အပိုင်း- ၉.၁
"အဖျားကတော့ ကျသွားပါပြီ ဆေးပတ်လည်အောင်တော့ သောက်ပေးရမယ်"
"ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်"
ရှောင်းကျန့် ဆရာမှာကြားတာတွေကို မှတ်ပြီး လူနာကုတင်ပေါ်မှာ ငုတ်တုတ်ကလေးထိုင်နေတဲ့ ဖြူဖက်ဖြူရော်နဲ့ ကောင်လေးကို ကြည့်လိုက်သည်။ နောက်တော့.. သက်ပြင်းချပြီး ဆေးထုပ်တွေကိုယူကာ ထိုကောင်လေးကို သွားတွဲတော့ ကောင်လေးက ပြုံးတယ် ဆိုရုံလေး ပြုံးပြပြန်သည်။
နောက်..
"ကျေးဇူးတင်ပါတယ် ဆရာ" တဲ့။
ဒီကောင်လေးက သူစိမ်းဆန်တဲ့ စကားတွေသိပ်ပြောတတ်သည်။ အမှန်ဆို ကျေးဇူးတင်တယ် ဆိုတဲ့စကားအစား အခြားစကားတစ်ခွန်းကို သုံးသင့်တာမဟုတ်ဘူးလား။
....
"ဝမ်..ဆန်ပြုတ်သောက်ရမယ်""မသောက်ချင်ဘူး"
"မသောက်ချင်လို့ မရဘူး အစာအမာတွေ လက်ခံလို့မရသေးဘူး။ အစာအပျော့ပဲ စားရမယ်လို့ ဆရာဝန် မှာထားတယ်လေ"
"ဒါပေမဲ့..."
"ဖျားနေတာတောင် ဂျစ်မတိုက်ပါနဲ့လားကွာ.."
ဒီလိုပြောတော့ ဝမ်ရိပေါ်မျက်နှာလေးက ညှိုးကျလို့ တစ်ဖက်ကို မျက်နှာလှည့်သွားသည်။ နောက်တော့.. ခပ်တိုးတိုးအသံနဲ့ရယ်...။
"ကျွန်တော်က ဒုက္ခတွေပေးမိပြန်ပြီ" တဲ့။
ကိုယ့်ပါးစပ်ကိုယ်သာ ရိုက်ချင်တဲ့အဖြစ်က ရှောင်းကျန့်စိတ်ထဲ တိုးဝင်လာသည်။ အတန်ကြာတိတ်ဆိတ်နေပြီးမှ မျက်နှာလှည့်သွားသည့် ကောင်လေးရဲ့ ဦးတည်ရာကို သူ့ခန္ဓာကိုယ်နဲ့ ကွယ်ထိုင်လို့ မျက်လုံးချင်းဆုံကြည့်လိုက်သည်။
ဖျားနေရင်တောင်မှ စူးရှတဲ့မျက်ဝန်းတွေရဲ့ ဂုဏ်သတ္တိဟာ မှေးမှိန်မသွားပေ။ ရှောင်းကျန့် သွားနှစ်ချောင်းပေါ်အောင် ပြုံးပြလို့...
"ကိုယ်ခွံ့တိုက်မယ်လေ..မင်းသောက်မယ်မလား.."
တအင်းအင်းနဲ့ ခေါင်းငြိမ့်လိုက်တဲ့ကောင်လေးကတော့ အရှေ့ကလူကို ကြောင်အစွာကြည့်နေရင်း ဦးနှောက်ထဲမှာ အချက်ပေးသံတွေမြည်ကုန်ပြီဖြစ်သည်။
YOU ARE READING
肖老师 (Xiao Laoshi) •Complete•