေးဆဲပေးလိုက်သည်။ ဘာသူငယ်ချင်းကောင်းလဲ? ခွေးကောင်တွေ!

ဝမ်ရိပေါ်  မနက်ကတည်းက အပြစ်ပေးခံရလို့ အနည်းငယ်စိတ်မကြည်မသာဖြစ်နေမှုက သင်္ချာဆရာ အစည်းအဝေးမရှိလို့ အတန်းမဝင်နိုင်ဘူးဆိုသည့် စကားမှာ ရာခိုင်နှုန်းအနည်းငယ်ပိုလာသည်။ ဘာအကြောင်းရယ်မသိ။ လာစသည့် ဟောက်ရွှမ်းတို့ကိုတောင် စကားပြန်မပြောပဲ မှောက်သာ အိပ်နေလိုက်တော့သည်။

肖老师 (Xiao Laoshi) •Complete•Where stories live. Discover now