အပိုင်း-၅
"ရာသီဥတုကလည်း အေးစိမ့်စိမ့်နဲ့ အုပ်မှိုင်းနေလိုက်တာ ဆရာရှောင်း အနွေးထည်တောင် ဝတ်မလာဘူးလား"
ဆရာရွှီရဲ့ စကားကို ရှောင်းကျန့်ရယ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ မိုးလေဝသသတင်း မကြည့်သည့် ရှောင်းကျန့်က မေ့ပြီး အနွေးထည်မယူလာခြင်းဖြစ်သည်။ အေးစိမ့်စိမ့်ဆိုပေမဲ့ အရမ်းကြီးမအေးတာကြောင့် ကျောင်းဝတ်စုံအပေါ်ကုတ်ကိုသာ ဆွဲစိလိုက်သည်။ ရှောင်းကျန့်အချမ်းကြိုက်သည်ဆိုသော်လည်း အရင်လို လူငယ်ကလေးတစ်ယောက်မဟုတ်တော့ဘူးလေ။
မိုးအုံ့နေတဲ့ ရာသီဥတုသည် စာမလုပ်ချင်သည့် ကျောင်းသားတွေအတွက် အကြောင်းပြချက်ဖြစ်သည်။ မိုးအုံ့လို့အေးပြီး စာမလုပ်ချင်ဘူးပေါ့။ အကြောင်းပြချက်ကောင်းကောင်းပေမဲ့လည်း ဘယ်တုန်းကမှ အနားမရခဲ့ပါ။
အရင်တုန်းကဆို သင်္ချာဆရာပင်စည်ယူသွားလို့ လွတ်သည့်အချိန်တွေ ဟေလား၊ ဟားလား လုပ်ခဲ့ပေမဲ့ အခုတွင်တော့ ထိုအချိန်မှာပါ စာသင်နေရပြီဖြစ်သည်။ဝမ်ရိပေါ် နှာခေါင်းတရှုံ့ရှုံ့နှင့် အတန်းထဲဝင်လာသည်။ ဟောက်ရွှမ်းက အနားရောက်လာကာ အအေးတိုက်သည်ကိုပင် မသောက်ပဲ ထိုင်ခုံဆီကိုသာသွားလိုက်သည်။ ဒီလောက်အေးနေရတဲ့အထဲ အအေးတောင်ထပ်သောက်လိုက်သေး!
"ရိပေါ်... စားပါအုံး"
လက်တို့ကာလာကျွေးသည့် ကျိုးရှီးကိုကြည့်လိုက်တော့ လက်ထဲမယ် ရေခဲမုန့်ခွက်ကလေး။ ဝမ်ရိပေါ် နှစ်ကောင်လုံးကို အထူးအဆန်းသတ္တဝါတစ်ကောင်လိုကြည့်လိုက်သည်။ ဒီလောက်အေးလို့ အနွေးထည်တောင်ဝတ်လာရတဲ့နေ့မှာမှ ရေခဲမုန့်တွေ၊ အအေးတွေနှင့်။
"မင်းတို့ မနက်စောစောကရူးများနေလား"
"အေးတဲ့ရာသီဥတုမှာ အအေးအစားအစာတွေကို စားရတာ တကယ်မိုက်တာ မင်းမှမသိပဲ"
ဝမ်ရိပေါ် ဘာမှမပြောတော့ပဲ အရှေ့သို့သာပြန်လှည့်လိုက်သည်။ဟောက်ရွှမ်းကတော့ အရှေ့ဆုံးတန်းမှာ စာကုန်းလုပ်နေတဲ့ စုန်ကျိရန်ဆီကို အအေးသွားတိုက်နေသည်။ ကျိုးရှီးကတော့ တွေ့သမျှလူတကာ ရေခဲမုန့် စားအုံးမလား လိုက်မေးလေရဲ့။ ဝမ်ရိပေါ် ဒီအရူးနှစ်ကောင်နဲ့ ဘယ်လိုများ ငယ်ပေါင်းဖြစ်လာသလဲမသိဘူး။
![](https://img.wattpad.com/cover/268493025-288-k77678.jpg)
VOUS LISEZ
肖老师 (Xiao Laoshi) •Complete•