အပိုင်း- ၁၀
"ဟေ့ ဝမ်ကြီး"
"ဘာတုန်းကွာ"
ဘူပိတ်နေတဲ့ရုပ်ကြီးနဲ့ ပြန်ထူးလာတဲ့ ဝမ်ရိပေါ်ကြောင့် ဟောက်ရွှမ်း သူ့ကုတင်ပေါ်ကို ခြေထောက်လေးဖြတ်ခနဲ လှမ်းတင်လိုက်သည်။ တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ အပေါ်ထပ်ကုတင်နှစ်ခုက ကျိရန်နဲ့ ကျိုးရှီးကလည်း ဝမ်ရိပေါ်ကို ငုံ့ကြည့်နေကြသည်။
"မင်းတို့ ဘာကြည့်နေကြတာလဲ"
"မင်းကရော ဘာဖြစ်နေတာလဲ"
သုံးယောက်လုံးပြိုင်တူမေးလာတဲ့အခါ ဝမ်ရိပေါ်က စိတ်ရှုပ်သလို ခေါင်းကိုကုတ်ပြီး အပြစ်မဲ့တဲ့ ခေါင်းအုံးလေးကိုသာ သုံးချက်၊ လေးချက် ဆင့်ထိုးလိုက်သည်။
ဆရာရှောင်းကျန့်က မမိုက်ဘူးဗျာ!
"ဆရာရှောင်းကျန့်က မိုက်ပါတယ်ကွ အရပ်ကလည်းရှည်၊ ရုပ်ကလည်းချော မိန်းကလေးတွေရဲ့ အိပ်မက်မင်းသားပဲကို"
စိတ်ထဲက ပြောလိုက်သည့် စကားကို လွှတ်ခနဲ ပါးစပ်က ထွက်သွားတော့ ကျိရန်က ထိုသို့မှတ်ချက်ပေးလာ၏။ ကျန်နှစ်ယောက်ကလည်း ခေါင်းတစ်ငြိမ့်ငြိမ့်ဖြစ် ဟုတ်နေသည်။
ချီး! ချီးကို ချော! ချီးကို အိပ်မက်မင်းသား!
"ဝမ်ရိပေါ် မင်းသိပြီးပြီလား ဟိုးတစ်နေ့က ဆရာရှောင်းကျန့်ကို မိန်းကလေးတစ်ယောက်နဲ့ငါတွေ့လိုက်တယ် သူ့ကောင်မလေးထင်ပါရဲ့"
ကျိုးရှီးက ဒီတိုင်းပြောလိုက်သော်ငြား ဝမ်ရိပေါ်ရဲ့ ရင်ထဲက အပူမီးမှာ တစ်စတစ်စပို၍ လောင်မြိုက်လာလေသည်။ ကျိုးရှီးကို ခေါင်းထုတ်ကာ မော့ကြည့်လိုက်တော့ "ငါအတည်ပြောတာ" ဆိုသည့် စာတန်းကြီးက ခေါင်းပေါ်မှာ ရောက်နေသလိုပင်။
"ဘယ်မှာတွေ့ခဲ့တာလဲ"
"အမ်း မြို့ထဲက ချုံဖေးလမ်း ကော်ဖီဆိုင်နားမှာ ပန်းချီပြခန်းနဲ့ နီးတဲ့ ကော်ဖီဆိုင်လေ"
ဝမ်ရိပေါ် ဇက်ခနဲထတော့ ငြိမ်နေတဲ့ ဟောက်ရွှမ်းက
"ဘော! လန့်လိုက်တာဟ! ဘယ်သွားအုံးမလို့လဲ"
YOU ARE READING
肖老师 (Xiao Laoshi) •Complete•