အပိုင်း-၉
"ဝမ်.. မင်း စာလုပ်စမ်းပါကွာ အရမ်းအိပ်ချင်နေပြီလား ဟမ်.. တစ်ပုဒ်လေးပဲကျန်တော့တာကိုလေ"
နားနားကပ်လို့ ခပ်တိုးတိုးပြောနေတဲ့ အသံပိုင်ရှင်ကို စားပွဲခုံပေါ်မှာ ပါးလေးကပ်ရင်း ကျောထားတဲ့ဝမ်ရိပေါ် ဇက်ခနဲ လှည့်ကြည့်တော့ တကယ့်နီးနီးလေးမှ နီးနီးလေး။ ဝမ်ရိပေါ် ဒိန်းခနဲဆောင့်တက်သွားတဲ့ ရင်ခုန်သံပိစိကို ကြားလိုက်ရသည်။ နှလုံးခုန်သံတွေဟာ မြန်လို့ အရှေ့က ဆရာရဲ့မျက်လုံးလေးကလည်းပြူးကျယ်လာသည်။
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
အချိန်အားဖြင့် သုံးစက္ကန့်သာကြာလိုက်ပေမဲ့ ဝမ်ရိပေါ်အတွက်တော့ သုံးနှစ်၊သုံးမိုးလောက် ကြာလိုက်သလိုပဲ။ ဆရာရှောင်းကျန့်ရဲ့ မျက်လုံးလေးတွေထဲမှာ ပြန်မြင်နေရတဲ့ သူ့ပုံရိပ်ကလေးက ညိုစိမ့်စိမ့်လေး။ ကြည်တောက်တောက်မျက်ဝန်းတွေက တစ်နှစ်ပတ်လုံး ထိုင်ငေးချင်စရာပါပဲ။
ဒီဆရာဟာ အနေနီးလေ...ပိုလိုချင်စိတ်ဖြစ်လာစေတဲ့ သက်ရှိနာမ်လေးတစ်ခု။ ဘုရားသခင် ထုဆစ်တုန်းက တော်တော်အချိန်ယူခဲ့ရမယ့် လူသားလေး။
"အဟမ်းး ဝမ်... မင်းခေါ်ဆိုတဲ့နာမည်ကို ငါခေါ်ပေးတယ်နော် မနက်ဖြန်စာမေးပွဲတော့ရအောင် ဖြေပါကွာ"
"ဆရာ ကျွန်တော် အမှတ်အများကြီးရရင် ဘာပေးမှာလဲ.."
"မင်းလိုချင်တာပေါ့"
ဆရာမှတ်ထားနော်..။
ဆရာကတိ ဆရာတည်ပါစေ..။
ကျွန်တော်က ကျွန်တော် လိုချင်တာကို ဆရာဆီက တောင်းမှာမို့...။ဒီလိုနဲ့... စာမေးပွဲမဖြေခင်တစ်ညက ပျင်းရိနေတဲ့ကောင်ဆိုးလေး ဝမ်ရိပေါ်ဟာ "မင်းလိုချင်တာ"ဆိုတဲ့ စကားတစ်ခွန်းကြောင့် နေ့ချင်းညချင်းပြောင်းလဲသွားခဲ့သတဲ့။ ဒါကိုလည်း ဆရာရှောင်းကျန့်က..
"ကလေးတွေက သိပ်ဆိုးတယ်"လို့သာ ထင်နေခဲ့ပါသည်။
.
.
.
ရှောင်းကျန့်အခန်းဟာ အရမ်းကျဉ်းတယ်လို့မဟုတ်ပေမဲ့ အရမ်းကြီးလည်းကျယ်နေတာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ လူနှစ်ယောက်တော့ ကောင်းကောင်းအိပ်လို့ရတဲ့ အနေအထားပေါ့။ ဝမ်ရိပေါ် လာနေတဲ့ နေ့ရက်တွေမှာ ရှောင်းကျန့်မွေ့ရာဘေး အိပ်ယာလိပ်ကလေးတစ်ခု ဝင်ရောက်လာတာကလွဲလို့ ရှောင်းကျန့်အတွက် ဘာမှ သိပ်ထူးခြားမသွားခဲ့ပါဘူး။
YOU ARE READING
肖老师 (Xiao Laoshi) •Complete•